Saturday, March 28, 2009
HDClone Free Edition 3.7
HDClone copies the complete contents of hard disks and other IDE/ATA/SATA, SCSI, and USB media on a physical level. This allows to create even backups or copies of complete operating system installations smoothly. In combination with the special ‘SafeRescue’ mode of HDClone, this technique is also perfect for rescuing data in case of defective hard disks. Furthermore, HDClone works independent of partition layout, file system and operating system (i.e. it works with FAT, FAT32, NTFS, etc.). Thus, it also works with proprietary data formats which could not be accessed otherwise. Besides copying complete drives, it is also possible to apply it to certain partitions only.
HDClone, the universal cloning tool
» for data rescue, backup, migration, mass installations etc.
» creates logical and physical 1:1 copies (= sector copies)
» clones hard disks and many other storage media
» self-booting and new: running on Windows XP/Vista/Server
Size: 8.4 MB
Language: English
Platform: Windows All
Friday, March 27, 2009
အနှိုင်းမဲ့ "အမေ"
ကိုးလာလွယ်လို့ ဆယ်လဇွား
အသက်ကို စတေးလို့ မွေးဖွားပေးခဲ့တာ အမေ ...
ငယ်ရွယ်စဉ်ဘ၀ ပြုပြင်ဆုံးမ
လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးခဲ့တာ အမေ ...
အန္တရယ်တွေ ဘယ်လိုပင်ကြုံပါစေ
ရှေ့ဆုံးမှ ဦးဆောင်ပေးခဲ့တာ အမေ ...
အမေ ... အမေ ... ကျွန်တော်တို့ အားလုံးအတွက်
အနှိုင်းမဲ့ "အမေ" ..
Tuesday, March 24, 2009
Tuesday, March 17, 2009
မိမိရဲ့ Wireless Connection ကို ခိုးယူသုံးစွဲခြင်းရှိမရှိ
မိမိရဲ့ Wireless Connection ကို ခိုးယူသုံးစွဲခြင်းရှိမရှိ ကိုသိချင်တယ်ဆိုရင်
1. Start ကိုနှိပ် Run ကိုရွေးပါ။
2. cmd ရိုက်ပါ။( Open Command Prompt Windows)
3. netstat -a ရိုက် Enter ခေါက်ပါ။
ရှင်းလင်းချက် ၊
netstat - လက်ရှိအသုံးပြုနေသော TCP/IP Connections နှင့် Protocol အမျိုးအစားများကို ဖော်ပြပေးပါသည်။
-a switch သည် အားလုံးသောဆက်သွယ်မှုများနှင့် မည်သည့် port မှတစ်ဆင့် ချိတ်ဆက်မှုအသုံးပြုမှုလုပ် ဆောင်နေသည်ကိုဖော်ပြပေးသည်။
netstat command ကိုပိုမိုလေ့လာလိုပါက Command Box တွင် netstat /? ရိုက်Enter ခေါက်ပါ။
လက်ရှိ အသုံးပြုနေသော Protocol အမျိုးအစား, Computer အမည်နှင့် ချိတ်ဆက်မှုများကို ဖော်ပြပေးပါသည်။တကယ်လို့များ ချိတ်ဆက်မှုကို ဖော်ပြသော ကော်လံတွင် သင်မသိသော ကွန်ပျုတာ အမည်တစ်ခုကိုတွေ့ရှိပါက သင် ၏ wireless connection ကို တစ်ခြားလူတစ်ယောက်မှ ၀င်ရောက်သုံးစွဲနေ သည်ကို သိရှိနိုင်ပါသည်။

Monday, March 16, 2009
NTLDR ပျောက်၍ Windows မတက်ခြင်း
ကျွန်တော်လက်တွေ့ကြုံခဲ့ရတဲ့အခက်အခဲလေးပါ ..ကွန်ပျူတာအသုံးပြုနေကြတဲ့သူတွေတော်တော်များများလဲ ဒီအခက်အခဲလေးကို ကြုံတွေ့ကြရမှာပါပဲ..NTLDR ပျောက်ပြီး Windows မတက်တော့ဘူးဆိုတာ တော်တော်များများ ဖြစ်ဖူးကြတဲ့ပြဿနာပါ။အဲဒီလိုဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ .?ကဲအောက်မှာ ကြည့်လိုက်ကြရအောင် ..
