Window Xp ကို အမြန်ဆုံး install လုပ်နည်းလေးကို အသေးစိတ် ရှင်းပြပေးပါမယ်ဗျာ။ လိုအပ်တာတွေကတော့ CD ROM တစ်လုံးရယ် Window Xp အခွေတစ်ခွေရယ်ပဲဖြစ်ပါတယ်။
( ၁ ) အရင်ဆုံး Computer ကိုဖွင့်လိုက်တာနဲ့ Delete Key ကိုနှိပ်ပြီး Bios ထဲကိုဝင်လိုက်ပါ။ ပြီးရင် First Boot Device ကို CD ROM ကိုရွေးပေးလိုက်ပါ။ Mother Board တွေက အမျိုးစားတွေ အများကြီး ရှိသလို Bios Setting တွေကလဲမတူကြလို့ First Boot Device ကို CD ROM အဖြစ်ရွေးနည်းကို ပုံသေမပြောပြပေးနိုင်တာ နားလည်ပေးစေချင်ပါတယ်။ CD ROM ကိုရွေးပြီးတဲ့ အခါ F10 ကို နှိပ်ပြီး Save and Exit ဖြင့် ထွက်လိုက်ပါ။ Computer ပြန်ပွင့်လာတဲ့ အခါ Press Any Key To Boot From CD ဆိုတဲ့ စာတန်းလေးပေါ်လာရင် ကြိုက်ရာ Key တစ်ခုကို နှိပ်ပေးလိုက်ပါ။
ခဏလောက် စောင့်ပေးလိုက်ပါ။
ခဏလောက် စောင့်ပေးလိုက်ပါ။
Xp Install လုပ်မယ်ဆိုရင် Enter ကိုနှိပ်ပါ။ Repair လုပ်ဖို့ Recovery Console ထဲကိုဝင်ချင်တယ်ဆိုရင်တော့ R ကို နှိပ်ပါ။ Xp Installation မှထွက်ချင်တယ်ဆိုရင် တော့ F3 ကိုနှိပ်ပါလို့ ဆိုလိုထားခြင်းဖြစ်ပါတယ်။ ခု Xp ကို Install လုပ်မှာဖြစ်လို့ Enter ကိုနှိပ်ပေးလိုက်ပါ။
Xp Installation အတွက် သဘောတူညီရန်အချက်အလက်များ မေးထားတာဖြစ်ပါတယ်။ သဘောတူညီကြောင်း F8 ကိုနှိပ်ပေးလိုက်ပါ။
Xp Installation လုပ်မည့် Partition ကိုရွေးချယ်ခိုင်းခြင်းဖြစ်ပါတယ်။ C: မှာ သွင်းမှာဖြစ်တဲ့အတွက် C: ကိုရွေးပြီး Enter နှိပ်ပေးလိုက်ပါ။
C: မှာ Xp ကို မသွင်းခင် Format ချရန်အတွက် ဖြစ်ပါတယ်။ Format ချမှသာ အရင် ဖိုင်အဟောင်းတွေ ရှင်းသွားပြီး Xp အသစ်ကို ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်မှာဖြစ်လို့ Format ချပေးလိုက်ပါ။
Format ချရာတွင် အသုံးပြုမည့် File System နဲ့ နည်းလမ်းများကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အမြန်ဆုံး Format ချမှာဖြစ်ပြီး NTFS File System ကိုအသုံးပြုမှာ ဖြစ်တဲ့အတွက် အပေါ်ဆုံးမှာ စာကြောင်းကို ရွေးပြီး Enter နှိပ်ပေးလိုက်ပါ။
C: ကို Format ချနေခြင်းဖြစ်ပါတယ်။ ခဏလောက် စောင့်ပေးလိုက်ပါ။
Format ချပြီးလို့ Installation အတွက် လိုအပ်တဲ့ ဖိုင်တွေကို Hard Disk ထဲကိုကူးယူနေခြင်းဖြစ်ပါတယ်။ ခဏလောက် စောင့်ပေးလိုက်ပါ။
ဖိုင်တွေကူးယူပြီးသွားတဲ့အခါ Computer ကို Restart ချမည်ဆိုသည်ကို အသိပေးခြင်းဖြစ်ပါတယ်။ Enter နှိပ်ပေးလိုက်ပါ။
Xp Logo လေးနဲ့ Window Installation Program တက်လာပါလိမ့်မယ်။
