နွံနစ်တဲပဘဝမို့
အများအရှုံးထား
အမုန်းတွေလဲ ပွားကြရဲ့ ....
ငါကတော့
မြေ နဲ့ ရေ ကမွေးလို့
ရွှံ့အကြောင်းပဲတွေးတက်သူပါ ...
ရွှံ့တွေ ညစ်ပတ်
အထက်မှရေဖိ
နေမထိ လေမရှိ
ပြုစုသူလည်း မရှိဘူး ....
နွံ ဘယ်လောက်နစ်နစ်
ရွှံ့ ဘယ်လောက်ပေပေ
ရေ ဘယ်လောက်ဖိဖိ
ဘယ်သူမှမရှိပါစေ
အထက်ကိုတိုးထွက်
တစ်ရက်ရက်မှာတော့ ..
ငါပွင့်မယ်.....
သဇင်လိုပင်ဆင့်
အမြင့်မစံချင်နေ ..
စံပါယ်ဖွေးလို
မြင်သူမငေးချင်နေ ..
နှင်းဆီလိုဆူးခက်
မဝိုင်းပက်ချင်နေ ..
နွံထဲမှာဘဝဖြစ်
ငါ့ရိုးဆစ်အတွက်
သန့်သန့်လေး ပန်းဖြစ်လို့
ကန်ရေပြင်ကို အလှဆင်ချင်ရဲ့ .........။
(ရုပ်ဆိုး)
0 comments:
Post a Comment