Sunday, February 15, 2009

Internet Download Manager မှ 99.99% Error အားဖြေရှင်းခြင်း

ကျွန်တော်ဒီနေ့ ဘာအလုပ်မှမရှိတာနဲ့ Internet ထဲဝင်ပြီးလိုချင်တာလေးတွေလျှောက်ဒေါင်းနေတာပေါ့ . အဲဒီမှာ IDM က 100%ပြည့်ခံနီးမှ 99.99 မှာ Error ကောက်တက်ပါလေရော.ကျွန်တော်လဲပြည့်နိုးပြည့်နိုးနဲ့စောင့်နေတာပေါ့ IDM မှာဖြစ်တတ်တဲ့ error ပဲပြောရမလား connection ကြောင့်ပဲပြောရမလား ခဏ ခဏဖြစ်တတ်ပါတယ် ။
ခက်ခက်ခဲခဲမဟုတ်ပေမယ့် ဘာလုပ်ရမှန်းမသိရင် တော်တော် စိတ်တိုဖို့ကောင်းတယ်ဗျာ။ Download ပြီးသွားပြီးမှ သုံးမရလို့လေ ။အဲဒါကို ရှင်းနိုင်တဲ့ နည်းလမ်းပါ ။99.99% နဲ့ ရပ်နေတဲ့ Download box ကို close လိုက်ပါ။


Task bar က Internet Download Manager icon ကို click ပါ။





ခုန က 99.99% နဲ့ ရပ်နေတဲ့ file ပေါ်မှာ R-Click လုပ်ပြီး Resume Download ကို နိုပ်ပါ။ ဒါဆိုရင် အလုပ်ပြန်လုပ်နေတာကို
တွေ့ရပါလိမ့်မယ် ။


ခဏ ကြာပြီးတာနဲ့ complete ဖြစ်သွားတဲ့ File ကိုမြင်ရမှာပါ။

0 comments:

Post a Comment