Installation စတင်နေပါပြီ။ ခဏလောက် စောင့်ပေးလိုက်ပါ။
အသုံးပြုမယ့် ဘာသာစကား တွေကိုရွေးချယ်ခိုင်းတာပါ။ Next ကိုပဲ နှိပ်ပေးလိုက်ပါ။
Computer အသုံးပြုမည့် သူ၏ နာမည်နဲ့ အဖွဲ့အစည်းကို ရိုက်သွင်းခိုင်းတာပါ။ နာမည်နဲ့ အဖွဲ့အစည်းကို သွင်းပေးလိုက်ပါ။ Next ကိုနှိပ်ပေးလိုက်ပါ။
Window installation Searil Key ကိုရိုက်ထည့်ပေးလိုက်ပါ။ Window Installation CD ပေါ်မှာပါတက်ပါတယ်။ ရှာကြည့်ပြီး ရိုက်ထည့်ပေးလိုက်ပါ။ Next ကိုနှိပ်ပေးလိုက်ပါ။
Computer အမည်နှင့် အကယ်၍ Password ခံပြီး အသုံးပြုချင်တယ်ဆိုင်ရင် ရိုက်ထည့်ပေးလိုက်ပါ။ Password က နှစ်ခါရိုက်ထည့်ပေးလိုက်ပါ။ Next ကိုနှိပ်ပေးလိုက်ပါ။
Time Zone ကိုရွေးခိုင်းတာပါ။ သင်နေထိုင်တဲ့ နိုင်ငံရဲ့ Time Zone ကိုရွေးပေးလိုက်ပါ။ မြန်မာနိုင်ငံကတော့ +6:30 ပါ။ ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။
Xp ကိုဆက်လက် install လုပ်နေပါလိမ့်မယ်။ ခဏလောက် စောင့်ပေးလိုက်ပါ။
Network Setting ပြုလုပ်မည်လားဟု မေးခြင်းဖြစ်ပါတယ်။ မပြုလုပ်သေးဘူးဖြစ်တဲ့အတွက် Next ကိုနှိပ်ပေးလိုက်ပါ။
Network အတွက် Work Group ကိုမေးခြင်းဖြစ်ပါတယ်။ Next ကိုနှိပ်ပေးလိုက်ပါ။
Xp ကိုဆက်လက် install လုပ်နေပါလိမ့်မယ်။ ခဏလောက် စောင့်ပေးလိုက်ပါ။
Display Setting အတွက် ချိန်ရန်မေးခြင်းဖြစ်ပါတယ်။ OK နှိပ်ပေးလိုက်ပါ။
Window Xp စတင်တက်လာပါပြီ။
Window Xp မှ စတင်ကြိုဆိုခြင်းဖြစ်ပါတယ်။ Next နှိပ်ပေးလိုက်ပါ။
Internet Connection ကိုမေးခြင်းဖြစ်ပါတယ်။ Skip နှိပ်ပြီး ကျော်လိုက်ပါ။
Microsoft နှင် Register လုပ်မည်လားဟု မေးခြင်းဖြစ်ပါတယ်။ အောက်က စာကြောင်းလေးကို ရွေးပြီး Next လုပ်ပေးလိုက်ပါ။
Computer ကိုအသုံးပြုမည့် User များကို မေးခြင်းဖြစ်ပါတယ်။ အပေါ်ဆုံးမှာ သင့်အမည်ကို ထည့်သွင်းပေးလိုက်ပါ။ Next နှိပ်ပေးလိုက်ပါ။
Window Xp Installation အောင်မြင်စွာပြီးဆုံးကြောင်း ပြောပြထားခြင်းဖြစ်ပါတယ်။ Finish ကိုနှိပ်ပေးလိုက်ပါ။
Window Xp ကိုစတင်အသုံးပြုလို့ရပါပြီ။
Window Xp ကို Installation လုပ်ပြီးတဲ့အခါမှာ Mother Board Driver အခွေကို CD ROM ထဲကို ထည့်သွင်းပေးလိုက်ပြီး Driver များကို Install လုပ်ပေးလိုက်ပါ။ အဲဒါမှ ရုပ်ထွက်ကောင်းမွန်ခြင်း အသံထွက်ခြင်းနဲ့ အခြား Device များကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ကိစ္စ အ၀၀ ပြီးဆုံးသွားတဲ့အခါမှာ First Boot Device ကို Hard Disk ကိုပြန်ရွေးပေးထားဖို့ မမေ့ရန် အထူးသတိပေးလိုပါတယ်ဗျာ။
