Thursday, January 28, 2010

လေတိမ်းတိုင်းယိမ်းလိုက်မယ်

ကျွန်တော် ငယ်ငယ်တုန်းက ကြားဖူးနေတဲ့ ကဗျာ လေးတစ်ပုဒ်ပါ ...အရမ်းသဘောကျ လို့တင်ပေးလိုက်ပါတယ် ..အညာမြေ ရဲ့ ထန်းတောနဲ့ အညာအလှကိုဖွဲ့နွဲ့ ရေးထားတဲ့ လက်ရာမြောက် လွန်းတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်..

ထန်းပင်ညို ထန်းရွက်အို
ထန်းလက်ကြို ထန်းလက်ကြားမှာ
လက်ဖြားက ထန်းရေချို
မြမြရည်ချို………….
နေမသိမ်း လေယိမ်းလို့
မွန်းတည့်မို့တကယ်ချို
အေးမြတယ်ဗျို…….

မြူခိုးမှောင် မြူအိုးတောင် ချန်မထားပါတဲ့
နွေပူပူ ရင်မဆူအေးစေတဲ့
ပင်ကျရေချို…….

မိုးမစင် ရေမ၀င်သေးလို့
ပင်ကျရေ အပျိုစစ်မို့
ချစ်ရတယ်ဗျို့…..
ချစ်မိတော့ အသဲစွဲ
အမြဲရောက်လို့ လာတယ်ဆို
ထန်းတောညိုကို….

တစ်ခါတစ်ခါ အဘဖောက်
ကျုပ်ပျောက်လို့ရှာတယ်ဆို
ဖိနပ်ကိုလက်ကြားရှိုလို့
ဆင်တစ်ဘက် မြင်းတစ်ဘက်နဲ့
ပြေးရတယ်ဗျို့…..

နေအသိမ်း မွန်းအရိမ်းမှာ
လေသိမ်းလို့ ဘယ်ညာကို
လမ်းကျဉ်းတယ်ဗျို့…

ဟိုအပျို သတင်းမွှေး
အဆင်းလေး တကယ်ယဉ်သကို
လိုက်ပိုးမယ်ဆို
အနားတောင်မကပ်သေးပါဘူး
ဝေးဝေးက မြင်ရုံလေးနဲ့
ထန်းရေနံပြန်ပြန် ပြန်တဲ့
ဝမ်းနည်းတယ်ဗျို့…

နေနဲ့ဦး မှတ်ထားပေါ့ဒီပျိုပျို
နွားလှည်းယဉ် ဆင်ပြီးရင်ပ
ဟိုအမြှောင်ဂျပ်ကြားမှာ
ခိုးပြေးမယ်ဗျိုး……

ဒီကဗျာ လေးကို ရေးထားတဲ့ သူကိုတော့ ကျွန်တော်လဲ မသိပါဘူးခင်ဗျာ ..သိရင်လဲ ပြောသွားကြပါအုံး ... :P