Monday, March 9, 2009

Gtalk နေရာမှာပုံလေးတွေထည့်ကြည့်မယ်

ကျွန်တော်လဲ သူများဆီက ရထားတာပါ.ရထားတာကြာနေပြီဆိုတော့ လင့်ခ်တွေသေကုန်တာနဲ့ Resource Hacker လေးကို Google မှာမနဲပြန်ရှာထားရတယ်..ထုံးစံအတိုင်း သိပြီးသားဆိုရင်တော့လည်းမသိချင်ယောင်ဆောင်ပေးကြပါလို့ ......Software နဲ့ လုပ်ကြည့်မှာဖြစ်ပါတယ်..ပထမဆုံး အောက်က Resource Hacker လေးကို Download လုပ်လိုက်ပါ......
Photobucket
Photobucket

ကဲစလိုက်ကြရအောင်..C:\ ထဲက Program File ထဲမှာရှိတဲ့ googletalk.exe ဖိုင်ကို
Destop ပေါ်ကို copy ကူးထားလိုက်ပါ (ကိုယ်လုပ်တာနဲ့ မူးရင်းဖိုင်နဲ့ ရောမှာစိုးလို့ပါ )...

Download လုပ်ပြီးရင် Resource Hacker ကို ဖွင့်ပြီး
File -> Open ( Ctrl+O) ကနေ
Destop ပေါ်မှာ copy လုပ်ထားတဲ့
googletalk.exe ကို ဖွင့်လိုက်ပါ ....


Gtalk နဲ့ပတ်သက်တဲ့ Data တွေပေါ်လာပါလိမ့်မယ်....


ပထမဆုံးအနေနဲ့ အသံတွေကို ပြောင်းကြည့်ရအောင်.......
WAVE title ကို ဖွင့်လိုက်ရင် 121 , 123,124,125,126 ဆိုတဲ့ ခေါင်းစဉ်အခွဲတွေ
ထပ်တွေ့ရပါလိမ့်မယ် ... ..
121 က တဖက်က ကိုယ့်ဆီကိုစာရိုက်လိုက်ရင် ကြားရတဲ့ အသံဖြစ်ပါတယ်...
125 က ကိုယ့်ကို voice call ရင်ကြားရတဲ့ အသံဖြစ်ပါတယ် ...
အဲ့ဒီ 125 ရဲ့ အသံကိုပြောင်းမယ်ဆိုရင်

Action -> Replace other resource ... -> Open file with new resource ကနေ
ကိုယ်ထည့်မယ့် အသံ (သို့) သီချင်းကိုဖွင့်လိုက်ပါ....

Resource Type မှာ WAVE ၊ Resource Name မှာ 125 ၊ Resource Language မှာ 0
ကိုဖြည့်ပြီး Replace ကို click လိုက်ပါ ..


ဒါဆိုရင် voice ခေါ်တဲ့ အခါကြားရမဲ့ အသံပြောင်းသွားပါပြီ ....

File -> Save လုပ်လိုက်တာနဲ့ Destop ပေါ်မှာ googletalk_original.exe ဆိုတဲ့ Gtalk
ဖိုင်တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ..

googletalk.exe ဖိုင်က ကိုယ်ပြောင်းလိုက်တဲ့ Gtalk ဖြစ်ပါတယ် .....
googletalk_original.exe ကတော့ မူရင်း Gtalk ဖြစ်ပါတယ် .....

အဲ့ဒီနည်းနဲ့ WAVE ခေါင်းစဉ်အောက်မှာရှိတဲ့ အသံတွေအားလုံးပြောင်းလို့ရပါတယ် .....
( ကိုယ်ပြောင်းမယ့် အသံဖိုင် (သို့ ) သီချင်းဖိုင်က .wav ဖိုင်ဖြစ်ရပါမယ် ... Recording
စက္ကန့် 20 လောက်ဆိုရပါတယ် )
Gtalk မှာပါတဲ့ပုံတွေက တော့ Bitmap ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိပါတယ် ...

ပုံပြောင်းနည်းတစ်ခုကို ရေးပြလိုက်ပါမယ် .....
တစ်ဖက်က စာရိုက်နေရင် ကိုယ့်မှာပေါ်တဲ့ Typing သင်္ကေတ ကို
တခြားပုံပြောင်းကြည့်ရအောင် ......

