Saturday, January 31, 2009

စာလုံးလှလှလေးတွေ ရေးကြည့်ရအောင်

ကျွန်တော် ကတော့ Photoshop မှာ ကျန်တာတွေ လုပ်တာထက် Text Effect တွေလုပ်တာတွေကို ပိုသဘောကျပါတယ် ..... Website မှာ ဒီဇိုင်းတွေ လုပ်တာမလုပ်တာက တော့ ကျွန်တော် အတွက်မရေးမကြီးပါဘူး ... အဲ ဒါလေးတွေ လုပ်နေရတာဟာ ငယ်ငယ်က ကလေးအရွယ်မှာ ပုံလေးတွေဆွဲရသလို ရောင်စုံခဲတံလေးတွေနဲ့ အရောက်လေးတွေ ချယ် ရသလိုပဲ အင်မတန်မှ ပျော်စရာကောင်းပါတယ် .....ကျွန်တော် အခုပြောပြမယ့် Text Effect ကတော့ စာလုံးလေးရဲ့  အသားကို ပန်းခင်းလှလှလေး ထည့်တာဖြစ်ပါတယ် ကိုယ်ကြိုက်တာလည်း ထည့်လို့ရပါတယ် ....ပြီးရင် စာလုံးလေးက အရိပ်ကလေး ကျနေတဲ့ ပုံလေးပေါ့ဗျာ ............
ကဲစလိုက်တော့ မယ် ဗျာ ..............။

အဆင့် ( ၁ ) ပထမ အဆင့်အနေနဲ့ ဖိုင်အသစ်တစ်ခု ကို မိမိစိတ်ကြိုက် အရွယ်အစား ရွေးချယ်ပါ ။ ပြီးလျှင် ok ပေးပါ ။


ဒီနေရာမှာ ကိုယ်ကြိုက်တဲ့ ဓာတ်ပုံပေါ်မှာ ရေးမယ် ဆိုရင်လည်း အဲဒီဓာတ်ပုံကို ဖွင့်ဖို့ လိုပါလိမ့်မယ် .....


အဆင့် ( ၂) Background အရောင်ကို မိမိ စိတ်ကြိုက် အရောင် များရွေးချယ်၍ Text Tool အားကလစ်လုပ်ပါ ... ပြီးလျှင် မိမိရေးချင်တဲ့ စာသားကို အောက်မှာ ရိုက်ထည့်ပါ ... မြန်မာလိုလဲရိုက်လိုရပါတယ် မြန်မာဖောင့်တွေ တင်ထားမယ်ဆိုရင်တော့ ပေါ့ဗျာ ....


အဆင့် ( ၃ ) Ctrl+T အား နှိပ်၍ စားလုံးပုံစံအားမိမိစိတ်ကြိုက် လှည့်လိုရပါသည် ။ အကြီးအသေးကိုမိမိ လိုသလို ပြုလုပ်ပါ ။

အဆင့် ( ၄ ) ပုံတွင် ပြထားသည့်အတိုင်း f အား ကလစ်ပါ

အားလုံးပဲပျော်ရွှင်ကြပါစေခင်ဗျာ ။

**ကျွန်တော့်အစ်ကိုကြီး မောင်နိုင်ဆီမှ ဝေမျှပါသည်

0 comments:

Post a Comment