IMEEM က သီချင်းတွေကို IDM နဲ့ဒေါင်းတဲ့အခါ ဒေါင်းမရတာတွေရှိပါတယ်..အဲဒါနဲ့ ကျွန်တော်လဲ Google ထဲဝင်ပြီးမွှေနောက်ကြည့်လိုက်တယ် .ဒေါင်းလုတ်လုပ်နည်း အတော်များများ ကို တွေ့ ရတဲ့ အထဲက ကျွန်တော် Free ရတဲ့ FreeMusicZilla ကို သုံးပြီး စမ်းကြည့်တာ အဆင်ပြေပြေ ဒေါင်းလုတ် လုပ်လို့ ရတာ တွေ့ ရပါတယ်။ FreeMusicZilla ကို သုံးပြီး IMEEM ဆိုဒ်က တင်မကဘူး တခြား Music/Video Share လုပ်လေ့ရှိတဲ့ (Last.fm, Pandora, MySpace, eSnips, MOG, iJigg) က file တွေကိုလည်း download လုပ်လို့ ရပါတယ်..
၁။ ပထမဆုံး FreeMusicZilla ကို Download လုပ်ပြီး install လုပ်ပါ။ FreeMusicZilla ရဲ့ Default Setting မှာ ကျွန်တော်တို့  အသုံးများတဲ့ IE နဲ့  Firefox ကို ရွေးပြီးသားဖြစ်နေရင်တော့ ဒီနှစ်ခုကိုသာ သုံးမယ်ဆိုရင် ဘာမှ ထပ်ပြောင်းစရာမလိုပဲ Install လုပ်ပြီး တန်းသုံးလို့ ရပါပြီ။FreeMusicZilla ကို ဒီနေရာ လေးမှာယူလိုက်ပါ ..
Opera နဲ့  တခြား Browser တွေကို သုံးမယ် ဆိုရင်တော့ Tools --> Preferences ကိုသွားပြီး Monitoring Tap မှာ ကိုယ်အသုံးပြုမယ့် Browser ကို ရွေးပေးရပါမယ်။ How to monitor other browsers
၂။ နောက်တစ်ဆင့်အနေနဲ့  IMEEM ဆိုဒ်ကို သွားပြီး ကိုယ် ဒေါင်းလုတ်လုပ်ချင်တဲ့ သီချင်းကို ဖွင့်လိုက်ပါ။ ဒါဆို အဲ့ဒီ သီချင်းကို FreeMusicZilla ရဲ့ Window မှာ "Waiting for Download" ဆိုပြီး တွေ့ ရမှာပါ။ သီချင်းတွေ အများကြီး နားထောင်ထားရင် အဲ့ဒီ list မှာ အများကြီးတွေ့ ရမှာပါ။ List မှာရှိနေတဲ့ files တွေမှာ "Leach TimeOut" 0 မဖြစ်ခင်မှာ Download လုပ်ယူရမှာ ဖြစ်ပါတယ်။
၃။ ကိုယ် Download လုပ်ချင်တဲ့ file (music/video) ကို ရွေးပြီး အောက်ဆုံးမှာ တွေ့ ရတဲ့ Download Button ကို Click လုပ်လိုက်ရင် ကိုယ်ရွေးထားတဲ့ file ရဲ့ ဒေါင်းလုပ် လုပ်နေကြောင်း "Downloading" ဆိုပြီးတွေ့  ရပါမယ်။ Download လုပ်ပြီးသွားတဲ့ file တွေကို C:\Downloads\ မှာ ရှာလို့  ရပါတယ်။
ဒေါင်းလုတ်လုပ်ရင် ရမယ့် File အမျိုးအစားက FLV (Flash Video) files ပါ။ FLV files တွေကို ဖွင့်ဖို့ ဆို ကျွန်တော်ကတော့ Goom Player ကို သုံးလေ့ရှိပါတယ်။ flv မလိုချင်လို့  mp3 လိုချင်တယ်ဆိုလည်း ပြောင်းလိုက်လို့ ရတာပဲလေ။အဆင်ပြေကြပါစေ...
0 comments:
Post a Comment