အနှီး အဖြူရောင်ပေါ်က
အပ်ချည်စိမ်းရောင် “လူလေး”စာလုံးလေးး
မျက်လုံးဝိုင်းဝိုင်း နဲ့ တချက်ချက်မော်ကြည့်လိုက်တိုင်း
ခွန်းတုံ့အပြုံးနဲ့ “what can I do for you?”ဆိုပြီး
သူ.လက်ကြမ်းကြမ်းက အနုအရွတွေချယ်မှုန်းပြ။
မေတာလက်ရာ ရင်တွင်းနို့ စစ်စစ်နဲ့
ကြီးကောင်ကြီးမား အရွယ်အထိချစ်
လက်ဖြစ် ဘိုကေဆံပင် က ခုချိန်ထိ
ဇရာရှိ ဝေဒနာသိနေတာတောင်
သူမက...ပြေးလွှား
ငါးကြော်နေကျ၊ ဈေးဝယ်နေကျ
ဆေးပေးနေကျ။
တစ်လောကလုံးက ကျွန်တော့်ကို
လူကြီး(ဆရာ)ဖြစ်ပီဆိုတာတောင်
သူ့လက်ရာ လက်စွမ်းနဲ့
“လူလေး.... You are my boy” တဲ့။
0 comments:
Post a Comment