Saturday, January 31, 2009

စာလုံးလှလှလေးတွေ ရေးကြည့်ရအောင်

ကျွန်တော် ကတော့ Photoshop မှာ ကျန်တာတွေ လုပ်တာထက် Text Effect တွေလုပ်တာတွေကို ပိုသဘောကျပါတယ် ..... Website မှာ ဒီဇိုင်းတွေ လုပ်တာမလုပ်တာက တော့ ကျွန်တော် အတွက်မရေးမကြီးပါဘူး ... အဲ ဒါလေးတွေ လုပ်နေရတာဟာ ငယ်ငယ်က ကလေးအရွယ်မှာ ပုံလေးတွေဆွဲရသလို ရောင်စုံခဲတံလေးတွေနဲ့ အရောက်လေးတွေ ချယ် ရသလိုပဲ အင်မတန်မှ ပျော်စရာကောင်းပါတယ် .....ကျွန်တော် အခုပြောပြမယ့် Text Effect ကတော့ စာလုံးလေးရဲ့  အသားကို ပန်းခင်းလှလှလေး ထည့်တာဖြစ်ပါတယ် ကိုယ်ကြိုက်တာလည်း ထည့်လို့ရပါတယ် ....ပြီးရင် စာလုံးလေးက အရိပ်ကလေး ကျနေတဲ့ ပုံလေးပေါ့ဗျာ ............
ကဲစလိုက်တော့ မယ် ဗျာ ..............။

အဆင့် ( ၁ ) ပထမ အဆင့်အနေနဲ့ ဖိုင်အသစ်တစ်ခု ကို မိမိစိတ်ကြိုက် အရွယ်အစား ရွေးချယ်ပါ ။ ပြီးလျှင် ok ပေးပါ ။


ဒီနေရာမှာ ကိုယ်ကြိုက်တဲ့ ဓာတ်ပုံပေါ်မှာ ရေးမယ် ဆိုရင်လည်း အဲဒီဓာတ်ပုံကို ဖွင့်ဖို့ လိုပါလိမ့်မယ် .....


အဆင့် ( ၂) Background အရောင်ကို မိမိ စိတ်ကြိုက် အရောင် များရွေးချယ်၍ Text Tool အားကလစ်လုပ်ပါ ... ပြီးလျှင် မိမိရေးချင်တဲ့ စာသားကို အောက်မှာ ရိုက်ထည့်ပါ ... မြန်မာလိုလဲရိုက်လိုရပါတယ် မြန်မာဖောင့်တွေ တင်ထားမယ်ဆိုရင်တော့ ပေါ့ဗျာ ....


အဆင့် ( ၃ ) Ctrl+T အား နှိပ်၍ စားလုံးပုံစံအားမိမိစိတ်ကြိုက် လှည့်လိုရပါသည် ။ အကြီးအသေးကိုမိမိ လိုသလို ပြုလုပ်ပါ ။

အဆင့် ( ၄ ) ပုံတွင် ပြထားသည့်အတိုင်း f အား ကလစ်ပါ

အားလုံးပဲပျော်ရွှင်ကြပါစေခင်ဗျာ ။

**ကျွန်တော့်အစ်ကိုကြီး မောင်နိုင်ဆီမှ ဝေမျှပါသည်

How To Crack WindowMediaPlayer11 in Microsoft Windows XP

WindowMediaPlayer11 ကို Microsoft Windows XP မှာ ဘယ်လို Crack ချိုးတင်တယ် ဆိုတာကို ပြောပြ မှာဖြစ်ပါတယ် ။ အရင်ဆုံး
ဒီနေရာ မှာ wmp11-windowsxp-x86-enu.exe အား ဒေါင်းလုပ်ချပါ ။ ဒေါင်း လုပ်ချပြီးရင်တော့ပုံမှာ


