Saturday, February 28, 2009

အမေ့ရင်ခွင်


ရေခြားမြေခြား၊
တိုင်းတစ်ပါးတွင်
သင်ယူပညာ၊
စေရာတာဝန်
ကျေပွန်စေရာ
ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ
ချမ်းအေးလှသည့်
ညအမှောင်ထဲ
မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ်
ငယ်စဉ်ဘဝ
အညာဒေသ
ဆောင်းကာလတွင်
အမေ့ရင်ခွင်
ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ
ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....။

*အမေ*

ကျွန်တော်အရမ်းနှစ်သက်တဲ့ကဗျာလေးပါ ..


ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။


အမေကဗျာလေး… ကိုဖိုးသားရဲ့ဘလော့မှာ ဖော်ပြပေးထားတာနဲ့ ကြိုက်မိလို့ ကူးလိုက်တာ… မိတ်ဆွေတို့လည်း နှစ်သက်မိမှာပါ…။
အားလုံးပဲ အမေ့ကျေးဇူးကို အောက်မေ့သတိရလို့ ကျေးဇူး အကျေဆပ်နိုင်တဲ့ သားကောင်း ရတနာ၊ သမီးကောင်း ရတနာတွေ ဖြစ်နိုင်ကြပါစေ…။

Cyber_Cafe_Pro_v5.250___Crack

Cyber cafe ဖွင့်တဲ့သူတွေအတွက် အလွန်ကောင်းတဲ့ software ပါ..




Photobucket

လွမ်းမောမိတဲ့ အညာမြေ

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော်အိမ်မက်မက်တယ်..အိမ်မက် ထဲမှာ ကျွန်တော့်မွေးရပ်အညာမြေဆီသို့ ကျွန်တော်ရောက်သွားတယ်တဲ့..တကြွီကြွီအသံပေးကာ တရွေ့ရွေ့သွားနေသော အညာလှည်းအိုကြီးတွေ ၊တလိမ့်လိမ့် တက် နေသော ဖုန်လုံး ကြီး တွေ ၊ ဇရက် သံတွေ ဆူညံနေသော တပင်လုံး အပွင့်နီနီ တွေ စီထားသည့် လက်ပံ ပင် အိုကြီး တွေ ၊ထနောင်း ပင်အို ကြီးတွေ က ကျွန်တော့ အိမ်မက် ရဲ့ အဓိက ဇတ်ဆောင် တွေ ။ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ သူငယ်ချင်းတစ်ယောက်က “ မွေးဌာနီ ” သီချင်းလေးဖွင့်နေတာကြားလို့ နားထောင်ရင်း ကျွန်တော့ စိတ်အစဉ်သည် မြောပါသွားမှန်း မသိ ၊ မြောပါသွားတော့သည် ။

"မွေးဌာနီ... အညာအရပ်ဆီသို့...
မျှော်ဆီမျှော်မှန်း စိတ်ဝယ်တမ်းတ...
မှန်းဆကာရည်... တမ်းတပါသည်....
လှည်းလမ်းတလျှောက်... ဖုံလုံးကြီးတွေ...
တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည်...”

ထိုသီချင်းသည် ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားခဲ့ဘူးသော သီချင်းဖြစ်သည်။ မူရင်းသီဆိုသူ သန်းထွန်းလေး ၊ ပိုးအိစံ နှင့် အခြားသူများ ဆိုကြတာလည်း ကြားဘူးပါသည် ။ ကောင်းကြပါသည် ။သို့သော် ယခု နားဆင်နေ ရသည့် ပိုးအိစံ ရဲ့မွေးဌာနီ သီချင်းတွင် ကျွန်တော့ စိတ်အစဉ် သည် မြောပါသွားမှန်း မသိ ၊ မြောပါသွားတော့သည် ။ သူ့ အသံ က ဂရုဏာသံ ပါသည်။

"လက်ပံပွင့်တွေ…လေတိုက်ကြွေလိုက်တဲ့အခါ..
တ၀ဲဝဲဝှေ့ လို .. လေဂျင်ပမာ….
အော်…………………….. ချစ်စရာ….ချစ်စရာ…………မြင်ရ…….ပါ လေဦးတော့မည် ။”

