Saturday, May 16, 2009

ကျွန်ုပ်တို့ ဖေဖေ နဲ့ မေမေ

အမေ

ခင်ဗျားတို့အတွက်
သာမာန်မိန်းမသားဖြစ်ပေမယ့်
သူမဟာ ကျွန်တော့် ကမ္ဘာပါ

ခင်ဗျားတို့ အတွက်
ရန်သူတစ်ယောက်ဖြစ်နိုင်ပေမယ့်
သူမဟာ ကျွန်တော့် အတွက်တော့
မဟာ ဂရုဏာရှင်ပါ

ခင်ဗျားတို့ အတွက်
အညတရ ဖြစ်နိုင်ပေမယ့်
သူမဟာ
ကျွန်တော့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ပါ

ခင်ဗျား တို့ကို သူမတွန်းလှဲ ချင်တွန်းလှဲလိမ့်မယ်
ဒါပေမယ့်
ကျွန်တော် လဲကျတာကိုတော့
ဘယ်တော့မှ သူမ လက်ခံမှာမဟုတ်ပါဘူး

ခင်ဗျားတို့ အတွက်
သာမာန်မိန်းမသား ဖြစ်နေပေမယ့်
ကျွန်တော့် အတွက်တော့
ကမ္ဘာပေါ်မှာ
တစ်ဦးတည်းသော ကိုးကွယ်ရာ
မိန်းမသား တစ်ဦးပါ။ ။

ကမ္ဘာပေါ်မှာရှိသမျှ မိဘများအားလုံး ကျန်းမာကြပါစေ ..



“ယောက်ကျားဖောင်စီး မိန်းမမီးနေ” တဲ့..
သူ့အသက်နဲ့ရင်းပြီး ဒီမြေကြီးကိုနှင်းခွင့်ရအောင်..
ငါ့ကိုမွေးထုတ်ပေးခဲ့တယ်..
ဤကျေးဇူးရှင် ငါ့အမေပါပဲ..။

“လူငယ်ဆိုတာ အမှားမကင်းကြပါဘူး” တဲ့..
သူပြောဖူးတယ် ငါမိုက်မဲစွာနဲ့အမှားများစွာလု
ပ်ပြီးချိန်ပေါ့..
အမှားလုပ်ခဲ့မိတဲ့ ငါ့ကိုအပြစ်မမြင်တဲ့..
ဤကျေးဇူးရှင် ငါ့အမေပါပဲ..။

“အမေ့အိမ်ဆိုတာ ရွှေငွေတွေ အောင်မြင်မှုတွေမပါလာလည်း..
သားသမီးတွေကို တံခါးဖွင့်ပြီးအမြဲကြိုဆိုလျှက်ပါပဲ” တဲ့..
“ငါ့သား အရာရာဆုံးရှံးသွားခဲ့ရင်လည်း..
ငါ့သားအတွက် အမေ့အိမ်နဲ့ အမေ့ရင်ခွင်ကျန်ရှိနေသေးတယ်”တဲ့...
ငါ့ကိုပြောခဲ့တဲ့ “ဤကျေးဇူးရှင် ငါ့အမေပါပဲ..။”

“မိဘတို့မေတ္တာ ရေစုန်သာရှိ၏”
ဆိုတဲ့အတိုင်း သားသမီးတွေဆီက ဘာမှမမျှော်လင့်ခဲ့ကြဘူး..
ငါ့ကိုပေးဆပ်ခြင်းများစွာနဲ့ ချစ်တဲ့ “င့ါကျေးဇူးရှင် ငါ့အမေပါပဲ”..။
အသက်၈၀အရွယ် အဘိုးအိုနှင့် အသက်၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့
ဧည့်ခန်းတွင်းရှိ ဆိုဖာတွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့
ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲ လို့မေးသော အခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာအကောင်လဲဟုဒုတိယအကြိမ် ထပ်မေးလေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲ ဟုထပ်မေးလေသည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ခေါ်တယ် လို့ အသံမာမာဖြင့် ပြောလေသည်။

နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက်မေးမြန်းလေသည်။ အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျနော် ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူးလား စသည်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး
မှတ်တမ်းအဖြစ် သိမ်းဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေး
ဒဏ္ဍရီ လေးကိုထုတ်လာလေသည်။ စာအုပ်ဟောင်းလေးမှ စာမျက်နှာ တစ်ရွက်ကို ယခုအသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်တဲ့ စာကတော့...................

