Thursday, February 19, 2009

Aero Tags Tagslock Pro Software

ီဆော့ဝဲလ်က ဘာတွေသုံးလို့ရသလည်းဆိုရင်တော့ ကိုယ့်ဝက်ဆိုက်မှာ ရှိတဲ့ HMTL ကုတ်တွေကို တစ်ခြားသူ မသိ အောင် ကုတ်တွေပြောင်းတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ် ။ ကိုယ်ဆိုက်မှာ ရေးထားတဲ့ HTML ကုတ် တွေကို မသိစေချင်ဘူးဆိုရင်တော့ ဒီဆော့ဝဲလ်လေးကို သာသုံးပြီးတော့ ၀က်ပေါ့ပေါ်တင်လိုက်ပါ ။ ဆော့ဝဲလ်အသုံးပြုပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။

ကိုယ်ပြောင်းချင်တဲ့ HTML တွေကို Open with –Notepad ဖြင့်ဖွင့်ပါ ။ ပြီးရင် ကော်ပီလုပ်ပါ ။


tags_lock_pro.exe အားဖွင့်ပါ ။ ဆော့ဝဲလ်ပွင့်လာတဲ့အခါမှာ ပုံတွင်ပြထားသည့် အတိုင်း File – Encrypt using clipboard or Ctrl+B အားနှိပ်ပါ


ပေါ်လာတဲ့ဘောက်စ်၏ Original HTML code : အောက်ကဘောက်စ်တွင် မိမိကော် ပီလုပ်လာသော ကုတ်များကို Paste လုပ်ပါ ။ Encrypted HTML code : ၏ အောက်တွင်ရှိသော ဘောက်စ်တွင် ပြောင်းလဲပြီးသော ကုတ်များ ကျလာမှာဖြစ်ပါတယ် ။


Encrypted HTML code : ၏ အောက်တွင်ရှိသော ဘောက်စ်တွင် ပြောင်းလဲပြီးသော ကုတ်များ အား Copy ယူ၍ မိမိထည့်လိုသော ဆိုက်တွင် သွားထည့်လို့ ရပါပြီ ။ Blog , Zorpia , Friendster စသည့် ၀က်ဆိုကကုတ်အသုံးပြု သော ဘယ်နေရာမဆို ထည့်လို့ရပါတယ် ။

Photobucket

မှတ်ချက် ။ ကိုမောင်နိုင်ဆီမှပြန်လည်မျှဝေပါသည် ..

Uninstaller2008

ဒီဆော့ဖ်ဝဲလေးက် Uninstall လုပ်တဲ့ဆော့ဖ်ဝဲလေးပါ . Uninstall လုပ်လို့မရတဲ့အခါ ဒီဆော့ဖ်ဝဲလေးနဲ့လုပ်ရင်အဆင်ပြေပါတယ်..သုံးကြည့်လိုက်ပါ ..



Photobucket

Office 2007 Eng Software

Office 2007 Eng software လေးပါ..




Photobucket အပိုင်း (၁)
Photobucket အပိုင်း (၂)

Wednesday, February 18, 2009

ကျောက်ခဲ

ဘဝကလည်းမွဲပါတယ်
အလှကလည်းနဲ ပါတယ်
ဖိအားတွေကြား
ကြီးထွားလာရသူမို့
အသွင်တွေများ မာသွားရင်
နားလည်ပေးပါ ...

မြေကြီးက ကျုပ်ကိုမွေးလို့
ကျုပ်လူတွေ အတွက်
ပေးဆပ်ချင်တယ်
(နေရာတစ်ခုအဖြစ်ပေါ့)

လူတွေတန်ဖိုးထားတဲ့
အဆင်တန်ဆာဆိုတာ
ကျုပ်အတွက်တော့
မတန်မရာကြီးပါ ...

တိုက်ဆောက်မလား
ကျုပ်ကိုသာသုံး
ပြုံးပြုံးကြီးကျေနပ်တယ် ..

တံတားဆောက်မလား
ဟိုအောက်ခြေရင်းမှာ
ကျုပ်ဝပ်ဆင်းနေမယ် ...

လမ်းခင်းမလား
ကျုပ်ကိုသာချနင်း
ဘာမှမစဉ်းစားနဲ့ ...

တွဲလိုကတွဲ ၊ ခွဲချင်ခွဲပေါ့
ကျုပ်မြေကြီးလှပရေးအတွက်
တစ်ခုလောက်တော့ပေးချင်တယ် ...

မလိုဘူးလား ..
ခပ်ဝေးဝေးရောက်အောင်
ပစ်ပေါက်လိုက်စမ်းပါ ..
လောကကြီးထဲ
ကျုပ်မရောက် ခဲ့ဘူးလို့
သဘောထားလိုက်မယ် .....။

(ရုပ်ဆိုး)

သီတင်းကျွတ်ညတမ်းချင်း

အပူပိုင်းဆီ ၊ မြန်ပြည်သားမို့
မြူနှင်းမှုန်ဖွေး ၊ အငေးကြည့်မိ
ရေခြဲပင်ပေါ် ၊ မကြာချော်တက်
လက်နှစ်ဘက်ကို ၊ ထိုးဝှက်ကွယ်ပိတ်
အင်္ကျီအိတ်၌ ၊ အမြဲနှိုက်၍
ကတိုက်ကရိုက် ၊ လမ်းလျှောက်လိုက်လည်း
ချွေးရယ်မစို ၊ မေးခိုက်ဖိုသည်
"သည်ဆောင်းကိုက အေးသောကြောင့် ..."

ရှေးရခင်ခါ ၊ ပျော်ဖူးလာသော
ဝါတွင်းထွက်စ ၊ လပြည့်ညဝယ်
တမ်းတမှန်းရည် ၊ မွေးမြေဆီသို့
ပို့ဝေမေတ္တာ ၊ ဆုတောင်းစာနှင့်
သဒ္ဒါရှိခိုး ၊ လက်စုံမိုးလည်း
စိတ်ကားကိုယ်တွင် ၊ မရှိချင်ပြီ
"မွေးမြေဋ္ဌာန ဆွေးသောကြောင့် ..."

ရှေ့ရေးဘဝ ၊ မှန်ဆကြံတွေး
မြင့်မာရေးတွက် ၊ အဝေးရပ်ဆီ
ပြေးတက်ချီကာ ၊ ပညာရည်နို့
သောက်စို့နေ့စဉ် ၊ စား ဝတ် အင်က
နေကြထိုင်ရေး ၊ အပူဝေးလည်း
နှစ်ခြိုက်စိတ်တွင် ၊ မပျော်ချင်ပြီ
"မွေးမေရင်ငွေ့ ဝေးသောကြောင့် ..." ........။

(ရုပ်ဆိုး)

" ငါမသိတဲ့ငါ "

ငါဘယ်သူလဲ

ဘယ်လူလဲငါ

ဘယ်ကိုငါသွား

ဘယ်နားကငါ

ဘာကိုငါပြု

ဘယ်သူ့အတွက်ငါ

ဘာကိုငါတွေး

ဘာရေးလဲငါ

အဖြေမရှိ

ငါမသိတဲ့ငါ .....။ ။

(ရုပ်ဆိုး)

" ငါ ... နဲ့ ... ငါ "

လောကကြီးရေ ....
ငါ နဲ့ ငါ မခွဲခြားပဲ
ဘာကြောင့်များ
ကွဲပြားနေရတာလဲ ...

တကယ်ဆိုရင်
ငါ့သစ်ပင်က အဖော်မင်သူပါ
ငါကတော့ လွင်တီးခေါင်မှာတစ်ပင်တည်း ..

ငါကရီချင်ပါလျှက်
ငါကတော့ အလွမ်းဇာတ်ဆရာပေါ့ ..

ငါကစိုပြေမှုမြတ်နိုးသူပါ
ငါကတော့ ကန္တာရပဲချစ်တက်တယ်..

ငါကကမ်းရှာသူပါ
ငါကတော့ရေလျင်ကြောမှာမျောလို့ ..

ငါဟာအရုပ်ရေးချင်သူပါ
ငါကတော့ကားချပ်လေးကို နှမြောတက်တယ် ..

ငါကအိပ်ရာကထချင်သူပါ
ငါကတော့အိပ်မက်မက်ချင်နေတုန်း ..

ငါကအတွေးနဲ့ဆက်စပ်ကြည့်သူပါ
ငါကတော့လက်တွေ့ပြသချင်ခဲ့တယ် ..

ငါကပြေးတွေ့ချင်သူပါ
ငါကတော့တွေးကြောက်တက်တယ် ..

ငါကကြိုးတစ်ချောင်းကိုချည်ခဲ့တယ်
ငါကတော့ဓားတစ်လက်ကိုကိုင်လို့ ..

ဖြစ်နိုင်ရင် ...
ငါ့လည်ပင်းငါ ဖြတ်ထားချင်ရဲ့

ငါ နဲ့ ငါ နီးစပ်ဖို့ ......။ ။

(ရုပ်ဆိုး)