Wednesday, February 18, 2009

" ငါ ... နဲ့ ... ငါ "

လောကကြီးရေ ....
ငါ နဲ့ ငါ မခွဲခြားပဲ
ဘာကြောင့်များ
ကွဲပြားနေရတာလဲ ...

တကယ်ဆိုရင်
ငါ့သစ်ပင်က အဖော်မင်သူပါ
ငါကတော့ လွင်တီးခေါင်မှာတစ်ပင်တည်း ..

ငါကရီချင်ပါလျှက်
ငါကတော့ အလွမ်းဇာတ်ဆရာပေါ့ ..

ငါကစိုပြေမှုမြတ်နိုးသူပါ
ငါကတော့ ကန္တာရပဲချစ်တက်တယ်..

ငါကကမ်းရှာသူပါ
ငါကတော့ရေလျင်ကြောမှာမျောလို့ ..

ငါဟာအရုပ်ရေးချင်သူပါ
ငါကတော့ကားချပ်လေးကို နှမြောတက်တယ် ..

ငါကအိပ်ရာကထချင်သူပါ
ငါကတော့အိပ်မက်မက်ချင်နေတုန်း ..

ငါကအတွေးနဲ့ဆက်စပ်ကြည့်သူပါ
ငါကတော့လက်တွေ့ပြသချင်ခဲ့တယ် ..

ငါကပြေးတွေ့ချင်သူပါ
ငါကတော့တွေးကြောက်တက်တယ် ..

ငါကကြိုးတစ်ချောင်းကိုချည်ခဲ့တယ်
ငါကတော့ဓားတစ်လက်ကိုကိုင်လို့ ..

ဖြစ်နိုင်ရင် ...
ငါ့လည်ပင်းငါ ဖြတ်ထားချင်ရဲ့

ငါ နဲ့ ငါ နီးစပ်ဖို့ ......။ ။

(ရုပ်ဆိုး)

0 comments:

Post a Comment