ဒီနေ့ သုံးနှစ်အရွယ် ကျနော့သားငယ်လေး နဲ့ကျနော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း
ကျီးကန်းတစ်ကောင် ပြတင်းမှာ လာနားနေတယ်။ကျနော့သားက အဖေလို့ခေါ် ပြပြီးအဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျနော်ကလည်း ၂၃ ခါလုံးကို ဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျနော်လေ သားမေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။
ပြီးတော့ စကားအလွန် တတ်လှတဲ့ သားလေးမေး သမျှကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို
ပိုက်ထွေးလိုက်ပါတယ်။
ကလေးတစ်ယောက်ရဲ့ ၂၃ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်းကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်းပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့
အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သားဖြစ်သူကဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။

အကယ်၍များ မိဘများ အသက်အရွယ် အိုမင်းလာချိန်မှာ သူတို့ကို မလိုလား မနှစ်မြို့ခြင်း မဖြစ်ဘဲ ၀န်ထုတ်တစ်ခုကို စောင့်ရှောက်သကဲ့သို့ သူတို့ကို
ပြန်လည် စောင့်ရှောက်သင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့ အခါမှာလည်း ငြိုငြင်ခြင်း ကင်းပြီး ချစ်ခင်ဖွယ် သာယာဖွယ် စကား၊ စိတ်ချမ်းသာ
ဖွယ်စကား၊ ရိုသေကျိုးနွံခြင်း၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း အပြည့်နဲ့ ပြောဆိုသင့်ပါတယ်။ မိဘများဟာ သားသမီးတွေ ငယ်စဉ်ထဲက အခုချိန်ထိ
ဂရုစိုက်မှုတွေ မပြတ်ကြ သေးပါဘူး။ သူတို့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ သားသမီးတွေ အပေါ်မှာ မေတ္တာတွေ စီးဆင်းဆဲ စီးဆင်းလျှက်ပါ။
ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မကျ သေးပါဘူး
မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။ ဒါကြောင့် အခုပဲ ငါသည် ယခုအချိန် မှစ၍ ငါ့မိဘများကို ပျော်ရွှင်စေရမည်၊ ငါ့မိဘများ ဘယ်လောက်ပဲ အိုမင်းမစွမ်း ရှိနေပါစေ ငါ့မိဘကိုတစ်ဖန်ပြန်လည် ပြုစုလုပ်ကျွေး စောင့်ရှောက်ကာ ကောင်းမွန်
မြင့်မြတ်သောလမ်းကို ငါလျှောက်ခြင်းဖြင့် သားလိမ္မာ၊ သမီးလိမ္မာ ဘ၀ကို ဖြစ်စေမည်ဟု မိမိကိုယ်မိမိ ကျယ်ကျယ် လောင်လောင်နှင့်သာ ကတိပေးလိုက်ပါ။ သင်...အချိန်မီ ပါသေးတယ်။

အားလုံးပဲ ဒီပုံပြင်လေး အတိုင်း အတုယူ နိုင်ကြပါစေ........လို့.......
လေးစားစွာဖြင့် - မိုက်ခဲလေး
မှတ်ချက်။ ။ ကျွန်တော့်အစ်ကိုကြီး ကိုဟိန်းကိုလတ် (ခေတ္တ စကာင်္ပူ)မှပို့ပေးတဲ့ မေးလ်တစ်စောင်ဖြစ်ပါတယ်.

Sunday, May 10, 2009

Recovery Tool (Power-Data-Recovery)


Data တွေကို Recovery ပြန်လုပ်ဖို့အတွက်ကောင်းမွန်တဲ့ ဆောဖ့်ဝဲလ်လေးတစ်ခုကိုကျွန်တော်တင်ပေးလိုက်ပါတယ်။မိမိစက်ကို Format မှားချမိလိုပဲဖြစ်ဖြစ်၊Anti-Virus တွေ ကVirus တွေဆိုပြီးမှားဖျက်မိတာတွေ ၊အကြောင်းတစ်ခုခု ကြောင့်မလိုအပ်ပဲပျက်စီးသွားတဲ့ဖိုင်တွေကို Recovery ပြန်လုပ်ဖို့အတွက်ကျွန်တော်စိတ်တိုင်းကျနေတာတစ်ခုတော့ Power-Data-Recovery ဆောဖ့်ဝဲလ်လေးတစ်ခုပါပဲ။Recovery ဆောဖ့်ဝဲလ်တွေရဲ့အားနည်းချက်ကတော့ သီချင်းဖိုင်တွေဆိုရင် တစ်ပုဒ်ကို အပိုင်းပိုင်းပြတ် သွားတာမျိုးတွေရှိတတ်ကြတယ်။ဒီဆောဖ်ဝဲလ်ကတော့ ဒီအားနည်းချက်မျိုးမရှိပါဘူး…။အောက်မှာ Normal Version

