အပူပိုင်းဆီ ၊ မြန်ပြည်သားမို့
မြူနှင်းမှုန်ဖွေး ၊ အငေးကြည့်မိ
ရေခြဲပင်ပေါ် ၊ မကြာချော်တက်
လက်နှစ်ဘက်ကို ၊ ထိုးဝှက်ကွယ်ပိတ်
အင်္ကျီအိတ်၌ ၊ အမြဲနှိုက်၍
ကတိုက်ကရိုက် ၊ လမ်းလျှောက်လိုက်လည်း
ချွေးရယ်မစို ၊ မေးခိုက်ဖိုသည်
"သည်ဆောင်းကိုက အေးသောကြောင့် ..."
ရှေးရခင်ခါ ၊ ပျော်ဖူးလာသော
ဝါတွင်းထွက်စ ၊ လပြည့်ညဝယ်
တမ်းတမှန်းရည် ၊ မွေးမြေဆီသို့
ပို့ဝေမေတ္တာ ၊ ဆုတောင်းစာနှင့်
သဒ္ဒါရှိခိုး ၊ လက်စုံမိုးလည်း
စိတ်ကားကိုယ်တွင် ၊ မရှိချင်ပြီ
"မွေးမြေဋ္ဌာန ဆွေးသောကြောင့် ..."
ရှေ့ရေးဘဝ ၊ မှန်ဆကြံတွေး
မြင့်မာရေးတွက် ၊ အဝေးရပ်ဆီ
ပြေးတက်ချီကာ ၊ ပညာရည်နို့
သောက်စို့နေ့စဉ် ၊ စား ဝတ် အင်က
နေကြထိုင်ရေး ၊ အပူဝေးလည်း
နှစ်ခြိုက်စိတ်တွင် ၊ မပျော်ချင်ပြီ
"မွေးမေရင်ငွေ့ ဝေးသောကြောင့် ..." ........။
(ရုပ်ဆိုး)
0 comments:
Post a Comment