Sunday, February 22, 2009
AV.Voice.Changer.Diamond.v5.5.24
AVVoiceChanger နဲ့ အသံလေးတွေ ပြောင်းနိုင်ပါတယ်...
ယောကျာင်္းလေးကနေ မိန်းကလေးအသံ.. မိန်းကလေးကနေ ယောကျာင်္းလေးအသံ ပြောင်းနိုင်ပါတယ်.... နားထောင်နေတဲ့ သီချင်းကိုလည်းပြောင်းနိုင်ပါတယ်..
အင်တာနက်မှာ စကားပြောရင်လည်းပြောင်းနိုင်ပါတယ်....စလို့နောက်လို့ အလွန်ကောင်းပါတယ်... စမ်းသုံးကြည့်ပါခင်ဗျာ....

Login skin လေးကိုမိမိစိတ်ကြိုက်လုပ်ကြည့်ရအောင်(with software)

Window XP Login Screen ကို မိမိစိတ်ကြိုက် အထက်ပါအတိုင်း ပြောင်းလဲနိုင်ပါတယ်။Tune up နဲ့လဲပြောင်းလို့ရပါတယ်..ဒါပေမယ့် Tune up မှာပုံလေးတွေကသိပ်မစုံပါဘူး.ခု Software လေးနဲ့စမ်းကြည့်လိုက်ပါ..ကဲလုပ်ကြည့်လိုက်ရအောင်.ပထမဆုံး Software လေးကို download ချရပါမယ် ။

ပြီးရင် မိမိစိတ်ကြိုက်လိုချင်သော Login Screen Design ကို www.themexp.org မှာdownload ယူနိုင်ပါတယ် ။
categories-->XP Logins မှာ download ယူပါ ။
ရရှိသော setup file ကို install လုပ်လိုက်ပါ ။
install လုပ်ရင် Extract လုပ်မဲ့နေရာကိုတောင်းပါလိမ့်မယ် ။
Extract to--> Local Disk(C)--> Windows-->Resoures-->Themes-->Yes to All
ပြီးရင် OK ပေးလိုက်ပါ ။ zip file ကိုပိတ်လို့ ရပါပြီး ။
အဲဒီနောက် စောစောက install လုပ်ထားတဲ့ Logon Loader ကိုပြန်ခေါ်ပါ။
Tasks မှာ Select a logon screen ကို နှိပ်ပါ ။
Select a Logonscreen-->LocalDisk(C)-->Windows-->
Resoures-->Themes-->မိမိ ရွေးထားသော screen design setup file-->open
အဲဒါဆို လှပတဲ့ Login Screen ကိုရပါပြီး ။
Registry ဆိုတာဘာလဲ ?
ကျွန်တော့် Guardian ကိုရုပ်ဆိုးပေးတဲ့ ဆရာဇော်လင်းရဲ့ A+ စာအုပ်ကိုဖတ်နေရင်းနဲ့ Registry အကြောင်းလေးဖတ်မိလို့တင်ပေးလိုက်တာပါ ..Registry ဆိုတာ ကွန်ပျူတာမှ ရှိတဲ့ နေရာမှန်သမျှကို သိမ်းဆည်းပေးထားတာပါ.ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င် Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။
၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၎။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA
HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။
HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။
HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့ အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။
HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အကြောင်းအရာကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့ Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values တွေကို သိမ်းထားပါတယ်။
HKEY-CURRENT-CONFIG
HKEY_CURRENT_CONFIG ဆိုတာလက်တလော CONFIG လုပ်ထားတဲ့ဟာတွေကိုသိမ်းထားတာပါ။ သူထဲမှာsoftware & systemဆိုပြီးနှစ်မျိုးရှိပါတယ်။
HKEY-DYN-DATA
သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။
(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။ အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။)
**ဆရာဇော်လင်းရဲ့ A+ စာအုပ်မှ ပြန်လည် မျှဝေပါသည်

Saturday, February 21, 2009
SIW(System Information for Windows)
ကျွန်တော့်အစ်ကိုကြီး ကိုရဲသူ(KSTU) ဆီကရထားတဲ့ Portable Software လေးပါ .ဒီ Software လေးက PC က Motherboard,BIOS,CPU,devices,memory,video,drivers,ports,printers စတဲ့ system တွေရဲ့ 
Details တွေကိုကြည့်နိုင်သလိုလက်ရှိအသုံးပြုနေတဲ့ memory,pagefile useage,network con-
Nections,network traffic,CPU useage စတာတွေကိုပါကြည့်လို့ ရပါတယ်။ Win95/98/ME/NT/2K/
XP/Vista တို့ မှာ Support လုပ်ပါတယ်.စိတ်ဝင်စားရင်တော့အောက်မှာဒေါင်းနိုင်ပါတယ်။

