Sunday, February 15, 2009

အပေးအယူ


တစ်ခဏတာ ဆုံဆည်းမှုကို
တစ်ဘ၀စာပုံပေးပြီးတော့
ချစ်ခဲ့ရတာ မင်းမသိဘူး ..
တစ်ရက်တာဝေးနေခြင်းဟာ
တစ်သက်တစ်ကမ္ဘာခြားနေသလို
ခံစားရတာ မင်းမသိပါဘူးချစ်သူရယ် ..
ချစ်ခဲ့ရသူရေ..
မင်းငါ့ကိုရက်စက်ပါ
ခါးသက်နေတဲ့ ပျားရည်စက်တွေ
မင်းတိုက်တုန်းကတော့ တိုက်ခဲ့ပြီးတော့
အခုမှ ပြန်လိုချင်နေပြီလား
ငါ့ရင်ခွင် ကိုခွဲပြီးယူလိုက်စမ်း
မင်းအတွက် ချိုမြတဲ့ ပျားရည်စက်တွေ..
ငါအစားထိုး သိုလှောင်ထားတယ် .
မင်းကြိုက်သလောက်
ခပ်ယူစားသုံးပေတော့ ..ချစ်သူရယ် ။
ဒါပေမယ့် .. တစ်ခုတော့ရှိတယ်
ငါ့ရင်ထဲလှမ်းကြည့်ပြီးမှ ခပ်ပါ
တစ်ခွက်ချင်းပေါ့ ....

0 comments:

Post a Comment