Thursday, January 29, 2009

ဥယာဉ်မှူးဘဝ

ဥယျာဉ်မှူး ပန်းမခူးရ
ပမာပြသည့် စကား
ရင်ကြားသို. ဖြတ်စီး
နောက်လှည့်ကာ ကျောခိုင်းရအောင်ကလည်း
သူပျော်မွေ. အဲဒီဥယျာဉ်
ကိုယ်က သခင်မှ မဟုတ်တာပဲ … ။

နုလှတဲ့ ပန်းတစ်ပွင့်မို.
လူတကာ လှမ်းလင့်ချင်သလို
မက်တွယ်ချင် ရနံရှင်မို.
လူတကာချူ ဖို.ပြင်သလို
ကိုယ်လည်း နှလုံးသားနဲ.
ပန်းချစ်တတ်တဲ့ လူသားတစ်ယောက်ပါ .. ။

ဒါပေမယ့် ………………..
အများနဲ. ယှဉ်ပြိုင်
ခူးနိုင်တဲ့ သတ္တိ
ကိုယ့်မှာ မရှိတဲ့ အပြင်
လှမ်းချင်တဲ့ လက်နှစ်ဖက်
ရွှံ.စက်တွေပေ
သူ အလိုမကျမှာလည်း စိုးထိတ်မိပါတယ် .. ။
နှလုံးသားနဲ. ထွေးပိုက်
အမြဲနမ်းရှိုက် နေချင်လည်း
သက်ပြင်းတွေခါခါချ
သူ မွန်းကြပ်နေမှာ စိုးမိတယ် ။

ဒီလိုနဲ.ပဲ ……
အရာရာကို စိုးထိတ်
တိတ်တဆိတ်နေရင်း
သူပျော်မွေ. ဥယျာဉ်ဘေးမှာ
မျက်ရည်တေး တွေနဲ.ပေါ့
သူကို အရမ်းလွမ်းတယ်
သူလာမယ့် အချိန်ကို စောင့်နေမိတာ
အခု အချိန်အထိပါပဲ … ။

0 comments:

Post a Comment