Sunday, February 15, 2009

Lunix window တွင် font ထည့်ခြင်း

ဒီပိုစ့် လေးကတော့ Lunix window မှာ font ထည့်ပုံက်ရှင်းပြမှာပါ.. Linux မှာမြန်မာလိုပေါ်ဖို့ fonts တွေထည့်တဲ့ အခါမှာတစ်ခြား window တွေလိုလွယ်လွယ်ကူကူမဟုတ်ပဲ...

Command နဲ့ သွားထည့်မှရပါတယ်..အဲဒါလေးကိုကျနော်ဆွေးနွေးပေးပါ့မယ်..

သိတဲ့သူတွေအတွက်တော့ လွယ်ကူပါတယ် အခုမှစပြီး linux ကိုစတင်လေ့လာသူတွေအတွက်

အထောက်အကူတစ်ခုရမယ်ထင်ပါတယ်....အရင်ဆုံး မိမိထည့်မယ့် font (ဥပမာ Zawgyi One ) ကို

Desktop ပေါ်ကို တင်လိုက်ပါ.. အလွယ်တကူထည့်လို့ရအောင် Desktop ပေါ်မှာ ထားခြင်းဖြစ်ပါတယ်.

ပြိးရင် Alt+F2 (သို့မဟုတ်) Terminal မှာ gksu nautilus /usr/share/fonts/truetype လို့ရိုက်ထည့်ပြီး

Enter ခေါက်လိုက်ပါ..ဒါဆိုရင် folder တစ်ခုပေါ်လာပါလိမ့်မယ် ...အဲဒီပေါ်လာတဲ့ folder ထဲမှာအစောက

Desktop ပေါ်တင်ထားတဲ့ fonts တွေကို copy paste ပေးပြီး ထည့်လိုက်ယုံပါပဲ..truetype folder ကို

command နဲ့မဟုတ်ပဲ ဒီတိုင်းသွားပြီးဖွင့်လို့လည်း ရပါတယ် ...ဒါပေမယ့် အဲလိုဖွင့်လိုက်ရင် fonts တွေကို

ထည့်လို့မရပါဘူး ....command နဲ့ ဖွင့်တဲ့ folder မှာပဲ fonts တွေကို copy paste ပေးလို့ရပါတယ်....

ပြီးရင် ကွန်ပျုတာကို restart ချလိုက်ရင် အဆင်ပြေသွားပါပြီ..

0 comments:

Post a Comment