Wednesday, February 18, 2009

တစ်ခါ တစ်ရံ၏အပိုင်းအစများ (၂)

ကောင်မလေးရယ်....
မင်းကဆရာမကြီးလား
ငါတောင့်တထားတယ်
ကျောင်းသားဘဝကို.....

မင်း ပုံပြောနေတာလား
ငါတောင့်တထားတယ်
ကလေးလေး ဘဝကို....

မင်း ကစားချင်နေလား
ငါတောင့်တထားတယ်
အရုပ်လေးဘဝကို ....

မင်းကကြိုး ဆွဲဆရာလား
ငါတောင့်တထားတယ်
ရုပ်သေးလေးဘဝကို ...

မင်းကပဲ့ကိုင်ရှင်လား
ငါတောင့်တထားတယ်
လှေကလေးဘဝကို ...

ကောင်မလေးရယ် ...
မင်းအပေါ် ခံစားချက်နဲ့
ငါ့နှလုံးသားရပ်တည်နေတာပါ ...
မင်းနဲ့ပတ်သက်မှုတွေထဲက
ချစ်ခွင့်လေးပဲ ရချင်သူပါ
အိပ်မက်တွေပေးပြီး
ငါ့ကိုဆေးဆိုးမသွားပါနဲ့ ....

"ငါ သိုးမည်းလေးမဖြစ်ချင်ဘူး" .....။ ။

(ရုပ်ဆိုး)

0 comments:

Post a Comment