မှတ်ချက်။ ကျွန်တော့်အစ်ကို ကို Error ရဲ့လက်ရာလေးပါ ။ သိပြီးသား သူငယ်ချင်းတွေအတွက် တော့မလိုဘူးပေါ့ဗျာ ။ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်ပြန်လည် ဝေမျှလိုက်တာပါ
Saturday, January 31, 2009
Windows Doctor 2.0.0.0
ဒေါင်းလော့လုပ်ရန်။ Ifile ဖြင့်
tomekk
သူငယ်ချင်းတစ်ယောက်ဆီမှ ရလို့ပြန်လည် ဝေမျှလိုက်တာပါ ။ အဆင်ပြေကြပါစေ ..
Windows XP SP3 Black Edition
အောက်က လင့်ခ်များမှာ ဒေါင်းလုပ်ရယူနိုင်ပါသည်။
(အပိုင်း-၁) Rapid
အပိုင်း(၂) Rapid
အပိုင်း(၃) Rapid
အပိုင်း(၄) Rapid
အပိုင်း(၅) Rapid
အပိုင်း(၆) Rapid
အပိုင်း(၇) Rapid
အပိုင်း(၈) Rapid
အပိုင်း(၉) Rapid
အပိုင်း(၁) Deposit
အပိုင်း(၂) Deposit
အပိုင်း(၃) Deposit
အပိုင်း(၄) Deposit
အပိုင်း(၅) Deposit
အပိုင်း(၆) Deposit
အပိုင်း(၇) Deposit
အပိုင်း(၈) Deposit
အပိုင်း(၉) Deposit
အဆင်ပြေကြပါစေ
Kaspersky Internet Security 2009
ဒါကတော့ Kaspersky Internet Security 2009 လေးပါ ။ Antivirus ကိုမသုံးချင်တဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် Internet Security ကိုပဲသုံးချင်တဲ့ သူတွေအတွက် အဆင်ပြေအောင် ရည်ရွယ်ပြီးတင်ထားပေးတာပါ ။ Key နဲ့ set up ဖိုင်လေးပါ တင်ပေးထားပါတယ် ။ key မှာ နှစ်မျိုး ရှိပါတယ် ။kav နဲ့ kis ဆိုပြီးတော့ပါ။ မသိသေးတွေ မှားပြီးမသုံးမိအောင် အချိန်ကုန်သက်သာအောင် ရှင်းပြတာပါ။ KasperskyAntivirus ကိုအသုံးပြုမယ့် သူတွေအတွက် kav ဆိုတဲ့ ကီးလေးတွေကို အသုံးပြုရမှာ ဖြစ်ပြီး Kaspersky Internet Security ကိုအသုံးပြုချင် သူတွေအတွက် kis ဆိုတဲ့ကီးလေးတွေကို အသုံးပြုရမှာ ဖြစ်ပါတယ် ။ Kaspersky Internet Security 2009 ရဲ့ Key နဲ့ set up ဖိုင်လေးကို အောက်က လင့်ခ် လေးမှာဒေါင်းလုပ် ရယူနိုင်ပါတယ် ။ အားလုံးပဲအဆင်ပြေကြပါစေ ။
Download
Kaspersky anti virus 2009 ရဲု့key နဲ့ set up
ကျွန်တော် သူငယ်ချင်းတစ်ယောက်က လိုချင်တယ်ဆိုလို့ kaspersky anti virus 2009 ရဲ့ set up နဲ့ key ဖိုင်လေးကို တင်ပေးလိုက်တာပါ ။ကျွန်တော့် မှာရှိသလောက် key လေးတွေတင်ပေးထားပါတယ်။ တစ်ခုမဟုတ် တစ်ခုနဲ့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ။key မထည့်တတ်တဲ့သူတွေအတွက် အဆင်ပြေအောင်ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်။
ဒီနေရာ လေးမှာဒေါင်းလိုက်ပါ ..
