အမေကမွေးတော့
သူ့ကိုပါပေးခဲ့တယ်
ငါထင်မိတယ်
ငါတစ်ကိုယ်တည်းရယ်လို့ ...
ပန်းတွေပွင့်ဖူး
ခူးဖို့စိတ်မကူးဘူး
မိုးတွေရွာချ
ရေယူရမယ်လို့မသိဘူး
လရောင်ရဲ့အလင်း
ဘာအသုံးဝင်မှန်း ငါမသိခဲ့ဘူး ..
အခမဲ့ရတဲ့ပစ္စည်း
ဘယ်လောက်တန်မှန်း ငါမသိခဲ့ပါဘူး ...
အိပ်၊ စား၊ပျော် ရက်
တရွှတ်ရွှတ်လှန်လို့
စက်ဝိုင်းရဲ့အနားလိုက်
ငါလျှောက်သွားနေခဲ့တယ်....
အစရဲ့နိဂုံး ဟာ အဆုံး လို့
ငါသိလိုက်ချိန်မှာ ...
ပွင့်တဲ့ပန်း က နွမ်းသွားပြီ....
ရွာတဲ့ရေလဲခန်းသွားပြီ ....
အလင်းရောင်ဆိတ်သုဉ်း
လကွယ်ညလုံးလုံး ဖြစ်သွားပြီ ...
နောက်ကြောင်း ကိုငဲ့
ပြန်လှည့်ကြည့်တော့
သူမရှိတော့ဘူး ...
နုပျိုခြင်းနဲ့ ငါ့အသက်ကိုယူ
သူထွက်သွားပြီပေါ့ ..... ။ ...။
please : နဲနဲလောက်ဖြေကြည့်ပါလား ...ဘယ်သူဖြစ်မလဲလို့ ...
(ရုပ်ဆိုး)
0 comments:
Post a Comment