တို့တွေသစ်ပုတ်ပင်အိုမှာ
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့်ရှင်းရေး လုပ်ခဲ့တာလေး
ငါတော့ အမှတ်ရနေသေးတယ် ...
ကံ့ကော်တောရဲ့ သင်းပျံရနံ့ ကို
ရှုရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ပြယ်သော ချယ်ရီတောကို
ငေးမောခဲ့ရတဲ့ အခိုက်အတန့်လေး
ငါတော့ ပြန်လွမ်းမိသေးတယ် ..
ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့်အခါ မသင့်ခဲ့ပေမယ့်
ဧည့်ဆောင်လမ်းမထက်
လှမ်းလွင့်လာမယ့်
ချစ်သူကို ကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့...
ဂျပ်ဆင်လမ်းထက် ချစ်သူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက်
လက်ဆွဲအိတ်ကိုဆွဲ
လက်ပြည့်လွှဲ လျှောက်လှမ်းခဲ့တဲ့
ခြေလှမ်း ..
ငါတော့ ခုထိ ရဲရင့်နေဆဲပဲ .
လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့တွေ
မခိုလှုံခဲ့ကြရပေမယ့်
ချယ်ရီရိပ်ခို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကိ မြိုချလို့ ချွေးစက်တွေ
ခါထုတ်ခဲ့ရတဲ့
ထိုထို နှစ်များကိုတော့ ငါတို့
ဘယ်လို မေ့လို့ရမှာလည်းကွာ ....
(၃)နှစ်ပြည့် နှစ်ပတ်လည်မဂ္ဂဇင်းလေးလိုချင်တယ်ဆိုရင် ဒီနေရာ လေးမှာရယူနိုင်ပါသည် ..
0 comments:
Post a Comment