Wednesday, February 18, 2009

ကိုကိုဂိမ်း တို့ ဘာကြောင့် Graphic card သီးသန့် ကို အသုံးပြု သင့် ပါ သလဲ ...?

Computer မှာ Graphic Card ကို သီးသန့်တပ်ဆင်နိုင်သလို ...Motherboard မှာ Onboard (built in)
တပ်ဆင် ထားသော Graphic Card များကိုလည်း အသုံးပြုကြပါတယ် ...
ဂိမ်းကစားတဲ့ သူငယ်ချင်းများကတော့ Graphic Card ကို သီးသန့်တပ်ဆင် အသုံးပြု သင့်ပါတယ် ...
ဘာကြောင့် လဲ ဆို တော့ ....
တကယ်လို့ Motherboard မှာ Onboard (built in) တပ်ဆင် ထားသော Graphic Card များဟာ
Graphic Card အတွက် Memory သီးသန့်မပါရှိပါဘူး ...System Memory ထဲကပဲ Graphic Card
အတွက် Memory ကို ယူသုံးပါတယ် .... ဒါကြောင့် Graphic Card အတွက် Memory ယူ သုံးလေလေ
System Memory မှာ လျော့ လေလေ ဖြစ်တဲ့ အတွက် ..အခြား application အတွက် လုပ်ဆောင်တာ
နှေး သွား မှာဖြစ်ပါတယ် ...
နောက် ၁ ချက်က အခုတော်တော်များများ ကစား နေသော ဂိမ်း များ ဟာလည်း 3D Game များဖြစ်လို့
Graphic Card အတွက် Memory Requirement ပိုများပါတယ် ...

Graphic Card အတွက် Memory Requirement တွက်ချက်ပုံ ကို အောက်မှာရေးပေးလိုက်ပါတယ် --

1D အတွက် ဆိုရင်
Graphic Card အတွက်Memory Requirement = Resolution X Color Depth
= (1600 X 1200) X 32 bits (4 bytes)
=7.32 MB

3D အတွက် ဆိုရင်
Graphic Card အတွက်Memory Requirement = Resolution X Color Depth
= (1600 X 1200) X 32 bits X 3 (12 bytes)
=21. 97 MB

လိုအပ်မှာ ဖြစ်ပါတယ် ... ဒီ Resolution နဲ့ Color Depth က ဥပမာ ပဲပြောတာပါ ...
ဒီထက် ပို များရင် ဒီထက် ပိုပြီး Graphic Card အတွက် Memory လိုအပ် မှာဖြစ်ပါတယ် ...

0 comments:

Post a Comment