Thursday, January 29, 2009

" အမေ သို့ တမ်းချင်း "


မွေးသန္စတည်…..ရေကြည်ကာလ
ကလေးဘ၀ကစ…အေးမြမေတ္တာ
စမ်းရေပမာနှယ်..။
သြော် ...
လောကဓံအလယ်…လူမမယ်သား
ထွေလေးပါး(စား၊၀တ်၊နေ၊ပညာရေး)ကို
များပျားပြည်.စုံ….ကုံလုံကြွယ်ဝ
ချမ်းသာရအောင်….
ငါ.ကိုလွယ်ပိုက်…ချွေးပျိုက်ပျိုက်ကျအောင်
ဆင်းရဲကြီးစွာ…ရုံးကန်ရှာခဲ.။
ချိန်တန်ရွယ်ရောက်…ရင်အောက်ကခွာ
လူ.ဘောင်ရွာဝယ်…မျက်စိသငယ်နားသငယ်နှင်.
ပဲ.ပြင်ထိန်းကျောင်း….အနာဂတ်ကောင်းအောင်
ရှိသမျှအမွေ..ပေးလို.ဝေခဲ.
သစ်တစ်ပင်ကောင်းငှက်တစ်သောင်ခိုသို.
မိဘရိပ်ဝယ်နားနေခဲ.သည်။
သက်ရွယ်ကြီးလာ…ခါးကိုင်းပါလို.
ဆံဖြူသွားကြိုး….တုတ်ကောက်အားကိုးခဲ.ပြီ
ငယ်စဉ်ချိန်ခါ..နားခိုပါလည်း
သစ်ကိုင်းမဲ.သောသစ်ပင်အိုလို…ငါ.အမေအိုတော.
ဘေးမှာဘယ်သူရှိလိမ်းတည်း…။

*အားလုံးသော မိခင်များအား ရှိခိုးကန်တော့လျက်*

0 comments:

Post a Comment