နဲ့ Portable Version ၂ မျိုးလုံးတင်ထားပေးပါတယ်။



Normal Version
Photobucket
Portable Version
Photobucket

Saturday, May 9, 2009

Warcraft III - Frozen Throne(DOTA ALLSTARS)

ကျွန်တော် အရမ်း Crazy ဖြစ်တဲ့ ဂိမ်းလေးတစ်ခုပါ ..ကစားချင်တဲ့ သူငယ်ချင်းတွေ ရှိရင်လဲအဆင်ပြေအောင်တင်ပေးလိုက်တာပါ ..
ဆိုဒ်ကတော့ 1G ကျော်ကျော်လေးပဲရှိပါတယ် ..


အပိုင်း - ၁
Photobucket
အပိုင်း - ၂
Photobucket
အပိုင်း - ၃
Photobucket
အပိုင်း - ၎
Photobucket
အပိုင်း - ၅
Photobucket

Friday, May 8, 2009

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဒီနေ့မနက်စောစော အိပ်ရာထ မျက်နှာသစ်၊ ရေချိုးပြီး မြန်မာပြက္ခဒိန်ကို ကြည့်မိတော့ ဒီနေ့ကဆုန်လပြည့်နေ့ ဥပုသ်နေ့တဲ့။ သြော်...ဒါဆိုရင် ဒီနေ့မနက်ဆိုရင် မေမေတစ်ယောက် ဘုန်းကြီးကျောင်းကို ရောက်နေလောက်ပြီပေါ့။တွေးမိရင်းက ငယ်ငယ်က ပျော်စရာအချိန်တွေကို ကျွန်တော်သတိရမိပြန်တယ်။ တကယ်တော့ အဲ့ဒီလိုအေးချမ်းတဲ့ ဘ၀လေးမှာပဲ ကျွန်တော်နေချင်ပါတယ်။ ပျော်မွေ့ပါတယ်။ အခြေအနေအရသာ တစ်နေရာ တစ်ဒေသကို ရောက်ခဲ့ပေမယ့် အမြဲတမ်း လွမ်းဆွတ် သတိရလျက်ပါပဲ။


ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။ သုမေဓါ ဘဝ
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ ( ဘီစီ ၆၂၃ )
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈ )
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ ( ဘီစီ ၅၈၇ )
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ ( ဘီစီ ၅၄၃ )