လေဂျင် ပမာ …ဆိုသော အပိုဒ်ကလေး အပြီး မှာ ခဏကလေး တုံ့သွားသည်။ မျက်စေ့ထဲ ဂျင် ကလေး လို လှည့်ကာ လှည့်ကာ ကျလာနေသည့် ပတ်ချာဝဲ လက်ပံပွင့်လေး ကို မြင်ယောင် နေဆဲ ကြားလိုက်ရသော … အော်….. ဆိုသော အသံကလေး က အလွမ်းသံ ပါနေသည် ။ ပြီးမှ ..ချစ်စရာ..ချစ်စရာ……….မြင်ရ ..(ခဏတုံ့ပြီးမှ ) ပါလေ..ဦး….၀ူး ..၀ူး (ဆွဲပြီး ဆိုလိုက်သည်) တော့မည်……………..။တဲ့ ။


မြင်ရပါလေဦးတော့မည်။ တဲ့..လား။


အခုဘဲ မျက်စေ့ နဲ့ မြင်ရတော့မယ့် လူက မြင်ရ..ပါ…..လေ…ဦး တော့မည် ..တဲ့လား။ ဗျာ ။ အညာ ကနေ အဝေး ရောက် နေတဲ့ ကျွန်တော်ထို အပိုဒ်လေး အပြီး မှာ ဘယ်က ဘယ်လို မျက်လုံးအိမ်ထဲ မျက်ရည်တွေ ၀ဲလာလေသည် မသိ။


သေချာပါသည် ။ ကျွန်တော် မေ့ချင်ယောင် ဆောင်ထားသော ကျွန်တော့ အညာ လွမ်းစိတ် တို့သည် ကျွန်တော် ကို တိုက်ခိုက် နေလေပြီ ။

Friday, February 27, 2009

ပိဋကတ် (၃) ပုံမြန်မာပြန်စာအုပ်


ပိဋကတ်သုံးပုံကို သာသနာအားဖြင့် ၃-ရပ် ခွဲထားသည်။
(၁) ယထာပရာဓ သာသနာ- အပြစ်ရှိသူကို အပြစ်အလျောက် ဆုံးမ ပညတ်သော ၀ိနည်း ပိဋကတ်တော်၊
(၂) ယထာ နုလောမာ သာသနာ- ထိုထို သတ္တ၀ါ တို့၏ အလို အဇ္ဈာသယ အားလျော်စွာ ဟောကြား ဆုံးမတော် မူအပ်သော သုတ္တန် ပိဋကတ်တော်၊
(၃) ယထာ ဓမ္မသာသနာ- အားလုံးသော ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ရေ၊ မြေ၊ တော၊ တောင် ဟူသမျှ တို့သည် ပရမတ္ထ ဓမ္မ အစုသာ ဖြစ်ရကား ရုပ် နာမ်အားလျော်စွာ ဟောကြား ဆုံးမတော် မူသော အဘိဓမ္မာ ပိဋကတ်တော်။

စုံစုံလင်လင်သိချင်လိုသူများနှင့် ဗုဒ္ဓဘာသာလေ့လာလိုသူများအတွက် ...ပိဋကတ် (၃) ပုံမြန်မာပြန် စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်..

ဒီနေရာတွင်ဒေါင်းလုပ်ပါ

Thursday, February 26, 2009

Borland C++ 5.02

ကွန်ပျူတာကျောင်းသားများနဲ့ Program ကိုစိတ်ဝင်စားတဲ့သူငယ်ချင်းတွေအတွက် program ရေးတဲ့ Software လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် .. ဒီ software လေးက C++ ရေးတဲ့ software လေးပါ..အဆင်ပြေကြပါစေ ..


Photobucket

နက်ရှိုင်းလှတဲ့ သူ့မေတ္တာ


ပြုစုစောင့်လျှောက် မပျက်တမ်း
မမောမပန်း မေမေကြိုးပဖ်း
ယခုချိန်မက ကလေးမှစ
မေမေသည်သာ ထိန်းခဲ့ရ
ထာဝရဂရုဏာ အစိုင်အခဲဟာ
မေမေ့ မေတ္တာတစ်ခုတည်းသာ
ဘယ်သူတုတု " တု "မရ
မေမေ့ မေတ္တာနက်ရှိုင်းလှ ...
**အားလုံးသော မိခင်များအား ဤကဗျာလေးဖြင့် ဂုဏ်ပြုပါသည် **