ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။”setup–>Manage domain” Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ် .. ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ် ..TTL ဆိုတဲ့ နေရာမှာ 1D ကိုရွေးပါ ..Type မှာ CNAME ကိုရွေးပေးပါ .Value မှာတော့ “ghs.google.com” ကိုထည့်ပေးပါ .ပြီးရင်တော့ Setup ကိုနှိပ်လိုက်ပါ ..

CNAME လုပ်ပြီးရင် A record ကို ထပ်ထည့်ပေးမယ် ဒါမှ url မှာ www မရိုက်မိလဲ ၀င်လို့ရမှာဖြစ်ပါတယ် ..



A record ၃ခု ထည့်ပေးပြီးရင် အောက်ကပုံလေးအတိုင်းမြင်ရပါမယ်..

အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်းပဲကျန်ပါတော့တယ်.Blogger က ကိုယ့် Dashboard ကိုမရောက်သေးရင် လဲ ၀င်လိုက်ပါ
ရောက်ပြီဆိုရင်တော့
#Setting=>Publishing ကိုသွားပြီး
#အဲဒီမှာ “Switch to: • Custom Domain ကိုရွေးလိုက်ပါ..
#”Already own a domain? Switch to advanced settings” မှာclick လိုက်ပါ..
်ပေါ်လာတဲ့ အကွက်ကလေးထဲမှာ ခုဏက setup လုပ်လာတဲ့ domain ကို ရိုက်ပဲထည့်ထည့် copy/paste ပဲလုပ်လုပ် ကြိုက်သလိုသာလုပ်လိုက်ပါ..ပီးရင်တော့Save Setting ကိုနှိပ်လိုက်ပါ ..

၄၈ နာရီအတွင်း Domain အသစ်ပြောင်းပြီးဖြစ်သွားမှာပါ။ကျွန်တော့်တုန်းက တော့ ပထမ account နဲ့မရလို့နောက်ထပ်လုပ်ရပါတယ်..နောက်တစ်ခုကျတော့ ၄၈ နာရီတောင်မစောင့်ရပါဘူး ..ခနလေးနဲ့အဆင်ပြေသွားပါတယ် ..
မှတ်ချက် ။ http://mmwordpress.com မှ ပြန်လည်မျှဝေပါသည် .
0 comments:
Post a Comment