ဤနေ့ ဤရက်သည် ဗုဒ္ဓဘာသာဝင် တို့ ၏ အလွန်အင်မတန်မှ တန်ဖိုးကြီးမြတ်လှသော ရက်မြတ် ကဆုန်
ဖြစ်ပေသည် ။ ကဆုန်လပြည့်နေ့  ကို ငယ်စဉ်က ညောင်ရေးသွန်း ပွဲ တော်စည်စည်ကားကားရှိလှသဖြင့်
မိမိ ၏ ဇာတိဖြစ်သော ပုဂံ မြို့ ကို သတိရ လွမ်းဆွတ်မိသည်မှလွဲ၍ သာမာန် ဥပုဒ် ကျောင်း သွား
ကြသည် လောက် ကိုသာ ထင်မှတ်ခဲ့သည့် အရွယ်ရင့်လာသော အခါ ဤ မျှ မြင့်မြတ်လှသော နေ့ ရက်
သည် ကျွန်တော် တို့  ဗုဒ္ဓဘာသာဝင်များအဖို့  တရားထူးတရားမြတ် များနှင့် မွေ့ လျော်၍ နေသင့်ပေသည်။။
လူ နတ် ဗြဟ္မာ သတ္တ၀ါ တို့ အား အလင်းပြပေးခဲ့သည့် ဘုရား ရှင်၏ တိုက်ဆိုင်လှသော် ရက် မြတ်များ
တွင် ကဆုန်လပြည့် နှင့် ၀ါဆို လပြည့်သည် အင်မတန် မှမြင့်မြတ် လှပေသည် ။
လောဘ ဒေါသ မောဟ တွေ ထူပြော လှသည့် ဟောဒီ့လောကကြီး အား ချွန်း နှင့်တူသည့် ငါးပါးသီလ
နှင့် မဂ္ဂင် ၇ှစ်ပါးကို ညွှန်ကြားပေးခဲ့မှုမှာ အင်မတန်မှအဖိုးမဖြတ်နိုင်သော တန်ဖိုးဖြစ်ပေသည်။အကယ်၍သာ
ဘုရားရှင်၏တရားတော်များမရှိခဲ့ပါမူဤလောကသည် သည့်ထက်မက သောကတွေ နှင့်ကြေမွနေကြမည်မှာ
အမှန်ပင်ဖြစ်ပေသည် ။ သို့ အတွက်ကြောင့် ဘုရားရှင် ၏ကျေးဇူးသည် ပထမ ဗုဒ္ဓဘာသာဝင် တစ်ယောက်
ဖြစ်ခွင့်ရခဲ့သည့် မိဖ နှစ်ပါးသည်ဒုတိယ ထေရ၀ါဒ ၏ အနှစ် များအား လက်တွေ့ ကျသော ဘုရားရှင်၏
အဘိဓမ္မာတရားများကို ကျွန်တော် ဦးချ ရိုကျိုးရှစ်ခိုး လိုက်ပါသည် ။။ မြတ်သောဤ ရက်ဤအခါတွင် ကျွန်တော်တစ်ယောက် တရား
နှင့်မမွေ့ လျော် ၀ိပသနာ ကိုအားမထုတ်နေနိုင်သော်လည်း တရားသော လောကအလုပ်နှင့် စိတ်ကောင်း
နှင့်ယှဉ်သော ၀ိတက် ၀ိစာရ တို့ အတူ လူဟု တွင်သော် လူဆန်သည့် လူဖြစ်ရန် ကြိုးစား နေပါသည် ။။

ဗုဒ္ဓသာသနံစီရံတိဌတု

Tuesday, April 21, 2009

How To Backup Hardware Driver From WinXP

Hardware Drivers တွေနဲ့ ပတ်သက်ပြီး အမြဲတမ်းပြဿနာတက်တတ်တာကတာ့ Motherboard Driver CD မရှိတာပါပဲ။ Windows တစ်ခါတင်ပြီ ဆိုရင် မိမိစက်နဲ့ ကိုက်ညီမယ့် Drivers တွေကို လိုက်ရှာရတာ အလုပ်တစ်ခုပါပဲ။ တစ်ခါတစ်လေ အဆင်ပြေပေမယ့် တစ်ခါတစ်လေ ဒီ Software နဲ့ပဲ အဆင်မပြေ ဖြစ်တတ်ပါသေးတယ်။ နောက်တစ်ခုက Format ချပြီး Windows ပြန်တင်လိုက်တဲ့အချိန်မှာ VGA/ AGP ကြောင်တာတို့ ၊ Sound က အသံထွက်မလာတာတို့ စသဖြင့် ဒုက္ခပေးတာ ကြုံဘူးကြမယ် ထင်ပါတယ်။ Windows တင်ပြီးကာကျမှ Motherboard Driver CD ပျောက်နေတာတို့၊ ပစ္စည်းဝယ်စဉ်ကတည်းက Driver CD ပါမလာတာတို့၊ မေ့ခဲ့တာတို့ စသဖြင့်အမျိုးမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ကိစ္စမျိုးတွေ နောက်တစ်ခါ မဖြစ်ရလေအောင် အစကတည်းက မိတ်ဆွေတို့ရဲ့ စက်ထဲမှာ သုံးထားတဲ့ Drivers တွေကို Backup လုပ်ထားလိုက်မယ်ဆိုရင် ဒီလို ပြဿနာတွေ၊ အခက်အခဲတွေကနေ ကင်းဝေးပါလိမ့်မယ်။ Backup လုပ်တာကလည်း အလွန်လွယ်ကူပါတယ်။

