ဒီပိုစ့် လေးကတော့ Lunix window မှာ font ထည့်ပုံက်ရှင်းပြမှာပါ.. Linux မှာမြန်မာလိုပေါ်ဖို့ fonts တွေထည့်တဲ့ အခါမှာတစ်ခြား window တွေလိုလွယ်လွယ်ကူကူမဟုတ်ပဲ...
Command နဲ့ သွားထည့်မှရပါတယ်..အဲဒါလေးကိုကျနော်ဆွေးနွေးပေးပါ့မယ်..
သိတဲ့သူတွေအတွက်တော့ လွယ်ကူပါတယ် အခုမှစပြီး linux ကိုစတင်လေ့လာသူတွေအတွက်
အထောက်အကူတစ်ခုရမယ်ထင်ပါတယ်....အရင်ဆုံး မိမိထည့်မယ့် font (ဥပမာ Zawgyi One ) ကို
Desktop ပေါ်ကို တင်လိုက်ပါ.. အလွယ်တကူထည့်လို့ရအောင် Desktop ပေါ်မှာ ထားခြင်းဖြစ်ပါတယ်.
ပြိးရင် Alt+F2 (သို့မဟုတ်) Terminal မှာ gksu nautilus /usr/share/fonts/truetype လို့ရိုက်ထည့်ပြီး
Enter ခေါက်လိုက်ပါ..ဒါဆိုရင် folder တစ်ခုပေါ်လာပါလိမ့်မယ် ...အဲဒီပေါ်လာတဲ့ folder ထဲမှာအစောက
Desktop ပေါ်တင်ထားတဲ့ fonts တွေကို copy paste ပေးပြီး ထည့်လိုက်ယုံပါပဲ..truetype folder ကို
command နဲ့မဟုတ်ပဲ ဒီတိုင်းသွားပြီးဖွင့်လို့လည်း ရပါတယ် ...ဒါပေမယ့် အဲလိုဖွင့်လိုက်ရင် fonts တွေကို
ထည့်လို့မရပါဘူး ....command နဲ့ ဖွင့်တဲ့ folder မှာပဲ fonts တွေကို copy paste ပေးလို့ရပါတယ်....
ပြီးရင် ကွန်ပျုတာကို restart ချလိုက်ရင် အဆင်ပြေသွားပါပြီ..
Sunday, February 15, 2009
အမှန် နဲ့ အမှား
အုတ်ခုံကလေးပေါ်မှာ
ကျောင်းကပြန်လာတဲ့ ကလေးငယ်တစ်ချို့
သူတို့လေ့ကျင့်ခန်းစာအုပ်တွေ ကိုယ်စီထုတ်လို့
စာအုပ်ထဲက
အမှန်နဲ့ အမှားသင်္ကေတတွေ ..
(ဒီသင်္ကေတတွေက
သူတို့မိဘတွေအဖို့တော့
အရေးကြီးမှာ အသေအချာပါပဲ)
တစ်ဦးချင်းစီ ရေတွက်ကြ ..
ပြီးတော့ ..
ဘယ်သူက အမှန်အများဆုံး
ဘယ်သူက အမှားအများဆုံးဆိုတာ
ရယ်ရယ်မောမော
အော်ဟစ်ကြေညာလိုက်ကြတယ် ။ ။
လွတ်လပ်ပေါ့ပါးတဲ့ ငယ်စဉ်ကလေးဘ၀လေးကို သတိရလို့ ဒီကဗျာလေးကို ရေးလိုက်တာပါ ..
ကျောင်းကပြန်လာတဲ့ ကလေးငယ်တစ်ချို့
သူတို့လေ့ကျင့်ခန်းစာအုပ်တွေ ကိုယ်စီထုတ်လို့
စာအုပ်ထဲက
အမှန်နဲ့ အမှားသင်္ကေတတွေ ..
(ဒီသင်္ကေတတွေက
သူတို့မိဘတွေအဖို့တော့
အရေးကြီးမှာ အသေအချာပါပဲ)
တစ်ဦးချင်းစီ ရေတွက်ကြ ..
ပြီးတော့ ..
ဘယ်သူက အမှန်အများဆုံး
ဘယ်သူက အမှားအများဆုံးဆိုတာ
ရယ်ရယ်မောမော
အော်ဟစ်ကြေညာလိုက်ကြတယ် ။ ။
လွတ်လပ်ပေါ့ပါးတဲ့ ငယ်စဉ်ကလေးဘ၀လေးကို သတိရလို့ ဒီကဗျာလေးကို ရေးလိုက်တာပါ ..
what is LOVE ?

A sense... A feeling... A thought...
**
Senses, Feelings and Thoughts
You make it easy for me to say things about my
Senses Feelings and Thoughts about you
Senses of
Joy
Whey I'm doing something or just being with you
Nervousness
When I'm pacing the floor while waiting for you
Longing
That these senses and feelings could last forever
Loss
When you have to leave me for any reason
Feelings of
Happiness
When you say "Yes" you will spend the evening with me
Power
When you let me hold you in my arms
Pride
When I'm walking down the street with you on my arm
Loneliness
Any time you are not with me
Thoughts of
You
How beautiful you are
How easy it is to talk to you
How fun it is just to be with you
How the future might be
With you
Oh
And one that's often forgotten
Because it is almost always taken for granted
It's a sense, a feeling, a thought
It's love
Borland C++ 5.02
အခု software လေးကတော့ C++ ရေးတဲ့ software လေးပါ . အောက်ကလင့်ခ် လေးမှာ ဒေါင်းလုဒ် ယူလိုက်ပါ ..