ပြထားတဲ့အတိုင်း Right Click ထောက်ပြီးတော့ Extract to wmp11-windowsxp-x86-enu\ ဆိုတာကိုနှိပ်ပါ့မယ် ။ အဲဒီလိုပေါ်ဖို့အတွက် WinRAR ဆော့ဝဲလ်လေး တင်ထားဖို့လိုပါ့မယ် ။ မရှိရင်
ဤနေရာတွင် ဒေါင်းလုပ်ချနိုင်ပါတယ် ခင်ဗျာ ။ ဖြေပြီး သွားတဲ့အခါမှာ wmp11-windowsxp-x86-enu ဖိုင်တစ်ခုရလာမှာဖြစ်ပါတယ် ။ အဲဒါကိုဖွင့်ပြီးတော့ Crack ဖိုင် LegitLibM.dll ကို အဲဒီ wmp11-windowsxp-x86-enu ထဲကို သွားထည့်မှာ ဖြစ်ပါတယ် ။ အဲလို ထည့်ပြီး ရင်တော့ ပုံမှာ


ပြထားတဲ့ အတိုင်း setup_wm.exe ဖိုင်ကို Run လို့ရပါပြီခင်ဗျာ ။ ကျန်တာတွေကတော့ ကျွန်တော် အရင်က တင်ထားတဲ့ ပုံစံအတိုင်းပါပဲ ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ ။ ..

3D စာလုံးလှလှလေးတွေရေးကြမယ်




Animation 3D စားလုံးလှလှလေးများ ၊ ဖရိန်လှလှလေးများ လုပ်ချင်သူများအတွက် ဆော့ဝဲလ်တစ်ခု တင်ပေး လိုက်ပါတယ် ခင်ဗျာ ။ Xara3D.6.0 ဆော့ဝဲလ်လေးပါခင်ဗျာ ။ သုံးကြည့်ပါ မသူံးဘူးသေးရင်တော့ ။ စာလုံးအ ရောင်တွေလှသလို ဖရိန်လေးတွေလည်းလှပါတယ် ။ Keygen ဖိုင်လည်း ထည့်ထားပေးပါတယ်ခင်ဗျာ ။ အခက် အခဲများ ရှိပါက ကွန်မန့်ရေး၍ ပြောကြားနိုင်ပါတယ် ခင်ဗျာ ။


Photobucket


အဲဒီဆော့ဝဲလ်နဲ့ ရေးထားတဲ့ စာလုံးတစ်ချို့ ကို နမူနာ တင်ပေးလိုက်ပါတယ်ဗျာ ။
ဥပမာ ( ၁ )
ဥပမာ ( ၂ )






Animation GIF ဖိုင်ထုတ်ချင်သူများအတွက် File - -> Export animation Ctrl+Shift+X ကိုနှိပ်၍ GIF ဖိုင် များထုတ်နိုင်ပါတယ် ခင်ဗျာ ။

How to Crack Ulead GIF Animator 5

ကျွန်တော် အခုပြောပြမှာကတော့ Ulead GIF Animator 5 ကို ဘယ်လို Crack ချိုးတယ်ဆိုတာကို ပြောပြမှာ ဖြစ်ပါတယ် ခင်ဗျာ ။ ဒီဆော့ဝဲလ်မှာ ဘယ်နေရာတွေမှာ သုံးလို့ရလည်း ဆိုရင်တော့ ဗွီဒီယိုင်ဖိုင်များအား မိမိ လို သောအပိုင်းများအား ဖျက်ခြင်း ၊ ဗွီဒီယိုဖိုင်များမှာ မိမိကြိုက်နှစ်သက်သော အခန်းများအား GIF ဖိုင်အမျိုးအစား ရှိ ဓာတ်ပုံများ ထုတ်နိုင်ခြင်း ၊ GIF ဖိုင်ပြုလုပ်ထားသော ဓာတ်ပုံများအား ပြန်လည်ပြင်ဆင်ခြင်း ၊ လှပသော စာ တမ်းများထိုးခြင်း စသည် တို့ကို ပြုလုပ်နိုင်ပါတယ် ခင်ဗျာ ။
အဆင့် ( ၁ ) ။ ဆော့ဝဲလ်အား စက်တွင် RUN လိုက်ပါ ။