NTLDR ဆိုတာဘာလဲ
NTLDR ဆိုတာ NT Loader ရဲ့အတိုကောက်ဖြစ်ပါတယ်။ သူဟာ Hard Disk ရဲ့ Boot Sector မှာရှိတဲ့ Program တစ်ပုဒ်ပဲဖြစ်ပါတယ်။ သူကဘာတွေလုပ်ပေးလဲဆိုတော့ Windows NT ကိုတက်လာအောင်ကူညီပေးခြင်းနှင့် Windows NT Startup Menu ကိုပြပေးနိုင်အောင် ပြုလုပ်ပေးပါတယ်။ အဲ့ဒီ NTLDR ဆိုတဲ့ Program File ဟာအကြောင်းအမျိုးမျိုးကြောင့် Hard Disk ရဲ့ Boot Sector ကနေပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပြူတာဟာ Windows မတက်နိုင်တော့ပါဘူး။ Windows XP ဟာလည်း Windows NT ပေါ်ကိုအခြေခံတည်ဆောက်ထားတာကြောင့် NTLDR ကိုအသုံးပြုပါတယ်။ ဒါကြောင့် NTLDR ပျောက်သွားရင် Windows XP လည်းမတက်တော့ပါဘူး။ ကွန်ပြူတာဟာ Boot လုပ်တဲ့အချိန်မှာ “NTLDR is missing” “Press any key to Restart” (သို့) “Press Ctrl+Alt+Del to Restart” လို့ပြောပြီး Windows တက်တော့မှာမဟုတ်ပါဘူး။
Why “NTLDR is missing”
၁။ Boot မလုပ်ပေးနိုင်တဲ့နေရာကနေ ကွန်ပြူတာကို သွားပြီး Boot ခိုင်းရင်လည်း ဒီလို Error ပေါ်တတ်ပါတယ်။ ကျွန်တော်တို့ ကွန်ပြူတာက Boot လုပ်တဲ့အခါ ဘယ်ကနေ Boot လုပ်ရမယ် NTLDR ကိုဘယ်မှာသွားခေါ်ရမယ်ဆိုတဲ့နေရာကို Boot Device လို့ခေါ်ပါတယ်။ ၎င်း Boot Device ကို CMOS Program ရဲ့ Advance Chipset Features ကနေပြောပေးလို့ ရပါတယ်။ ဒီတော့ NTLDR is missing ဆိုပြီး ဒီပြဿနာ ဖြစ်ခဲ့ရင် ဦးစွာ CMOS ထဲဝင်၊ Advance Chipset ထဲမှာ Boot Devices ကိုသေချာကြေညာထားရဲ့လားဆိုတာကို ၀င်ကြည့်ရမှာဖြစ်ပါတယ်။
၂။ Hard Disk ကို BIOS ထဲမှာ မကြေညာထားရင် ကွန်ပြူတာက Hard Disk ကိုမသိဘူးဖြစ်နေတာပေါ့။ Hard Disk ကိုကွန်ပြူတာက မတွေ့မှတော့ NTLDR ကိုဘယ်သွားခေါ်မလဲ။ ဒီပြဿနာကလည်း ခုနကလိုပဲ NTLDR တကယ်ပျောက်တာ မဟုတ်ဘူး။ NTLDR ရှိတဲ့ Hard Disk ကိုကွန်ပြူတာက မတွေ့တော့ဘာမှလုပ်မရဘူးဖြစ်သွားတာ။ BIOS မှာသေချာကြေညာထားလိုက်ရင်ရပြီ။
၃။ နောက်တစ်ခုက Hard Disk ကိုကွန်ပြူတာမှာ သေချာမတတ်ထားမိလျှင်လည်း ဒီပြဿနာဖြစ်နိုင်တာပဲ၊ ဒီတော့ Hard Disk ကိုသေချာပြန်တတ်၊ ဒါမှမဟုတ် Hard Disk က တကယ်ပဲပျက်နေလို့လား။
၎။ ဒီတစ်ခုကျတော့တကယ်ပဲ NTLDR ပျက်တာ၊ ထို့အတူ NTLDR နှင့်အလားတူ NTDETECT.COM ဆိုတဲ့ File ရှိသေးတယ်။ အဲဒီ File ပျက်သွားရင်လည်း Windows မတက်နိုင်ဘူး။ NTLDR နှင့် NTDETECT.COM တို့ဟာလုံးဝ ပျက်သွားသည်ဖြစ်စေ၊ တစ်ပိုင်းတစ်စပဲပျက်သည်ဖြစ်စေ Windows မတက်နိုင်တော့ပါဘူး။
၅။ Boot.ini ဆိုတဲ့ File မှာမှားယွင်းပြီး Configuration လုပ်ထားရင်လည်း ဒီလိုပြဿနာဖြစ်တတ်ပါတယ်။ Boot.ini File ဆိုတာ Hard Disk System Partition ရဲ့ Root (C:\) အောက်မှာရှိပါတယ်။ ဒါပေမယ့် ဒါကတော့ဖြစ်ခဲတဲ့ ပြဿနာပါ။ အဲဒီလိုဖြစ်ခဲ့ရင်လည်း NTLDR လိုပဲ Boot.ini ကိုအခြားစက်ကနေကော်ပီကူးပြီး မိမိစက်ထဲပြန်ထည့်ပေးလိုက်ရင်ရပါပြီ။
၆။ FAT32 ကိုအသုံးပြုထားတဲ့ Windows 95, 98 နှင့် ME တို့ကနေ Windows XP ကို Upgrade လုပ်ရင်လည်းဖြစ်တတ်ပါတယ်။
၇။ Hard Disk အသစ်တစ်လုံးတတ်လိုက်တဲ့ အခါမှာလည်း ဖြစ်တတ်ပါတယ်။
၈။ Hard Disk ထဲမှာရှိတဲ့ Boot Sector ဒါမှမဟုတ် Master Boot Record ပျက်သွားရင်လည်း ဒါမျိုးဖြစ်တတ်ပါတယ်။ NTLDR က Boot Sector မှာနေတာကိုး။ ဒါမျိုးက Hard Disk အိုလာရင်ဖြစ်တတ်ပါတယ်။ အိုလာတဲ့ Hard Disk တိုင်းတော့မဟုတ်ဘူးပေါ့ဗျာ။ အဲလိုဆိုရင်တော့ Hard Disk ကို Partition ပိုင်း Format ပြန်ချကြည့်။ အဲဒါမှမရရင် တော့၎င်း Hard Disk ကို Data သိမ်းရုံပဲသိမ်းနိုင်ပြီး Boot မလုပ်နိုင်တဲ့အတွက် သင်ဟာ Hard Disk တစ်လုံးအသစ်လဲရမှာဖြစ်ပါတယ်။
၉။ နောက်ဆုံးတစ်ခုကတော့ ဒီ Windows 2000 ဒါမှမဟုတ် Windows XP System ကြီးတစ်ခုလုံးပျက်နေရင်လည်း ဖြစ်တတ်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
Windows XP Installer ကို CD Drive ထဲထည့်ပါ။ ဒီအတွက်သင့်မှာ CD Drive ရော၊ Windows XP Installer CD ပါရှိနေရမှာဖြစ်ပါတယ်။ ၎င်း စီဒီဖြင့် ကွန်ပြူတာကို Boot လုပ်ပါ။ စီဒီကနေ Boot လုပ်ဖို့အတွက် Press Any Key လုပ်ပါဆိုလျှင် ကီးဘုတ်မှကြိုက်ရာ ကီး တစ်ခုနှိပ်ခြင်းဖြင့် သင့်ကွန်ပြူတာဟာစီဒီကနေ Boot လုပ်လာမှာဖြစ်ပါတယ်။
