Wednesday, February 18, 2009

အချစ် = ဖိနပ်

လူ့ ဘဝခရီးကို
ဖိနပ်စီးပြီးဝင်လာတဲ့သူမရှိဘူး ...
မြေကြီးပေါ်
ခြေထောက် ထောက်
တုံးလုံးလျှောက်လည်းဖြစ်တယ် ...

ဒါပေမဲ့
လောကဓံ ဆိုတဲ့အပူ
ကံကြမ္မာ ခရောင်းလမ်း
အားမနာတမ်း
ဝေဖန်တက်တဲ့ ပတ်ဝန်းကျင်အတွက်
ဖိနပ်ကောင်းကောင်းတစ်ရံတော့
ရှိရင်ပိုကောင်းတယ် ......။ ။

(ရုပ်ဆိုး)

0 comments:

Post a Comment