အဆင့် ( ၂ ) ။ ဆော့ဝဲလ်အား RUN ပြီးရင် Shortcut အား ခေါ်လိုက်သည်နှင့် ပုံတွေ မြင်တွေ့ ရသည့်အတိုင်း ၁၅ ရက် အသုံးပြု၍ ရမည်ဟု ပေါ်မှာ ဖြစ်ပါတယ် ။ ဆော့ဝဲလ်အား အသုံးမပြုပဲ ပိတ်လိုက်ပါ ။

အဆင့် ( ၃ ) ။ ပုံမှာ ပြထားတာကတော့ ဆော့ဝဲလ်မှာ ပါတဲ့ ဖိုင်တွေ ဖြစ်ပါတယ် ။ http://www.ulead.com/ ကနေ ဒေါင်း လုပ်ချမယ်ဆိုရင်တော့ ဒီဖိုင်တွေ ပါမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော် ဖိုင်အားလုံးကို ထည့်ပေး ထားပါတယ် ခင်ဗျာ ။ အဲဒီဖိုင်များထဲမှ Ulead GIF Animator 5.05 Trial English - Bidjan ဟု ရေးထား သော ဖိုင်အားဖွင့် ပါ ။ ထိုနောက် Ulead GIF Animator 5.05 Trial English - Bidjan.exe ဖိုင်အား RUN ပါ ။
အဆင့် ( ၄ ) ။ Ulead GIF Animator 5.05 Trial English - Bidjan.exe အား RUN ပြီးသော အခါ အောက် တွင် ပြထားသည့်အတိုင်း ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော် တို့ ဒီဆော့ဝဲလ် ကို ခရက်ချိုးခြင်း အပိုင်းပြီးပါပြီ ခင် ဗျာ ။ ရက်အကန့်အသတ် မရှိ အသုံးပြုလို့ ရပါပြီခင်ဗျာ ။
အဆင့် ( ၅ ) ။ ဆော့ဝဲလ် အား စတင်အသုံးပြုလို့ ရပါပြီ ခင်ဗျာ ။


အဆင့် ( ၆ ) ။ GIF ဖိုင်ထုတ်ချင် သူများအတွက် File --> Save As --> GIF File ( Ctrl+Shift+S ) ကိုနှိပ်၍ သိမ်းဆည်းနိုင်ပါတယ် ခင်ဗျာ ။
Software နှင့် Crack ဖိုင်တွေကို တင်းပေးလိုက်ပါတယ် ခင်ဗျာ ။ Software ဖိုင်တွေကို အောက်ကလင့်ခ်လေးမှာဒေါင်းလုပ်ချနိုင်ပါတယ် ခင်ဗျာ ။

http://www.mediafire.com/?1fk2wynyomn

ဆော့ဝဲလ်အား RUN တဲ့အခါမှာUlead_GIF_Animator_v.5.05.exe အား RUN ပါ ။ Ulead ဖိုဒါဖိုင်အား မီဂါဗိုက်များတဲ့ အတွက်တင်မပေးလိုက် ပါဘူးခင်ဗျာ ။ ကျန်တဲ့ဖိုင်တွေ ကိုတော့ တင်ပေးလိုက် ပါတယ် ။ အဆင်မပြေရင် ကွန်မန့်ရေးပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

ပညာဟူသမျှ ဖြန့််ဝေကြ

သေရင်ကိုယ်နောက်ပါမည် မဟုတ် ။

**ကျွန်တော် အစ်ကိုကြီးမောင်နိုင်ဆီမှ ပြန်လည်မျှဝေပါသည် ..

Friday, January 30, 2009

How to install Borland C++ Builder 5

ကျွန်တော်အခု ပြောပြမှာကတော့ Borland C++ Builder 5 ကို ဘယ်လို install လုပ်တယ်ဆိုတာကို ပြော ပြမှာဖြစ်ပါတယ် ။
ပုံ ( ၁ ) ။ software ကိုစပြီး install လုပ်တဲ့ အနေအထားဖြစ်ပါတယ် ။