စီဒီကနေ Boot လုပ်ပြီးလို့ ပထမဦးဆုံး Screen မှာကျွန်တော်တို့ဟာ Repair လုပ်မှာဖြစ်တဲ့အတွက် ကီးဘုတ်ကနေ R လို့နှိပ်ပါ။ အဲ့ဒီအခါမှာတော့ ကျွန်တော်တို့ဟာ Windows XP ရဲ့ Recovery Console ထဲကိုရောက်သွားပါလိမ့်မယ်။ သင်ဟာ Recovery Console ထဲရောက်ဖို့ Logon လုပ်ဖို့နှင့် Administrator Password ရိုက်ထည့်ဖို့ လိုကောင်းလိုဦးမှာဖြစ်ပါတယ်။
Recovery Console အတွင်းကိုရောက်သွားပြီဆိုလျှင် ကျွန်တော်တို့ CD Drive ရဲ့ i386 ဆိုတဲ့အခန်းထဲက NTLDR ဆိုတဲ့ဖိုင်ကို ကော်ပီကူးပြီး Hard Disk ရဲ့ C: ထဲထည့်ပေးလိုက်ရင်ပြီးဆုံးပြီဖြစ်ပါတယ်။ ဒီလိုဆိုကျွန်တော်တို့ဟာ Windows အစအဆုံးပြန်တင်ပေးစရာမလိုတော့ပါ။
ကော်ပီကူးရမယ့် အမိန့်ကတော့ -
copy d:\i386\ntldr ပဲဖြစ်ပါတယ်။
မှတ်ချက်။ ကျွန်တော့်ကို သိအောင်ပြောပြပေးသွားတဲ့ ချမ်း ကိုကျေးဇူးတင်ရှိပါကြောင်း..

Saturday, March 14, 2009
Window 7
Window အသစ်အဆန်းလေးတွေသုံးချင်သူတွေအတွက် Window 7 Software လေးတင်ပေးလိုက်ပါတယ်..
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
Friday, March 13, 2009
အရေးကြီးတဲ့ အချက် 40 တိတိ
ကျွန်တော်တို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင်
ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊
လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ
လိုအပ်ပါတယ်။ တစ်နေ့က Mail Box ထဲကို ရောက်လာတဲ့ Forward
Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။ အရေးကြီးတဲ့ အချက် 40 တိတိကို
ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်
1. ရေများများသောက်ပါ
2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)
3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။
5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။
6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။
8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။
10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)
Personality:
11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။
13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။
22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
23. များများပြုံးပါ၊ များများရီပါ။
24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
Society:
25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။
26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။
27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)
28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။
29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။
30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။
31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။
Life:
32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။
33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။
34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။
35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။
36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။
38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။
39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။
နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ
40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward
လုပ်လိုက်ပါတဲ့။ ကျွန်တော်ကတော့ ကျွန်တော်ရဲ့ ဘလောဂ့်မှာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Thursday, March 12, 2009
Computer Programming နှင်သက်ဆိုင်သောစာအုပ်များ
ကျွန်တော်စုဆောင်းထားတဲ့ ကွန်ပျူတာ Programming ရေးနည်း(မြန်မာဘာသာဖြင့်)စာအုပ်များကိုတင်ပေးလိုက်ပါတယ် ..