Hardware Drivers တွေနဲ့ ပတ်သက်ပြီး အမြဲတမ်းပြဿနာတက်တတ်တာကတာ့ Motherboard Driver CD မရှိတာပါပဲ။ Windows တစ်ခါတင်ပြီ ဆိုရင် မိမိစက်နဲ့ ကိုက်ညီမယ့် Drivers တွေကို လိုက်ရှာရတာ အလုပ်တစ်ခုပါပဲ။ တစ်ခါတစ်လေ အဆင်ပြေပေမယ့် တစ်ခါတစ်လေ ဒီ Software နဲ့ပဲ အဆင်မပြေ ဖြစ်တတ်ပါသေးတယ်။ နောက်တစ်ခုက Format ချပြီး Windows ပြန်တင်လိုက်တဲ့အချိန်မှာ VGA/ AGP ကြောင်တာတို့ ၊ Sound က အသံထွက်မလာတာတို့ စသဖြင့် ဒုက္ခပေးတာ ကြုံဘူးကြမယ် ထင်ပါတယ်။ Windows တင်ပြီးကာကျမှ Motherboard Driver CD ပျောက်နေတာတို့၊ ပစ္စည်းဝယ်စဉ်ကတည်းက Driver CD ပါမလာတာတို့၊ မေ့ခဲ့တာတို့ စသဖြင့်အမျိုးမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ကိစ္စမျိုးတွေ နောက်တစ်ခါ မဖြစ်ရလေအောင် အစကတည်းက မိတ်ဆွေတို့ရဲ့ စက်ထဲမှာ သုံးထားတဲ့ Drivers တွေကို Backup လုပ်ထားလိုက်မယ်ဆိုရင် ဒီလို ပြဿနာတွေ၊ အခက်အခဲတွေကနေ ကင်းဝေးပါလိမ့်မယ်။ Backup လုပ်တာကလည်း အလွန်လွယ်ကူပါတယ်။

အဲဒီထဲမှာ မိတ်ဆွေတို့ Backup လုပ်ချင်တဲ့ Driver Name ကို Marking ပေးပြီး Backup ဆိုတဲ့ ခလုတ်ကို Click လိုက်ရုံပါပဲ။ ဒါဆို Software က Backup လုပ်မယ့်ဖိုင်ကို ဘယ်နေရာမှာသိမ်းမှာလဲဆိုပြီး တောင်းပါလိမ့်မယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတို့ စိတ်ကြိုက်တစ်နေရာကို ပေးလိုက်ပါ။ C မှာတော့မပေးနဲ့နော်။ မတော်လို့ တစ်ခုခုလွဲချော်ခဲ့ရင် လုပ်ထားတာတွေ အလဟဿဖြစ်သွားနိုင်ပါတယ်။ အဲဒီအဆင့်တွေ ပြီးရင်တော့ အလိုအလျောက် Backup လုပ်သွားပါလိမ့်မယ်။ အချိန်တခဏတာအတွင်းမှာ ပြီးစီးသွားပါလိမ့်မယ်။ အားလုံးပြီးသွားပြီ ဆိုရင်တော့ မိတ်ဆွေတို့ Backup လုပ်ထားတဲ့ Driver တွေကို Software Name အလိုက် Folder တစ်ခုစီနဲ့ သပ်သပ်စီ ခွဲပေးထားတာကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် Driver CD တွေကို မျက်ကလူးဆံပြာ လိုက်ရှာရတာတို့၊ Driver မရှိလို့ အသံမလာတာတို့၊ VGA/ AGP က Resolution မပြည့်မရတာတို့ မဖြစ်နိုင်တော့ပါဘူး။ နောင်တစ်ချိန်မှာ Windows ပြန်တင်တဲ့အခါမှာ အလွယ်တကူပဲ ကွန်ပျူတာကို Update Driver လုပ်နိုင်ပါလိမ့်မယ်။အောက်တွင်ဒေါင်းနိုင်သည်.ကိုကျော်သူလင်း ဘလော့မှကိုးကားထားပါသည်။

1.Double Driver Software
2.Driver Max Software
3.Driver Magician Lite

လိုအပ်မယ်ထင်လို့ Driver Genius ကိုပါတင်ထားပေးလိုက်ပါတယ်။အောက်မှာ ရယူပါ။
1.Driver Genius Pro 2007
2.DRIVER GENIUS PRO 2

Monday, April 20, 2009

How to create One-Click Shutdown icon on your desktop?

