Monday, February 16, 2009

သူငယ်ချင်းဆိုတာ ...

သူငယ်ချင်းဆိုတာ
ဖြူစင်တဲ့ အကြင်နာတွေနဲ့
မှန်ကန်တဲ့ ခင်မင်မှုတွေအပ်နှင်းလို့
သံယောဇဉ်ကြီးရတဲ့သူ ..

တစ်ယူသန်ဝါဒကိုငြင်းပယ်လို့
မျှတတဲ့ မေတ္တာတွေနဲ့
အခင်အမင် မပျက်တဲ့သူ..

သူငယ်ချင်းဆိုတာ
ဂိုဏ်းဂဏဒေသစွဲကိုချေဖျက်
စာနာတဲ့နားလည်မှုအသိတွေနဲ့
အမြဲဖေးမကူညီတဲ့သူ ..

သူငယ်ချင်းဆိုတာ
ခိုင်မာတဲ့ယုံကြည်မှုကို လက်ကိုင်ပြု
ခရောင်းလမ်းကို အံတုလို့
အေးအတူပူအမျှ
လက်တွဲမဖြုတ်တဲ့သူ...

**ငယ်စဉ်က သူငယ်ချင်းများနှင့်ပညာသင်ဖက်သူငယ်ချင်းများအားသတိရလျက် ...

0 comments:

Post a Comment