၁.PASCAL စာအုပ်
၂.TURBO C PROGRAMMING စာအုပ်
၃.Matlab စာအုပ်
၎.Learning C++ စာအုပ်
C++ Volume 1
C++ Volume 2
C++ Volume 3
၅.C++ တွေးခေါ်နည်းစာအုပ်
THINKING IN C++ Volume 1
THINKING IN C++ Volume 2
၁.PASCAL စာအုပ်
၂.TURBO C PROGRAMMING စာအုပ်
၃.Matlab စာအုပ်
၎.Learning C++ စာအုပ်
C++ Volume 1
C++ Volume 2
C++ Volume 3
၅.C++ တွေးခေါ်နည်းစာအုပ်
THINKING IN C++ Volume 1
THINKING IN C++ Volume 2
Gmail & Gtalk အကြောင်း စာအုပ်
ဂျီမေးလ်း အကောင့်ဖောက်နည်းကစပြီးတော့ ... ဂျီတော့ပ် shell လေးတွေ ကိုယ်တိုင်ပြုလုပ်နည်း များထိတော်တော်များများရေးထားပါတယ်...စိတ်ဝင်စားသူများ အောက် မှာ သွားဒေါင်း နိုင်ပါတယ်..တတ်နိုင်သမျှစုံလင်အောင်ဖော်ပြထားပါသည်..
အားလုံးပဲအဆင်ပြေပါစေဗျာ
အားလုံးပဲအဆင်ပြေပါစေဗျာ
Monday, March 9, 2009
♥သို့...ကောင်မလေး♥
ငါမင်းနဲ့သာ မဆုံဖြစ်ခဲ့ဘူးဆိုရင်
ငါဟာ မင်းကို စိတ်ဝင်စားခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို စိတ်မဝင်စားခဲ့ဘူးဆိုရင်
ငါဟာ မင်းကို ချစ်မိခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို မချစ်ခဲ့ရင်
ငါဟာ မင်းကို လွမ်းရလိမ့်မှာ မဟုတ်ပါဘူး...
ဒါပေမဲ့... ဒါပေမဲ့ ကောင်မလေးရယ်...
ငါ မင်းကို စိတ်ဝင်စားခဲ့တယ်
ငါ မင်းကို သိပ်ချစ်တယ်
ဒီတော့ ငါ... (ငါ) မင်းကို ထာဝရ လွမ်းနေရဦးမှာပါလေ... ။ ။
Gtalk နေရာမှာပုံလေးတွေထည့်ကြည့်မယ်
ကျွန်တော်လဲ သူများဆီက ရထားတာပါ.ရထားတာကြာနေပြီဆိုတော့ လင့်ခ်တွေသေကုန်တာနဲ့ Resource Hacker လေးကို Google မှာမနဲပြန်ရှာထားရတယ်..ထုံးစံအတိုင်း သိပြီးသားဆိုရင်တော့လည်းမသိချင်ယောင်ဆောင်ပေးကြပါလို့ ......Software နဲ့ လုပ်ကြည့်မှာဖြစ်ပါတယ်..ပထမဆုံး အောက်က Resource Hacker လေးကို Download လုပ်လိုက်ပါ......
ကဲစလိုက်ကြရအောင်..C:\ ထဲက Program File ထဲမှာရှိတဲ့ googletalk.exe ဖိုင်ကို
Destop ပေါ်ကို copy ကူးထားလိုက်ပါ (ကိုယ်လုပ်တာနဲ့ မူးရင်းဖိုင်နဲ့ ရောမှာစိုးလို့ပါ )...
Download လုပ်ပြီးရင် Resource Hacker ကို ဖွင့်ပြီး
File -> Open ( Ctrl+O) ကနေ
Destop ပေါ်မှာ copy လုပ်ထားတဲ့
googletalk.exe ကို ဖွင့်လိုက်ပါ ....
Gtalk နဲ့ပတ်သက်တဲ့ Data တွေပေါ်လာပါလိမ့်မယ်....
ပထမဆုံးအနေနဲ့ အသံတွေကို ပြောင်းကြည့်ရအောင်.......
WAVE title ကို ဖွင့်လိုက်ရင် 121 , 123,124,125,126 ဆိုတဲ့ ခေါင်းစဉ်အခွဲတွေ
ထပ်တွေ့ရပါလိမ့်မယ် ... ..
121 က တဖက်က ကိုယ့်ဆီကိုစာရိုက်လိုက်ရင် ကြားရတဲ့ အသံဖြစ်ပါတယ်...
125 က ကိုယ့်ကို voice call ရင်ကြားရတဲ့ အသံဖြစ်ပါတယ် ...
အဲ့ဒီ 125 ရဲ့ အသံကိုပြောင်းမယ်ဆိုရင်
Action -> Replace other resource ... -> Open file with new resource ကနေ
ကိုယ်ထည့်မယ့် အသံ (သို့) သီချင်းကိုဖွင့်လိုက်ပါ....
Resource Type မှာ WAVE ၊ Resource Name မှာ 125 ၊ Resource Language မှာ 0
ကိုဖြည့်ပြီး Replace ကို click လိုက်ပါ ..
ဒါဆိုရင် voice ခေါ်တဲ့ အခါကြားရမဲ့ အသံပြောင်းသွားပါပြီ ....