ပုံ ( ၂ ) ။ Serial Number နဲ့ Authorization Key ကိုဖြည့်ပေးရမယ် အနေအထားဖြစ်ပါတယ် ။ Serial Number နဲ့ Authorization Key ကို မဖြည့်ခင်အနေအထားမှာ Next -Button လေးဟာအလုပ်မလုပ်ပဲ မှိန် နေတဲ့ အနေအထားဖြစ်ပါတယ် ။
ပုံ ( ၃ ) ။ Serial Number နဲ့ Authorization Key ကိုပုံမှာပြထားတဲ့အတိုင်း ဖြည့်လိုက်ပါ ။ Serial Number နဲ့ Authorization Key ကိုဖြည့်လိုက်ပြီးတာနဲ့ Next - Button လေးဟာ အလုပ်လုပ်လို့ရတဲ့ အနေအထားကို ရောက်လာမှာဖြစ်ပါတယ် ။
ပုံ ( ၄ ) ။ Serial Number နဲ့ Authorization Key ကို ဖြည့်ပြီးသွားလျှင် Authorization Key မှ 2301 မှ 1 တစ်လုံးအား ဖျက်ပါ ။ ထိုနောက် 4eb1 မှ 1 တစ်လုံးဖျက်ပါ ။ ထိုနောက် Next - Button အားကနှိပ်၍ တစ်ဆင့် ချင်း ပြုလုပ်ပါ ။ ဤနေရာတွင် Serial Number နဲ့ Authorization Key ကို ဖြည့်စွက်တာ မှားပါက software သည် ကောင်းကောင်းအလုပ်မလုပ်ပါ ။ အလုပ်လုပ်လျှင်လည်း အမှားများတွေ့နိုင်ပါသည် ။ ဤနေရာတွင် Serial Number နဲ့ Authorization Key များကို သေချာဖြည့်ဖို့ တိုက်တွန်းလိုပါသည် ။
ပုံ ( ၅ ) ။ ဒါကတော့ software ကို Run နေတဲ့ အနေအထားပါ ။ ကျန်တဲ့အပိုင်းတွေ အားလုံးကတော့ အခက် အခဲသိပ်မရှိပါဘူး ။ software က ညွန့်ကြားတဲ့အတိုင်း ပြုလုပ်သွားရုံပါပဲ ။

Serial Number နဲ့ Authorization Key ကို ကျွန်တော် ထပ်ရေးပေးလိုက်ပါတယ် ခင်ဗျာ ။

Serial Number : 111 - 111 - 1111

Authorization Key : 4eb1 - 2301
အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ ။

အလွမ်း ခုံလေး နှင့် ကျွန်တော်

စိတ်ထဲက အလိုလိုသိနေကြတဲ့
တို့နှစ်ယောက်ရဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ
တကယ်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ပါ့မလားကွယ် ...

ချစ်တယ်ဆိုတဲ့ စကားလေးနှစ်ခွန်း .....
အဲဒီ စကားလုံးလေးတွေကို
နှစ်ယောက်သောသူက တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန် အသိအမှတ်ပြုမှ
ဒီစကားလုံး လေးရဲ့ အဓိပ္ပာယ်ဟာ
အသက်ဝင်ပါတယ်
ချစ်တယ်ဆိုတဲ့
စကားလုံးလေးကို
အသက်သွင်းဖို့
တို့နှစ်ယောက်ဆွံ့အနေကြတယ်


မင်းနဲ့ အတူ ရှိနေတဲ့ အချိန်
လေဟာနယ်ထဲက
မင်းရဲ့ ရင်ခုန်သံကို နားထောင်မိတယ်
အိုး မင်းရင်ထဲမှာ
ငါရှိနေပါ့လား

တချိန်က ရူးသွပ်ခဲ့တဲ့
ငါ့ရဲ့  အချစ်တွေ
ဖောက်ထွင်းလို့ မရနိုင်တဲ့
တံတိုင်းတွေ ကာဆီးထားလေတော့
အခုတော့
တို့ နှစ်ယောက် ဝေးကြပြီ ….