တစ်ခါတစ်လေအရင်လိုလို့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ ကွန်ပျူတာကိုအလျှင်စလိုပိတ်ချင်တယ်ဆိုရင်ဖွင့်ထားတဲ့ဖိုင်တွေကိုတစ်ခုချင်း စီပိတ်ရ၊ဘာလုပ်ရ ညာလုပ်ရနဲ့ နဲးနဲးအလုပ်ရူပ်တတ်ပါတယ်။ဒါကြောင့်တစ်ခါထဲးနဲ့အဆင်ပြေစေမယ့်နည်းလမ်းလေးတစ်ခုကိုကျွန်တော်မျှဝေ
လိုက်ပါတယ်ခင်ဗျ..။ အောက်မှာကျွန်တော်လုပ်ပြထား တဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ပါ။



Restart Icon ကိုပါလုပ်ချင်တယ်ဆိုရင်တော့ SHUTDOWN -r -t 30 နဲ့ထား

ပေးလိုက်ပါ။ချက်ချင်းပိတ်ချင်တယ်ဆိုရင်တော့ -s -t 00 ပါ။အခုကျွန်တော်က

Sec 30 လောက် ကြာအောင် Timer ပေးထားတာပါ။


desktop ပေါ်က shutdown shortcut ကို နှစ်သက်မဲ့ icon တစ်ခုခုနဲ့ချိန်းပေး

လိုက်ပါ။အားလုံးစိတ်တိုင်ကျပြီးဆိုရင်တော့ desktop ပေါ်က icon လေးကိုနှိပ်

လိုက်ရင်အောက်ကပုံမှာပြထားသလို Timer လေးပြပြီးတော့ လျှင်မြန်စွားနဲ့ပဲ

ကွန်ပျူတာတွေကိုပိတ်နိုင်ပါပြီးခင်ဗျ..။

Tuesday, April 7, 2009

CooolSoft Power MP3 Cutter(MP3 Sound Cutter) 2006

Power MP3 Cutter(MP3 Sound Cutter) can cut mp3 or wav sound piece from big mp3 or wav format files directly. You can add fade-in and fade-out effect to the exported audio easily. You can also choose to cut selected audio or unselected audio. Another powerful function is that it can do batch cut job, give it a cut job list, it will do the job one by one automatically. By using high quality decoder and encoder, the sound quality loss will be minimized.
What can MP3 Sound Cutter cut?
1. Cut mp3 from big mp3 sound file
2. Cut mp3 from big wav sound file
3. Cut wav from big mp3 sound file
4. Cut wav from big wav sound file
5. Convert wav to mp3
6. Convert mp3 to wav
7. Recompress mp3 with different bit rate
Main Features of Power MP3 Cutter:

* Real time MP3 and WAV encoding and decoding support
By using real time MP3 and WAV encoding and decoding, Power MP3 Cutter(MP3 Sound Cutter) can cut out a 3-minute-length music in about 10 seconds. And when it cutting MP3 files, no disk space will be used. Because the cutter can cut MP3 format files directly without converting it into WAV format first. This will greatly consume your disk space. For one minute WAV format audio file costs about 10M bytes disk space.
* MP3 to WAV and WAV to MP3 converting support
By using Power MP3 Cutter(MP3 Sound Cutter), you can convert MP3 format files to WAV or WAV to MP3.
* Batch cutting support
Power MP3 Cutter(MP3 Sound Cutter) supports batch cutting. This is greatly useful for you to cut many files at one time.
* MPEG I/II Layer I/II/III audio format support
By supporting MPEG I/II Layer I/II/III audio format, Power MP3 Cutter(MP3 Sound Cutter) supports almost all kinds of MP3 audio files.
* Wide-range bitrate support
Power MP3 Cutter(MP3 Sound Cutter) supports a wide-range bitrate of the output file. You can set the bitrate for a target file from 32 kbps to 320 kbps as you need. This can preserve your audio file's quality farthest.
* Millisecond/second time-display modes and millisecond precision support
For different length of audio files, you can choose different time-display modes of Power MP3 Cutter(MP3 Sound Cutter). By supporting millisecond time-precision, the cutter can fulfill much more professional needs.
* Direct fade-in and fade-out functions support
Fade-in and fade-out functions built in Power MP3 Cutter(MP3 Sound Cutter) make it easy to do some simple effects to your output audio segment.
* Unselected segment output support
Power MP3 Cutter(MP3 Sound Cutter) can export the unselected segments of a music file as the target file.
* Spectrum analyzer support
While playback audio files, the spectrum analyzer of Power MP3 Cutter(MP3 Sound Cutter) can help you find the right audio segment position.
* Simple and easy user interface
The interface of Power MP3 Cutter(MP3 Sound Cutter) is simple, you can know how to use it within 5 minutes.

Screen Shot of Power MP3 Cutter:

Photobucket