File -> Save လုပ်လိုက်တာနဲ့ Destop ပေါ်မှာ googletalk_original.exe ဆိုတဲ့ Gtalk
ဖိုင်တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ..
googletalk.exe ဖိုင်က ကိုယ်ပြောင်းလိုက်တဲ့ Gtalk ဖြစ်ပါတယ် .....
googletalk_original.exe ကတော့ မူရင်း Gtalk ဖြစ်ပါတယ် .....
အဲ့ဒီနည်းနဲ့ WAVE ခေါင်းစဉ်အောက်မှာရှိတဲ့ အသံတွေအားလုံးပြောင်းလို့ရပါတယ် .....
( ကိုယ်ပြောင်းမယ့် အသံဖိုင် (သို့ ) သီချင်းဖိုင်က .wav ဖိုင်ဖြစ်ရပါမယ် ... Recording
စက္ကန့် 20 လောက်ဆိုရပါတယ် )
Gtalk မှာပါတဲ့ပုံတွေက တော့ Bitmap ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိပါတယ် ...
ပုံပြောင်းနည်းတစ်ခုကို ရေးပြလိုက်ပါမယ် .....
တစ်ဖက်က စာရိုက်နေရင် ကိုယ့်မှာပေါ်တဲ့ Typing သင်္ကေတ ကို
တခြားပုံပြောင်းကြည့်ရအောင် ......
-Typing သကေင်္တ ပုံရှိတဲ့နေရာက Bitmap -> 6051 မှာရှိပါတယ်....
-ပြောင်းနည်းကတော့ ........
-Bitmap ခေါင်းစဉ်အောက်က 6051 ကိုဖွင့်ပြီး Action --> Replace
-Bitmap ... --> Open file with new bitmap ကနေ ကိုယ်ထည့်ချင်တဲ့ ပုံ ကိုထည့်ပြီး
-Replace ကို click လိုက်ပါ .....
ပီးရင် File -> Save လုပ်လိုက်ရင် တစ်ဖက်က စာရိုက်နေတဲ့အခါ
ကိုယ့်မှာပေါ်မယ့် Typing သင်္ကေတ နေရာမှာ ကိုယ်ထည့်လိုက်တဲ့ပုံ ပေါ်နေပါလိမ့်မယ်.......
*ထည့်မဲ့ပုံက bmp ဖိုင်ဖြစ်ရပါမယ် ...... အရမ်းကြီးလို့မရပါဘူး ...
မူရင်း Typing သင်္ကေတ ပုံအရွယ်အစားလောက်ပဲဖြစ်ရပါမယ် ....
အဲ့ဒီနည်းနဲ့ Bitmap ခေါင်းစဉ်အောက်က ပုံတွေ ပြောင်းပစ်လို့ရပါတယ် ......
*Bitmap ခေါင်းစဉ်အောက်မှာရှိတဲ့ အချို့သင်္ကကေတပုံတွေ ရေးပြလိုက်ပါမယ် .....
6001 = Avaiable သင်္ကေတပုံ
6002= Busy သင်္ကေတပုံ
6003= Idel သင်္ကေတပုံ
5010= Gtalk left border
5011= Gtalk right border
5012= Gtalk bottom border
Gtalk မှာရှိတဲ့ စာတွေကို ပြောင်းလို့လည်းရပါတယ် ......
Gtalk က စာတွေအားလုံး String Table ခေါင်းစဉ်အောက်မှာ ရှိပါတယ် ...
ဥပမာ....
Username: ဆိုတဲ့နေရာမှာ အခြားစာပြောင်းမယ်ဆိုရင် String Table --> 95 ကို
ဖွင့်ပြီး Username ဆိုတဲ့နေရာမှာ ကြိုက်တာရေပြီး Compile Script ကို click ပြီး
File -->Save လုပ်လိုက်ရုံပါပဲ .. ...
ကျန်တဲ့ စာတွေအားလုံးကိုလည်း ဒီနည်းအတိုင်း အကုန်ပြောင်းကြည့်လို့ရပါတယ် ....
ကိုယ်ပြောင်းထားတဲ့ Gtalk နဲ့ တစ်ခုမက ဖွင့်ချင်တယ်ဆိုရင် ... ကိုယ်ပြောင်းထားတဲ့
Gtalk ကို Shortcut ထုတ်ပြီး
ထုံးစံအတိုင်း Properties ကနေ Target ဆိုတဲ့အကွက်ရဲ့ နောက်ဆုံးမှာ /nomutex ရိုက်ထဲ့ပြီး
ကြိုက်သလောက် အသုံးပြုလို့ရပါတယ် ......
အောက်က ကျနော်ပြောင်းထားတဲ့ Gtalk ပုံလေးပါ... ..
ပုံထည့်တဲ့နေရာကတော့ Bitmap ခေါင်းစဉ်အောက်က 5101 မှာပါ....
ဒီပုံလေးက icon လေးတွေထည့်ထားတာပါ..
မှတ်ချက်။ မူရင်းပိုင်ရှင်ကိုတော့ မသိတော့ပါ..

