ဗိုက်ရပ်စ် လိုပြောရမလား ဘာလိုပြောရမှန်းမသိတဲ့ Windows တစ်ခု ဖွင့်ပြီး အဲဒီ ၀င်းဒိုးထဲမှာ ရှိတဲ့ ဒေတာတွေ ကို ဖွင့်ရင် ဖွင့်ချင်တဲ့ ၀င်းဒိုးတော့ပွင့်ပါတယ် ။ ဒါပေမယ့် နောက်တစ်ခု ထပ်ပွင့်နေတယ် ။ ကွန်ပျူတာ မှာ application error တစ်ခုတတ်နေတဲ့ သ ဘောမျိုးလေးပေါ့ဗျာ ။ အဲဒါကို ဘယ်လို ဖြေရှင်းရမလည်းဆိုတာကို အခု ပြောပြချင်ပါတယ် ခင်ဗျာ ။ ကဲစပါမယ်ခင်ဗျာ ။
ပထမဆုံး ပါတေးရှင်း တွေကို ဖွင့်လိုက်ရင် အခုလို မြင်ရတဲ့ ပုံစံမျိုးတွေ ဖြစ်ဖြစ်နေတာကို ပြောတာပါခင်ဗျာ ။
အဲဒါကို ဘယ်လို ဖွင့်ရမလည်း ဆိုတော့ ဇစ်ဖိုင်တွေကို ဖြေတဲ့ ချူပ်တဲ့ WinRAR software လေး Run ပြီး open with မှာ အဲဒီ WinRAR နဲ့ ဖွင့်ဖို့လိုပါမယ် ။
ပုံမှာ ပြထားတဲ့ အတိုင်း ပွင့်လာတဲ့ အဖိုင်တွေထဲက autorun.inf ဆိုတဲ့ ဖိုင်အမျိုးအစားကို ရှာပါ ခင်ဗျာ ။
အဲဒီ autorun.inf ဖိုင်လေးလား Delete လုပ်လိုက်ပါ ခင်ဗျာ ။ မိမိကွန်ပျူတာမှာ ပါတေးရှင်း ရှိရင် ရှိသလောက် ကို လိုက်ဖွင့်ပြီး အဲဒီ အထဲမှာ ရှိနေတဲ့ autorun.inf ဖိုင်တွေကိုလည်း Delete လုပ်လိုက်ပါခင်ဗျာ ။ အားလုံးဖျက် ပြီးသွားရင် ကွန်ပျူတာအား Restart ချလိုက်ပါခင်ဗျာ ။ Windows ပြန်တတ်လာရင် အားလုံး အဆင်ပြေသွားပါ လိမ့်မယ် ။
0 comments:
Post a Comment