Monday, February 16, 2009

♥မျှော်လင့်ခြင်း♥


ငါပျော်နေတယ်
ဘာကြောင့်မှန်းမသိပေမဲ့
ကျေကျေနပ်နပ်နဲ့ကိုပျော်နေတယ်...
စွဲလမ်းခြင်းလား ..ဒါမှမဟုတ် ...တမ်းတခြင်းလား ...
ရေရေရာရာမသိပေမဲ့
ဘာမှန်းမသိတဲ့ခံစားချက်ကိုပဲကျေနပ်လို့ ...
အနာဂါတ်ကိုတွေးမိတော့
သြော် ...ငါအိပ်မက်မက်နေတာလား ....
အိပ်မက်ဆိုတာ
တစ်နေ့မှာပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့
အမှန်တရားကိုလက်ခံနိုင်ဖို့ ..ငါပြင်ဆင်ပြီးသား ..
တစ်ခုပဲမျှော်လင့်တယ်
လှပတဲ့အမှတ်တရတစ်ခုအဖြစ်နဲ့
ငါ့ရင်ထဲမှာ ထာဝရကျန်နေဖို့သာ ...

0 comments:

Post a Comment