တကယ်လို့ softwareလေးမသုံးပဲ မိမိ PC မှာ System information တွေရဲ့ detailsတွေကို
အကြမ်းဖျင်းကြည့်မယ်ဆိုရင်တော့ Start menu-->Run(Windowkey+R)-->cmdရိုက်ပါ။Command prompt windowအနက်ရောင် Screenမှာcursorလေးမှိတ်တုတ်မှိတ်တုတ်နဲ့ တက်လာပါမယ်။တက်လာရင်cursorနေရာမှာ”systeminfo”
လို့ ရိုက်enterခေါက်။Detailsတွေတန်းစီကျလာပါလိမ့်မယ်။command promptကထွက်လို့ မရရင်”exit”
လို့ ရိုက်enterခေါက်ပြီးထွက်ပါ။ကိုရဲသူ(KSTU) အားကျေးဇူးတင်ပါသည်..

Window XP Dark Edition
Window XP Dark Edition မှာ Version (၇) ခုပါဝင်ပါတယ် ..သုံးရတာလဲအဆင်ပြေပါတယ်.
၁.Original Version (F1)
၂.SATA/RAID Driver Version (F2)
၃.All Driver (Without SATA/RAID)Version (F3)
၎.All Driver Version (F4)
၅.Full Option Version (F5)
၆.Repair Version (F6)
၇.Repair Version (SATA/RAID Driver)(F7)

Co.cc Domain Name ကို Blogger တွင်အသုံးပြုခြင်း
ကျွန်တော့် Blog Domain name ကိုပြောင်းတုန်းက ခုလိုမသိလို့တော်တော် ဒုက္ခရောက်ခဲ့တယ်ဗျ ..သူငယ်ချင်းတို့လဲ ကျွန်တော့်လို မဖြစ်အောင် ဒီပို့လေးကို တင်လိုက်တာပါ .Co.cc domain name ကို Blogger မှာသုံးမယ်ဆိုရင် အရင်ဆုံး http://www.co.cc က Free Domain မှာ account မရှိသေးရင် sign up လုပ် ရှိရင် sign in လုပ်လိုက်ပါ ..ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့ www.yourname.co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ..
ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။”setup–>Manage domain” Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ် .. ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ် ..TTL ဆိုတဲ့ နေရာမှာ 1D ကိုရွေးပါ ..Type မှာ CNAME ကိုရွေးပေးပါ .Value မှာတော့ “ghs.google.com” ကိုထည့်ပေးပါ .ပြီးရင်တော့ Setup ကိုနှိပ်လိုက်ပါ ..

CNAME လုပ်ပြီးရင် A record ကို ထပ်ထည့်ပေးမယ် ဒါမှ url မှာ www မရိုက်မိလဲ ၀င်လို့ရမှာဖြစ်ပါတယ် ..

A record ၃ခု ထည့်ပေးပြီးရင် အောက်ကပုံလေးအတိုင်းမြင်ရပါမယ်..

အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်းပဲကျန်ပါတော့တယ်.Blogger က ကိုယ့် Dashboard ကိုမရောက်သေးရင် လဲ ၀င်လိုက်ပါ
ရောက်ပြီဆိုရင်တော့
#Setting=>Publishing ကိုသွားပြီး
#အဲဒီမှာ “Switch to: • Custom Domain ကိုရွေးလိုက်ပါ..
#”Already own a domain? Switch to advanced settings” မှာclick လိုက်ပါ..
်ပေါ်လာတဲ့ အကွက်ကလေးထဲမှာ ခုဏက setup လုပ်လာတဲ့ domain ကို ရိုက်ပဲထည့်ထည့် copy/paste ပဲလုပ်လုပ် ကြိုက်သလိုသာလုပ်လိုက်ပါ..ပီးရင်တော့Save Setting ကိုနှိပ်လိုက်ပါ ..

၄၈ နာရီအတွင်း Domain အသစ်ပြောင်းပြီးဖြစ်သွားမှာပါ။ကျွန်တော့်တုန်းက တော့ ပထမ account နဲ့မရလို့နောက်ထပ်လုပ်ရပါတယ်..နောက်တစ်ခုကျတော့ ၄၈ နာရီတောင်မစောင့်ရပါဘူး ..ခနလေးနဲ့အဆင်ပြေသွားပါတယ် ..
မှတ်ချက် ။ http://mmwordpress.com မှ ပြန်လည်မျှဝေပါသည် .