Sunday, March 8, 2009
Download files From IMEEM using FreeMusicZilla
IMEEM က သီချင်းတွေကို IDM နဲ့ဒေါင်းတဲ့အခါ ဒေါင်းမရတာတွေရှိပါတယ်..အဲဒါနဲ့ ကျွန်တော်လဲ Google ထဲဝင်ပြီးမွှေနောက်ကြည့်လိုက်တယ် .ဒေါင်းလုတ်လုပ်နည်း အတော်များများ ကို တွေ့ ရတဲ့ အထဲက ကျွန်တော် Free ရတဲ့ FreeMusicZilla ကို သုံးပြီး စမ်းကြည့်တာ အဆင်ပြေပြေ ဒေါင်းလုတ် လုပ်လို့ ရတာ တွေ့ ရပါတယ်။ FreeMusicZilla ကို သုံးပြီး IMEEM ဆိုဒ်က တင်မကဘူး တခြား Music/Video Share လုပ်လေ့ရှိတဲ့ (Last.fm, Pandora, MySpace, eSnips, MOG, iJigg) က file တွေကိုလည်း download လုပ်လို့ ရပါတယ်..
၁။ ပထမဆုံး FreeMusicZilla ကို Download လုပ်ပြီး install လုပ်ပါ။ FreeMusicZilla ရဲ့ Default Setting မှာ ကျွန်တော်တို့  အသုံးများတဲ့ IE နဲ့  Firefox ကို ရွေးပြီးသားဖြစ်နေရင်တော့ ဒီနှစ်ခုကိုသာ သုံးမယ်ဆိုရင် ဘာမှ ထပ်ပြောင်းစရာမလိုပဲ Install လုပ်ပြီး တန်းသုံးလို့ ရပါပြီ။FreeMusicZilla ကို ဒီနေရာ လေးမှာယူလိုက်ပါ ..
Opera နဲ့  တခြား Browser တွေကို သုံးမယ် ဆိုရင်တော့ Tools --> Preferences ကိုသွားပြီး Monitoring Tap မှာ ကိုယ်အသုံးပြုမယ့် Browser ကို ရွေးပေးရပါမယ်။ How to monitor other browsers
၂။ နောက်တစ်ဆင့်အနေနဲ့  IMEEM ဆိုဒ်ကို သွားပြီး ကိုယ် ဒေါင်းလုတ်လုပ်ချင်တဲ့ သီချင်းကို ဖွင့်လိုက်ပါ။ ဒါဆို အဲ့ဒီ သီချင်းကို FreeMusicZilla ရဲ့ Window မှာ "Waiting for Download" ဆိုပြီး တွေ့ ရမှာပါ။ သီချင်းတွေ အများကြီး နားထောင်ထားရင် အဲ့ဒီ list မှာ အများကြီးတွေ့ ရမှာပါ။ List မှာရှိနေတဲ့ files တွေမှာ "Leach TimeOut" 0 မဖြစ်ခင်မှာ Download လုပ်ယူရမှာ ဖြစ်ပါတယ်။
၃။ ကိုယ် Download လုပ်ချင်တဲ့ file (music/video) ကို ရွေးပြီး အောက်ဆုံးမှာ တွေ့ ရတဲ့ Download Button ကို Click လုပ်လိုက်ရင် ကိုယ်ရွေးထားတဲ့ file ရဲ့ ဒေါင်းလုပ် လုပ်နေကြောင်း "Downloading" ဆိုပြီးတွေ့  ရပါမယ်။ Download လုပ်ပြီးသွားတဲ့ file တွေကို C:\Downloads\ မှာ ရှာလို့  ရပါတယ်။
ဒေါင်းလုတ်လုပ်ရင် ရမယ့် File အမျိုးအစားက FLV (Flash Video) files ပါ။ FLV files တွေကို ဖွင့်ဖို့ ဆို ကျွန်တော်ကတော့ Goom Player ကို သုံးလေ့ရှိပါတယ်။ flv မလိုချင်လို့  mp3 လိုချင်တယ်ဆိုလည်း ပြောင်းလိုက်လို့ ရတာပဲလေ။အဆင်ပြေကြပါစေ...

Voice and Video Chat in Gmail
ဒီမနက် အိပ်ယာထ သတင်းတွေ လိုက်ကြည့်ရင် Gmail Chat မှာ Voice နဲ့  Video သုံးလို့ ရပြီဆိုတဲ့ အကြောင်း ရေးထားတာ တွေ့ လိုက်ရတယ်။ Gmail ထဲ ၀င်ပြီး Chat ထဲကို sign in ၀င်ယုံနဲ့  အသုံးပြုလို့  မရဘူး။ Plugin တစ်ခု Install လုပ်ဖို့ လိုတယ်။ Plugin install လုပ်ပြီး စမ်းကြည့်ဖြစ်တယ်။ Plugin Install လုပ်ပြီး၊ Browser Restart လုပ်ပြီးရင် Gmail ရဲ့ Setting --> Chat --> Voice and video chat ဆိုတာလေး ပေါ်လာတယ်။ Gmail Chat ထဲမှာ ကိုယ့်နာမည်ရဲ့ ဘေးမှာလည်း Video Icon လေးပေါ်တာတယ်။ ဒါဆို Microphone, Speaker နဲ့ Camera သာရှိမယ်ဆို Voice-Video Feature ကို သုံးလို့ ရပြီ။ နည်းနည်းပဲ စမ်းကြည့်ရသေးတယ်။ Video ကို Full Screen ပြောင်းလို့ရတယ်။ထုံးစံအတိုင်းသိတဲ့သူတွေတော့ မမြင်ချင်ယောင်ဆောင်ပေးပေါ့..:)Plugin လေးကို ဒီနေရာ လေးမှာယူလိုက်ပါ.