-Typing သကေင်္တ ပုံရှိတဲ့နေရာက Bitmap -> 6051 မှာရှိပါတယ်....
-ပြောင်းနည်းကတော့ ........
-Bitmap ခေါင်းစဉ်အောက်က 6051 ကိုဖွင့်ပြီး Action --> Replace
-Bitmap ... --> Open file with new bitmap ကနေ ကိုယ်ထည့်ချင်တဲ့ ပုံ ကိုထည့်ပြီး
-Replace ကို click လိုက်ပါ .....


ပီးရင် File -> Save လုပ်လိုက်ရင် တစ်ဖက်က စာရိုက်နေတဲ့အခါ
ကိုယ့်မှာပေါ်မယ့် Typing သင်္ကေတ နေရာမှာ ကိုယ်ထည့်လိုက်တဲ့ပုံ ပေါ်နေပါလိမ့်မယ်.......


*ထည့်မဲ့ပုံက bmp ဖိုင်ဖြစ်ရပါမယ် ...... အရမ်းကြီးလို့မရပါဘူး ...
မူရင်း Typing သင်္ကေတ ပုံအရွယ်အစားလောက်ပဲဖြစ်ရပါမယ် ....
အဲ့ဒီနည်းနဲ့ Bitmap ခေါင်းစဉ်အောက်က ပုံတွေ ပြောင်းပစ်လို့ရပါတယ် ......

*Bitmap ခေါင်းစဉ်အောက်မှာရှိတဲ့ အချို့သင်္ကကေတပုံတွေ ရေးပြလိုက်ပါမယ် .....
6001 = Avaiable သင်္ကေတပုံ
6002= Busy သင်္ကေတပုံ
6003= Idel သင်္ကေတပုံ
5010= Gtalk left border
5011= Gtalk right border
5012= Gtalk bottom border
Gtalk မှာရှိတဲ့ စာတွေကို ပြောင်းလို့လည်းရပါတယ် ......
Gtalk က စာတွေအားလုံး String Table ခေါင်းစဉ်အောက်မှာ ရှိပါတယ် ...
ဥပမာ....
Username: ဆိုတဲ့နေရာမှာ အခြားစာပြောင်းမယ်ဆိုရင် String Table --> 95 ကို
ဖွင့်ပြီး Username ဆိုတဲ့နေရာမှာ ကြိုက်တာရေပြီး Compile Script ကို click ပြီး
File -->Save လုပ်လိုက်ရုံပါပဲ .. ...
ကျန်တဲ့ စာတွေအားလုံးကိုလည်း ဒီနည်းအတိုင်း အကုန်ပြောင်းကြည့်လို့ရပါတယ် ....
ကိုယ်ပြောင်းထားတဲ့ Gtalk နဲ့ တစ်ခုမက ဖွင့်ချင်တယ်ဆိုရင် ... ကိုယ်ပြောင်းထားတဲ့
Gtalk ကို Shortcut ထုတ်ပြီး
ထုံးစံအတိုင်း Properties ကနေ Target ဆိုတဲ့အကွက်ရဲ့ နောက်ဆုံးမှာ /nomutex ရိုက်ထဲ့ပြီး
ကြိုက်သလောက် အသုံးပြုလို့ရပါတယ် ......


အောက်က ကျနော်ပြောင်းထားတဲ့ Gtalk ပုံလေးပါ... ..

ပုံထည့်တဲ့နေရာကတော့ Bitmap ခေါင်းစဉ်အောက်က 5101 မှာပါ....


ဒီပုံလေးက icon လေးတွေထည့်ထားတာပါ..


မှတ်ချက်။ မူရင်းပိုင်ရှင်ကိုတော့ မသိတော့ပါ..

Sunday, March 8, 2009

Download files From IMEEM using FreeMusicZilla

IMEEM က သီချင်းတွေကို IDM နဲ့ဒေါင်းတဲ့အခါ ဒေါင်းမရတာတွေရှိပါတယ်..အဲဒါနဲ့ ကျွန်တော်လဲ Google ထဲဝင်ပြီးမွှေနောက်ကြည့်လိုက်တယ် .ဒေါင်းလုတ်လုပ်နည်း အတော်များများ ကို တွေ့ ရတဲ့ အထဲက ကျွန်တော် Free ရတဲ့ FreeMusicZilla ကို သုံးပြီး စမ်းကြည့်တာ အဆင်ပြေပြေ ဒေါင်းလုတ် လုပ်လို့ ရတာ တွေ့ ရပါတယ်။ FreeMusicZilla ကို သုံးပြီး IMEEM ဆိုဒ်က တင်မကဘူး တခြား Music/Video Share လုပ်လေ့ရှိတဲ့ (Last.fm, Pandora, MySpace, eSnips, MOG, iJigg) က file တွေကိုလည်း download လုပ်လို့ ရပါတယ်..

