Wednesday, February 18, 2009

တကယ်ဆိုရင်

တကယ်ဆိုရင်
အချစ်တစ်ခုကိုမွေးဖွားဖို့
ကျွန်တော့်နှလုံးသားမှာ
အင်အားမမျှသေးပါ ...

တကယ်ဆိုရင်
သူ့အလှကိုခံစားဖို့
ကျွန်တော့်မျက်လုံးတွေအား
ဖွင့်မထားသင့်သေးပါ ..

တကယ်ဆိုရင်
သူ့အသံတွေနားဆင်ဖို့
ကျွန်တော့်ရဲ့နားတွေကိုလည်း
ကြားခွင့်တွေပေးမထားသင့်ပါ ..

တကယ်ဆိုရင်
ရိုးသားခြင်းဆိုတဲ့စကားလေးတစ်ခုအတွက်
ကျွန်တော် အကြိမ်ကြိမ်
မခိုးတက်သင့်ခဲ့ပါ ...

တကယ်ဆိုရင်
ညဥ့်နက်ချိန်အိပ်မက်တစ်ခုကို
တပ်မက်စွာ ဖက်တွယ်မထားသင့်ပါ ..

တကယ်ဆိုရင်
အစကိုမသိခင်ကတည်းက
ဆုံးနှင့်နေခဲ့ပြီးသားပါ ...

တကယ်ဆိုရင်
ခံစားမှုအတွေးတွေနဲ့
ဒီကဗျာလေးကိုလည်း
ရေးမထားသင့်တော့ပါ .....။ ။

(ရုပ်ဆိုး)

0 comments:

Post a Comment