Wednesday, February 18, 2009

""လွမ်းတယ်ဗျ .... လွမ်းတယ်""

လွမ်းတယ်ဗျ .... လွမ်းတယ်
နေညိုချိန် ပြတင်းနံဘေးမှာ
အရှေ့တောင်ဆီကို ငေးပြီးလွမ်တယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
မွန်းကျပ်တဲ့ အသက်ရှူ ခြင်းက
လတ်ဆတ်တဲ့လေညှင်းလေးတွေကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ ....လွမ်းတယ်
မြစိမ်းရောင်ကိုယ်ခန္ဓာမှာ
သွေးကြောကြီးလေးခုပါတဲ့
မြန်မာပြည် ကြီးကိုလွမ်တယ် ...။

လွမ်းတယ်ဗျ ....လွမ်းတယ်
အညာနွေခပ်ပြင်းပြင်းမှာ
တမာရနံ့တွေသင်းနေတဲ့
ကျုပ်မြို့လေးကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
ဂုဏ်ဒြပ်တွေ မပြည့်နှက်ပေမဲ့
နွေးထွေးကြင်နာတက်တဲ့
မိသားစုလေးကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
"လူလေး" ဆိုတဲ့ အသံပိုင်ရှင်
မွေးမိခင်ကိုလည်း လွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
ကျုပ်အမေ ကိုယ်တိုင်ကျွေးတဲ့
ချဉ်ရေဟင်း လေးကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
မနက်ထ အာရုဏ်ဦးမှာ
ကြည် နူးဖွယ် အရမ်းကောင်းတဲ့
"အဖွားရဲ့ကြေးစည်သံ" လေးကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
ကုန်းမြင့်ပေါ်ရွှေစေတီက
ဆည်းလည်းသံ စီစီလေးတွေကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
ရွက်ဝါကြွေမြေမှာလူး
လွမ်းငှက်တွေမြူးတဲ့
လတန်ခူးတွေကိုလည်း လွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
ကြီးသူကို ဂါရဝ ရိုသေမှုပြကြတဲ့
သီတင်းကျွတ်ညတွေကိုလည်းလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
ဖော်ရွေ သောအပြုံးနဲ့
နှလုံးသားလှတဲ့
မြန်မာမလေးတွေကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
အညာနွေလေအေးအေးမှာ အရမ်းမွှေးတဲ့
သနပ်ခါးနံ့လေးတွေကို လွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်
ပိတုန်းရောင်ကေသာလဲ့မှာ
ပန်းပန်တက်တဲ့
ပါးကွက်ကြား မလေးကိုလွမ်းတယ် ...။

လွမ်းတယ်ဗျ .... လွမ်းတယ်

နှိုင်းယှဉ်မှု အမြင်နဲ့လည်းလွမ်းတယ်

အိပ်ယာမဝင်ခင်လည်းလွမ်းတယ်

စိတ်မှာအစဉ်နဲ့လည်း လွမ်းတယ် .......။ ။

(ရုပ်ဆိုး)

0 comments:

Post a Comment