အသေးစိတ် သိချင်တယ်ဆို Gmail Official Blog မှာ ဖတ်ကြည့်ပါ။
Official Gmail Blog: Say hello to Gmail voice and video chat
"Gmail voice and video chat" in YouTube
Plugin သွင်းထားရက်နဲ့  မမြင်ရဘူးဆိုရင် Tools --> Add-ons ကိုသွားပြီး Plugins မှာ Google Talk ၀င်မ၀င် ကြည့်လို့ ရပါတယ်။ မ၀င်သေးဘူးဆို ပြန်ထပ်သွင်းဖို့ လိုပါတယ်။
ကွှန်တော်စမ်းကြည့်တုန်းက Plugins လည်း Install လုပ်ပြီးသား ဆိုတာ တွေ့ ရက်နဲ့  VDO Chat သုံးမရဘူး။ ရှိသမျှ Browsers (IE,Firefox,Opera,Chrome) အကုန်စမ်းတယ် မရဘူး။ နောက်တော့ ရှုပ်ပါတယ် ဆိုပြီး ကွန်ပြူတာ restart လုပ်ပြီး Gmail ပြန်ဝင်ကြည့်တဲ့အခါမှာတော့ VDO chat သုံးလို့ ရသွားပါတယ်။ ကျွန်တော့် ကြုံခဲ့ရတဲ့ အတွေ့ အကြုံပါ။ သူငယ်ချင်းတို့သုံးတဲ့အခါ Plugins Install လုပ် Browser တွေအကုန် ပိတ်ပြီး ပြန်ဝင်ယုံနဲ့  အဆင်ပြေနိုင်ပါတယ်။

Gပုန်း လုပ်လိုသူများအတွက်
gmail ကနေ invisible လုပ်ရတာမကျေနပ်သေးတဲ့သူငယ်ချင်းများအတွက် ....
Gtalk မှာပါ invisible နဲ့ ချက်နိုင်ကြပါပြီ ....
စမ်းကြည့်ချင်သူများ ..http://www.google.com/talk/labsedition/download.html ..ဒီလင့်ခ်လေး မှာသွားဒေါင်းပါ ....ပြီးရင်Run လိုက်ပါ .gtalk ကိုဖွင့်ပြီး ...ရိုးရိုး gtalk တွေ sign out လုပ်တဲ့နေရာမှာတင်
invisible လုပ်လို့ရပါတယ် ......
ဒါပေမဲ့အောက်ကစာသားလေးတော့ သတိထားပေါ့ ....
Google မှာ ပို့လို့ရတဲ့ မေးလ်မို့ Gmail ဟုခေါ်သည် ...
Google မှာ talk နိုင်လို့မို့ Gtalk ဟုခေါ်သည် ...
Google မှာ ပုန်းနေတဲ့ သူများ ကိုတော့ Gပုန်း ဟုခေါ်သည် ...တဲ့ .....ဟဲဟဲ ..း)))
(ရုပ်ဆိုး)
Wednesday, March 4, 2009
တမ်းတသူ အလွမ်း ...
♥မိုးစက်တွေကြွေ
မြေမှာခပေမယ့်
ခြေရာမပြနိုင်တာက
ရင်ထဲက ဒဏ်ရာတွေလေ...
♥တိမ်ရောင်တွေပြို
လျှပ်ရောင်တွေစိုလို့
ထစ်ချုန်း မစဲအောင်ရွာချပေမယ့်
တမ်းတသူ အပူလွမ်းကို
ရင်အေးအောင် မစွမ်းနိုင်တာ
သိစေချင်တယ်လေ...
♥လေအဝှေ့မှာ
သင်းပျံ့တဲ့ ပန်းရနံ့တွေ
ဘ၀င်တွေ့အောင်
ရှူရှိုက်ရပေမယ့်
ယစ်မှူးစွာ တပ်မက်ခဲ့တဲ့
ချစ်သူရနံ့လေးကို မမီ...
လေရယ်...
မင်းသယ်ဆောင်လာတဲ့
စပယ်ရနံ့လေးလည်း
ငါ့ကိုမဖြားယောင်းနိုင်ဘူးလေ...
♥အိုကွယ်...
မခံစားရအောင်
မိုးတွေရယ်မရွာ
လေပြည်မှာ ရနံ့မသင်းစေဖို့
တောင်းဆုချွေ စိတ်ဆန္ဒ
လိုမှမလိုအပ်တော့တာ
ချစ်သူက....သတိတရ ရှိရင်ပေါ့လေ။
မြေမှာခပေမယ့်
ခြေရာမပြနိုင်တာက
ရင်ထဲက ဒဏ်ရာတွေလေ...