Download
Download
Sunday, February 1, 2009
ဝလုံးလေးတော့ လွမ်းစေလို
ပင့် ၊ ဝိုက် ၊ ရစ် ၊ ချ
အဝိုင်း ရအောင်
လက်လယ် လက်ညှိုး
ရှေ့ တိုးလက်မ
ခက်ဖွဖွကိုင်
ဖနောင့် ကိုမဏ္ဍိုင်ပြု
တူရှု က ညာ .....
ပုလဲလုံးညီ
ကြိုး နဲ့သီသို့
အစကိုခွာ
အောက် ကိုအသာထိ
မဖိတဖိ
ရှေ့နှင့် ညှိ ......
ဝ.. လုံ.. ရေ.. ဝ
နှုတ် က ရွတ်ဆို
နောက်ပါးခို၍
ပြုံးချိုမျက်နှာ
ချီးမွမ်းကာဖြင့်
လက်ထပ်သင်ပေး
လေးမြတ်မေတ္တာ
မမေ့ရာ ....
ဝလုံးစားသုံး
နှလုံးပြည့်ဝ
မောင်မယ်လှတို့
တိုးတက်မြင့်မား
စာစကားစုံ
အဖုံဖုံကျွမ်းကျင်
မိုးမမြင်လည်း
ငယ်စဉ်ခဏ
ဘဝစဝယ်
ချွေးကျအောင်ရေး
ဝလုံးလေး ကို
ခဏလောက်တော့ လွမ်းစေလို ........။ ။
စာစကားမျိုးစုံကို တက်ကျွမ်းပြီး မိုးမမြင်လေမမြင် နဲ့ဘဝင်တွေမြင့်ပြီး
မြန်မာပြည်ပညာရေး အားအထင်သေးနေသောမြန်မာများ
ငယ်စဉ်ကတနေကုန်ချွေးပြန်အောင်ရေးခဲ့ ရသောဝလုံးလေးများ နဲ့
ဝ လုံ ရေ ဝ ... လို့ ကန့်ကူလက်လှည့် သင်ပေးခဲ့တဲ့ မြတ်ဆရာ များ ကို
ခဏလေးတော့ လွမ်းကြစေလိုပါ သည် ....
အဝိုင်း ရအောင်
လက်လယ် လက်ညှိုး
ရှေ့ တိုးလက်မ
ခက်ဖွဖွကိုင်
ဖနောင့် ကိုမဏ္ဍိုင်ပြု
တူရှု က ညာ .....
ပုလဲလုံးညီ
ကြိုး နဲ့သီသို့
အစကိုခွာ
အောက် ကိုအသာထိ
မဖိတဖိ
ရှေ့နှင့် ညှိ ......
ဝ.. လုံ.. ရေ.. ဝ
နှုတ် က ရွတ်ဆို
နောက်ပါးခို၍
ပြုံးချိုမျက်နှာ
ချီးမွမ်းကာဖြင့်
လက်ထပ်သင်ပေး
လေးမြတ်မေတ္တာ
မမေ့ရာ ....
ဝလုံးစားသုံး
နှလုံးပြည့်ဝ
မောင်မယ်လှတို့
တိုးတက်မြင့်မား
စာစကားစုံ
အဖုံဖုံကျွမ်းကျင်
မိုးမမြင်လည်း
ငယ်စဉ်ခဏ
ဘဝစဝယ်
ချွေးကျအောင်ရေး
ဝလုံးလေး ကို
ခဏလောက်တော့ လွမ်းစေလို ........။ ။
စာစကားမျိုးစုံကို တက်ကျွမ်းပြီး မိုးမမြင်လေမမြင် နဲ့ဘဝင်တွေမြင့်ပြီး
မြန်မာပြည်ပညာရေး အားအထင်သေးနေသောမြန်မာများ
ငယ်စဉ်ကတနေကုန်ချွေးပြန်အောင်ရေးခဲ့ ရသောဝလုံးလေးများ နဲ့
ဝ လုံ ရေ ဝ ... လို့ ကန့်ကူလက်လှည့် သင်ပေးခဲ့တဲ့ မြတ်ဆရာ များ ကို
ခဏလေးတော့ လွမ်းကြစေလိုပါ သည် ....
Windows Vista Advisor
ဒီ software လေးကတော့ Window Vista ကိုအသုံးပြုချင်တဲ့ သူတွေအတွက်ပါခင်ဗျာ။ Vista မှာ (၄) မျိုးရှိပါတယ်။ Home basic ၊ Busineses ၊ Home premiun ၊ Premiun တို့ပါပဲ၊ မိမိရဲ့ ကွန်ပျူတာနဲ့ လိုက်ဖက်မယ့် window ကိုရွေးချယ်ပေးတဲ့ software လေးဖြစ်ပါတယ် ။အသုံးတည့်မယ်ထင်လို့ တင်ပေးလိုက်တာပါ။ အားလုံးပဲ အဆင်ပြေကြပါစေ။ အောက်ကလင့်ခ်လေးမှာ ဒေါင်းလိုက်ပါ ..
Download
Download