အုတ်ခုံကလေးပေါ်မှာ
ကျောင်းကပြန်လာတဲ့ ကလေးငယ်တစ်ချို့
သူတို့လေ့ကျင့်ခန်းစာအုပ်တွေ ကိုယ်စီထုတ်လို့
စာအုပ်ထဲက
အမှန်နဲ့ အမှားသင်္ကေတတွေ ..
(ဒီသင်္ကေတတွေက
သူတို့မိဘတွေအဖို့တော့
အရေးကြီးမှာ အသေအချာပါပဲ)
တစ်ဦးချင်းစီ ရေတွက်ကြ ..
ပြီးတော့ ..
ဘယ်သူက အမှန်အများဆုံး
ဘယ်သူက အမှားအများဆုံးဆိုတာ
ရယ်ရယ်မောမော
အော်ဟစ်ကြေညာလိုက်ကြတယ် ။ ။
လွတ်လပ်ပေါ့ပါးတဲ့ ငယ်စဉ်ကလေးဘ၀လေးကို သတိရလို့ ဒီကဗျာလေးကို ရေးလိုက်တာပါ ..
0 comments:
Post a Comment