♥တိမ်ရောင်တွေပြို
လျှပ်ရောင်တွေစိုလို့
ထစ်ချုန်း မစဲအောင်ရွာချပေမယ့်
တမ်းတသူ အပူလွမ်းကို
ရင်အေးအောင် မစွမ်းနိုင်တာ
သိစေချင်တယ်လေ...
♥လေအဝှေ့မှာ
သင်းပျံ့တဲ့ ပန်းရနံ့တွေ
ဘ၀င်တွေ့အောင်
ရှူရှိုက်ရပေမယ့်
ယစ်မှူးစွာ တပ်မက်ခဲ့တဲ့
ချစ်သူရနံ့လေးကို မမီ...
လေရယ်...
မင်းသယ်ဆောင်လာတဲ့
စပယ်ရနံ့လေးလည်း
ငါ့ကိုမဖြားယောင်းနိုင်ဘူးလေ...
♥အိုကွယ်...
မခံစားရအောင်
မိုးတွေရယ်မရွာ
လေပြည်မှာ ရနံ့မသင်းစေဖို့
တောင်းဆုချွေ စိတ်ဆန္ဒ
လိုမှမလိုအပ်တော့တာ
ချစ်သူက....သတိတရ ရှိရင်ပေါ့လေ။
Sunday, March 1, 2009
keylogger ကိုလှည့်စားကြည့်ခြင်း
Keyboard ကနေဘာပဲရိုက်ရိုက် မှတ်ထားပေးတတ်တဲ့ keylogger ကို ကျွန်တော်တို့ အလွယ်တကူ လှည့်စားကြည့်ကြရအောင်။ အရမ်းကြီးတော့ မခက်ပါဘူး။
keylogger ရဲ့အားနည်းချက်ကို အသုံးပြုရမှာပါ။ အဲဒီအတွက် mouse ပဲလိုအပ်ပါတယ်။
beautiful ကိုရိုက်မယ်ဆိုပါတော့ ပထမ ti ကိုရိုက်လိုက်ပါမယ်။ ပြီးရင် mouse ကိုအသုံးပြုပြီး
cursor ကို t ရဲ့ရှေ့ကိုရွှေ့လိုက်ပါ။ ပြီးရင် be ကိုရိုက်လိုက်ပါမယ်။ ပြီးသွားရင် စောစောကလိုပဲ
mouse ကိုအသုံးပြုပြီး cursor ကို i ရဲ့နောက်ကိုရွှေ့လိုက်ပါမယ်။ ပြီးရင် ful ကိုဆက်ရိုက်လိုက်ပါမယ်။
ပြီးသွားရင် cursor ကို t ရဲ့ရှေ့ကို ပြန်ရွှေ့လိုက်ပါ။ ကျန်နေသေးတဲ့ au ကိုရိုက်လိုက်ပါ။ ဒါဆိုရင်တော့
keylogger မှာ tibefulau ဆိုပြီးပေါ်နေမှာပါ။ သတိပြုရမှာက cursor ကိုရွှေ့ရာမှာ လုံးဝ(လုံးဝ)
keyboard ပေါ်က arrow key တွေကို အသုံးမပြုမိပါစေနဲ့။ mouse ကိုအသုံးပြုပြီးပဲ ရွှေ့ဖို့လိုအပ်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
မှတ်ချက် ။ ကိုမြတ်ကိုအားကျေးဇူးတင်ရှိပါသည်.

Perfect.Keylogger _v1.6.7 ( Keygen )
ကို Ogre ဆီမှရထားတဲ့ Keylogger Software ကောင်းလေးတစ်ခုပါပဲ .. .. ( Keygen လေးလည်းပါ ပါတယ် )
ဒီ Keylogger လေးကတော့ Keystrokes တွေကိုမှတ်သားပေးထားရုံတင်မကဘဲ အောက်ပါလုပ်ဆောင်ချက်တွေကိုပါ လုပ်ဆောင်ပေးပါတယ် ။
(၁) Keyboard က type သမျှ အရာအားလုံးကို မှတ်ထာပေးထားခြင်း ။
(၂) ဖွင့်သမျှ Website Links တွေကို မှတ်သားပေးထားခြင်း ။
(၃) Screen မှာပေါ်သမျှအရာကို ဓါတ်ပုံရိုက်ယူကာ မှတ်သားပေးထားခြင်း ။ ( တစ်ပုံရိုက်ပြီး နောက်တစ်ပုံရိုက်မည့် အချိန်ကို စိတ်ကြိုက်ပြုပြင်နိုင် :-) )
(၄) မိမိ Keyboard မှဝင်သော Key များအပြင် အပြန်အလှန် Chatting လုပ်တာတွေကိုပါ မှတ်သားပေးထားခြင်း ။
မှတ်ချက်။မသိသေးသောသူများအတွက် ဗဟုသုတအနေဖြင့် မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ .. .. တစ်ပါးသူထိခိုက်စေဖို့ မရည်ရွယ်ကြပါနဲ့လို့မေတ္တာရပ်ခံပါသည် ..
ွ