၁။ ပထမဆုံး FreeMusicZilla ကို Download လုပ်ပြီး install လုပ်ပါ။ FreeMusicZilla ရဲ့ Default Setting မှာ ကျွန်တော်တို့  အသုံးများတဲ့ IE နဲ့  Firefox ကို ရွေးပြီးသားဖြစ်နေရင်တော့ ဒီနှစ်ခုကိုသာ သုံးမယ်ဆိုရင် ဘာမှ ထပ်ပြောင်းစရာမလိုပဲ Install လုပ်ပြီး တန်းသုံးလို့ ရပါပြီ။FreeMusicZilla ကို ဒီနေရာ လေးမှာယူလိုက်ပါ ..



Opera နဲ့  တခြား Browser တွေကို သုံးမယ် ဆိုရင်တော့ Tools --> Preferences ကိုသွားပြီး Monitoring Tap မှာ ကိုယ်အသုံးပြုမယ့် Browser ကို ရွေးပေးရပါမယ်။ How to monitor other browsers
၂။ နောက်တစ်ဆင့်အနေနဲ့  IMEEM ဆိုဒ်ကို သွားပြီး ကိုယ် ဒေါင်းလုတ်လုပ်ချင်တဲ့ သီချင်းကို ဖွင့်လိုက်ပါ။ ဒါဆို အဲ့ဒီ သီချင်းကို FreeMusicZilla ရဲ့ Window မှာ "Waiting for Download" ဆိုပြီး တွေ့ ရမှာပါ။ သီချင်းတွေ အများကြီး နားထောင်ထားရင် အဲ့ဒီ list မှာ အများကြီးတွေ့ ရမှာပါ။ List မှာရှိနေတဲ့ files တွေမှာ "Leach TimeOut" 0 မဖြစ်ခင်မှာ Download လုပ်ယူရမှာ ဖြစ်ပါတယ်။


၃။ ကိုယ် Download လုပ်ချင်တဲ့ file (music/video) ကို ရွေးပြီး အောက်ဆုံးမှာ တွေ့ ရတဲ့ Download Button ကို Click လုပ်လိုက်ရင် ကိုယ်ရွေးထားတဲ့ file ရဲ့ ဒေါင်းလုပ် လုပ်နေကြောင်း "Downloading" ဆိုပြီးတွေ့  ရပါမယ်။ Download လုပ်ပြီးသွားတဲ့ file တွေကို C:\Downloads\ မှာ ရှာလို့  ရပါတယ်။



ဒေါင်းလုတ်လုပ်ရင် ရမယ့် File အမျိုးအစားက FLV (Flash Video) files ပါ။ FLV files တွေကို ဖွင့်ဖို့ ဆို ကျွန်တော်ကတော့ Goom Player ကို သုံးလေ့ရှိပါတယ်။ flv မလိုချင်လို့  mp3 လိုချင်တယ်ဆိုလည်း ပြောင်းလိုက်လို့ ရတာပဲလေ။အဆင်ပြေကြပါစေ...

Voice and Video Chat in Gmail

ဒီမနက် အိပ်ယာထ သတင်းတွေ လိုက်ကြည့်ရင် Gmail Chat မှာ Voice နဲ့  Video သုံးလို့ ရပြီဆိုတဲ့ အကြောင်း ရေးထားတာ တွေ့ လိုက်ရတယ်။ Gmail ထဲ ၀င်ပြီး Chat ထဲကို sign in ၀င်ယုံနဲ့  အသုံးပြုလို့  မရဘူး။ Plugin တစ်ခု Install လုပ်ဖို့ လိုတယ်။ Plugin install လုပ်ပြီး စမ်းကြည့်ဖြစ်တယ်။ Plugin Install လုပ်ပြီး၊ Browser Restart လုပ်ပြီးရင် Gmail ရဲ့ Setting --> Chat --> Voice and video chat ဆိုတာလေး ပေါ်လာတယ်။ Gmail Chat ထဲမှာ ကိုယ့်နာမည်ရဲ့ ဘေးမှာလည်း Video Icon လေးပေါ်တာတယ်။ ဒါဆို Microphone, Speaker နဲ့ Camera သာရှိမယ်ဆို Voice-Video Feature ကို သုံးလို့ ရပြီ။ နည်းနည်းပဲ စမ်းကြည့်ရသေးတယ်။ Video ကို Full Screen ပြောင်းလို့ရတယ်။ထုံးစံအတိုင်းသိတဲ့သူတွေတော့ မမြင်ချင်ယောင်ဆောင်ပေးပေါ့..:)Plugin လေးကို ဒီနေရာ လေးမှာယူလိုက်ပါ.