Internet Download Manager 5.15
ဒီနေ့ တော့နဲနဲအလုပ်များနေတာနဲ့ မရေးဖြစ်ပါဘူး ။ အခုဟာလေးကတော့ ရှိပြီးသားသိပြီးသားလူတွေအတွက်မပြောပါဘူး ။မရှိသေးတဲ့ သူတွေအတွက် Internet Download Manager 5.15 ကို set up နဲ့ crack ဖိုင်လေးတင်ပေးလိုက်ပါတယ် ။အောက်ကလင့်ခ် လေးမှာ ဒေါင်းလိုက်ပါ ။
Download
Download
Pointer ကိုစတိုင်တစ်မျိုးနဲ့ Move မယ်
Control Panel ကိုသွားပါAccessibility Options ကို cLick လုပ်ပါmouse Tab ကို ရွေးပါ . . .
Use Mouse Key click လုပ်ပါ Apply လုပ်ပါဒါဆို Taskbar မှာ mouse ပုံလေးတွေ့ရလိမ့်မယ်
Number Key Pad က 7 8 9 4 6 1 2 3 ကိုသုံးပြီး Pointer ရွေ့ပါNumber က Enter ပါ . . "/" က
Left Click "-" က Right Clickစမ်းသုံးကြည့်ပါဦးသိထားဖူးရင် ဆောရီးနော်
-----------------------------------------------------------------
ကိုယ်ကစာတွေ အများကြီးတော့ ရိုက်ချင်တယ်။ ကီးဘုတ်လက်ကွက်တွေတော့ မနှိပ်တက်ဘူး၊ အဲဒီလို ဖြစ်နေရင် ဒီလိုလုပ်။
Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screen keyboard ဆိုတာကို ကလစ်လုပ်။
ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်ပုံစံလေးမှာ Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။
ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး စာတွေရိုက်လို. ရပြီပေါ့။
Titanic Screen Saver
ကျနော်အခုတစ်လော စိတ်ဝင်စားဖို့ ကောင်းတာလေးတွေ လိုက်ရှာနေတာဗျ။ အဲ ရှာရင်းဖွေရင်း တိုက်တန်းနစ် ရုပ်ရှင်ကို သတိရတယ်။ ပြန်ကြည့်ရင်ကောင်းမလားလို့ ... အဲဒါနဲ့ screen saver လေးတစ်ခုသွားတွေ့တယ်။ ဆန္ဒပြည့်သွားတယ်ပဲ ပြောရမယ်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ရုပ်ရှင်တစ်ကားကြည့်နေရသလိုပဲ .. 3D effect တွေက ။ သူ့ကို run လိုက်တာနဲ့ screen saver ရဲ့ပုံမှန်အတိုင်းပဲ မိမိပေးထားတဲ့ အချိန်မှာ screen saver တက်တယ်ပေါ့ဗျာ။ စိတ်ဝင်စားဖို့ကောင်းတာက စတင်ပြီးတာနