Thursday, January 29, 2009

လွမ်းတယ်

လွမ်းလိုက်တာကွာ
တစ်နေ့ တစ်နေ့ ကုန်မြန်လိုက်တဲ့ အချိန်တွေ
တားလို့ မရတဲ့ ဒီရေတွေ လို
ပျံသန်းနေ့ တဲ့ ငှက်တွေလိုပဲ
ငါ့ရဲ ဘ၀မှာ ခြောက်ကပ်လာတယ်

ရက်မှ လပြောင်း လမှ နှစ်ပြောင်း
ဒီနေ့ ဆိုရင် ကျွမ်းခဲ့တဲ့ င့ါရင်
နှစ်ပြည့် သွားပြီ

ဘာပဲဖြစ်ဖြစ် ဘယ်ဆီရောက်ရောက်
ငါ့ ဆီကို မင်း အရောက်ပြန်ခဲ့ ပါကွာ။

အမေကိုလည်း လွမ်းတယ်
အဖေကိုလည်း လွမ်းတယ်
မြန်မာပြည် ကြီးကိုလည်း လွမ်းတယ်
လွမ်းလွန်းလို့  ကျခဲ့ရတဲ့ မျက်ရည်
မကုန်နိုင်သေးဘူး
ဒီကြားထဲ သူ့ ကိုလည်း လွမ်းတယ်
သူငယ်ချင်းတွေကိုလည်းလွမ်းတယ်
လွမ်းလွန်းလို့  မျက်ရည်လည်း
ခမ်းတော့ မယ်ကွာ။ ..

0 comments:

Post a Comment