အသေးစိတ် သိချင်တယ်ဆို Gmail Official Blog မှာ ဖတ်ကြည့်ပါ။
Official Gmail Blog: Say hello to Gmail voice and video chat
"Gmail voice and video chat" in YouTube

Plugin သွင်းထားရက်နဲ့  မမြင်ရဘူးဆိုရင် Tools --> Add-ons ကိုသွားပြီး Plugins မှာ Google Talk ၀င်မ၀င် ကြည့်လို့ ရပါတယ်။ မ၀င်သေးဘူးဆို ပြန်ထပ်သွင်းဖို့ လိုပါတယ်။


ကွှန်တော်စမ်းကြည့်တုန်းက Plugins လည်း Install လုပ်ပြီးသား ဆိုတာ တွေ့ ရက်နဲ့  VDO Chat သုံးမရဘူး။ ရှိသမျှ Browsers (IE,Firefox,Opera,Chrome) အကုန်စမ်းတယ် မရဘူး။ နောက်တော့ ရှုပ်ပါတယ် ဆိုပြီး ကွန်ပြူတာ restart လုပ်ပြီး Gmail ပြန်ဝင်ကြည့်တဲ့အခါမှာတော့ VDO chat သုံးလို့ ရသွားပါတယ်။ ကျွန်တော့် ကြုံခဲ့ရတဲ့ အတွေ့ အကြုံပါ။ သူငယ်ချင်းတို့သုံးတဲ့အခါ Plugins Install လုပ် Browser တွေအကုန် ပိတ်ပြီး ပြန်ဝင်ယုံနဲ့  အဆင်ပြေနိုင်ပါတယ်။

Gပုန်း လုပ်လိုသူများအတွက်





gmail ကနေ invisible လုပ်ရတာမကျေနပ်သေးတဲ့သူငယ်ချင်းများအတွက် ....
Gtalk မှာပါ invisible နဲ့ ချက်နိုင်ကြပါပြီ ....
စမ်းကြည့်ချင်သူများ ..http://www.google.com/talk/labsedition/download.html ..ဒီလင့်ခ်လေး မှာသွားဒေါင်းပါ ....ပြီးရင်Run လိုက်ပါ .gtalk ကိုဖွင့်ပြီး ...ရိုးရိုး gtalk တွေ sign out လုပ်တဲ့နေရာမှာတင်
invisible လုပ်လို့ရပါတယ် ......


ဒါပေမဲ့အောက်ကစာသားလေးတော့ သတိထားပေါ့ ....

Google မှာ ပို့လို့ရတဲ့ မေးလ်မို့ Gmail ဟုခေါ်သည် ...
Google မှာ talk နိုင်လို့မို့ Gtalk ဟုခေါ်သည် ...
Google မှာ ပုန်းနေတဲ့ သူများ ကိုတော့ Gပုန်း ဟုခေါ်သည် ...တဲ့ .....ဟဲဟဲ ..း)))

(ရုပ်ဆိုး)

Wednesday, March 4, 2009

တမ်းတသူ အလွမ်း ...

♥မိုးစက်တွေကြွေ
မြေမှာခပေမယ့်
ခြေရာမပြနိုင်တာက
ရင်ထဲက ဒဏ်ရာတွေလေ...

♥တိမ်ရောင်တွေပြို
လျှပ်ရောင်တွေစိုလို့
ထစ်ချုန်း မစဲအောင်ရွာချပေမယ့်
တမ်းတသူ အပူလွမ်းကို
ရင်အေးအောင် မစွမ်းနိုင်တာ
သိစေချင်တယ်လေ...

♥လေအဝှေ့မှာ
သင်းပျံ့တဲ့ ပန်းရနံ့တွေ
ဘ၀င်တွေ့အောင်
ရှူရှိုက်ရပေမယ့်
ယစ်မှူးစွာ တပ်မက်ခဲ့တဲ့
ချစ်သူရနံ့လေးကို မမီ...
လေရယ်...
မင်းသယ်ဆောင်လာတဲ့
စပယ်ရနံ့လေးလည်း
ငါ့ကိုမဖြားယောင်းနိုင်ဘူးလေ...

♥အိုကွယ်...
မခံစားရအောင်
မိုးတွေရယ်မရွာ
လေပြည်မှာ ရနံ့မသင်းစေဖို့
တောင်းဆုချွေ စိတ်ဆန္ဒ
လိုမှမလိုအပ်တော့တာ
ချစ်သူက....သတိတရ ရှိရင်ပေါ့လေ။

Sunday, March 1, 2009

keylogger ကိုလှည့်စားကြည့်ခြင်း

Keyboard ကနေဘာပဲရိုက်ရိုက် မှတ်ထားပေးတတ်တဲ့ keylogger ကို ကျွန်တော်တို့ အလွယ်တကူ လှည့်စားကြည့်ကြရအောင်။ အရမ်းကြီးတော့ မခက်ပါဘူး။

keylogger ရဲ့အားနည်းချက်ကို အသုံးပြုရမှာပါ။ အဲဒီအတွက် mouse ပဲလိုအပ်ပါတယ်။

beautiful ကိုရိုက်မယ်ဆိုပါတော့ ပထမ ti ကိုရိုက်လိုက်ပါမယ်။ ပြီးရင် mouse ကိုအသုံးပြုပြီး

cursor ကို t ရဲ့ရှေ့ကိုရွှေ့လိုက်ပါ။ ပြီးရင် be ကိုရိုက်လိုက်ပါမယ်။ ပြီးသွားရင် စောစောကလိုပဲ

mouse ကိုအသုံးပြုပြီး cursor ကို i ရဲ့နောက်ကိုရွှေ့လိုက်ပါမယ်။ ပြီးရင် ful ကိုဆက်ရိုက်လိုက်ပါမယ်။

ပြီးသွားရင် cursor ကို t ရဲ့ရှေ့ကို ပြန်ရွှေ့လိုက်ပါ။ ကျန်နေသေးတဲ့ au ကိုရိုက်လိုက်ပါ။ ဒါဆိုရင်တော့

keylogger မှာ tibefulau ဆိုပြီးပေါ်နေမှာပါ။ သတိပြုရမှာက cursor ကိုရွှေ့ရာမှာ လုံးဝ(လုံးဝ)

keyboard ပေါ်က arrow key တွေကို အသုံးမပြုမိပါစေနဲ့။ mouse ကိုအသုံးပြုပြီးပဲ ရွှေ့ဖို့လိုအပ်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
မှတ်ချက် ။ ကိုမြတ်ကိုအားကျေးဇူးတင်ရှိပါသည်.

Perfect.Keylogger _v1.6.7 ( Keygen )

ကို Ogre ဆီမှရထားတဲ့ Keylogger Software ကောင်းလေးတစ်ခုပါပဲ .. .. ( Keygen လေးလည်းပါ ပါတယ် )
ဒီ Keylogger လေးကတော့ Keystrokes တွေကိုမှတ်သားပေးထားရုံတင်မကဘဲ အောက်ပါလုပ်ဆောင်ချက်တွေကိုပါ လုပ်ဆောင်ပေးပါတယ် ။


(၁) Keyboard က type သမျှ အရာအားလုံးကို မှတ်ထာပေးထားခြင်း ။
(၂) ဖွင့်သမျှ Website Links တွေကို မှတ်သားပေးထားခြင်း ။
(၃) Screen မှာပေါ်သမျှအရာကို ဓါတ်ပုံရိုက်ယူကာ မှတ်သားပေးထားခြင်း ။ ( တစ်ပုံရိုက်ပြီး နောက်တစ်ပုံရိုက်မည့် အချိန်ကို စိတ်ကြိုက်ပြုပြင်နိုင် :-) )
(၄) မိမိ Keyboard မှဝင်သော Key များအပြင် အပြန်အလှန် Chatting လုပ်တာတွေကိုပါ မှတ်သားပေးထားခြင်း ။



Photobucket

မှတ်ချက်။မသိသေးသောသူများအတွက် ဗဟုသုတအနေဖြင့် မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ .. .. တစ်ပါးသူထိခိုက်စေဖို့ မရည်ရွယ်ကြပါနဲ့လို့မေတ္တာရပ်ခံပါသည် ..