နာကျင်နေတဲ့ ငါ့ နှလုံးသားမှာ
သူအတွက် သတိရခြင်းတွေ ရှိနေတယ်
တိုက်ဆိုင်မှုလေးတွေ က
ငါ့အတွက် အလွမ်းပြေပေါ့ …..
ဒဏ်ရာတွေ ပြည့်နေတဲ့
ဟော ဒီရင် ဘတ်ကြီးထဲမှာ
အတိတ်က ဝေဒနာတွေကို
ရင်နာနာ နဲ့ ပဲ
ငါသိမ်းထားလိုက်ပါမယ် …..

အခုတော့
ဒီခုံလေးမှာ
ငါတစ်ယောက်တည်း ………….
………………….. ။


ရင်ဘတ်ထဲက အလွမ်းတွေ နဲ့ ကျွန်တော် ...

How to Crack Adobe Photoshop CS3

အခု ကျွန်တော်ပြောပြမှာကတော့ Adobe Photoshop CS3 ကို Serial Number ကို မသုံးပဲနဲ့ Crack ချိုးတဲ့ နည်းကိုပြောပြမှာဖြစ်ပါတယ် ။
ပုံ ( ၁ ) ။ ဒါကတော့ Adobe Photoshop CS3 ကို Run ပြီးလို့ Software ကိုသုံးတော့မယ်ဆိုရင် တွေ့ရတဲ့ အ နေအထားဖြစ်ပါတယ် ။


ပုံ ( ၂ ) ။ Software ကို အသုံးပြုဖို့ Serial Number တောင်းတဲ့အခါမှာ ပုံမှာပြထားတဲ့ အတိုင်း Quit လုပ်လိုက် ပါ ။

ပုံ ( ၃ ) ။ Quit လုပ်ပြီးတဲ့နောက်မှာ C:\Program Files\Adobe\Adobe Photoshop CS3\AMT ဖိုင်ထဲ့မှာရှိ တဲ့ application.sif ဆိုတဲ့ဖိုင်လေးရှိပါတယ် ။



ပုံ ( ၄ ) ။ C:\Program Files\Adobe\Adobe Photoshop CS3\AMT ဖိုင်ထဲ့မှာရှိ တဲ့ application.sif ဆိုတဲ့ဖိုင်လေးကို Rename ပေးလိုက်ပါ ။ ကြိုက်တဲ့နာမည်ပေးလို့ရပါတယ် ။ ကျွန်တော်ကတော့ နောက်က application.sif_ ဆိုပြီးပေးထားပါတယ် ။



Crack ဖိုင်ကို ဒီနေရာမှာ ရယူနိုင်ပါသည် ။



အဲဒီနောက်မှာ ကျွန်တော် အခုတင်ပေးထားတဲ့ Crack ဖိုင်များကိုဒေါင်းလုပ်ယူ၍ C:\Program Files\ Adobe\ Adobe Photoshop CS3 ဆိုတဲ့ ရေရာမှာ ထည့်လိုက်ပါ ။ ဒါဆိုရင် Adobe Photoshop CS3 ကို စသုံးလို့ရ ပါပြီခင်ဗျာ ။



Serial Number နဲ့ သုံးချင်တဲ့သူတွေအတွက်လည်း Serial Number တွေထည့်ပေးလိုက်ပါတယ် ။ အင်တာ နက်မရတဲ့အခါမှာ Active လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကျွန်တော် က Serial Number မသုံးပဲ Crack ချိုး တာကိုပြောပြခြင်းဖြစ်ပါတယ် ။ အင်တာနက်ရမယ်ဆိုရင်တော့ Serial Number နဲ့ချိုးတာ ပိုကောင်းတာပေါ့ ။ အားလုံးပဲအဆင်ပြေကြပါစေ ခင်ဗျာ ။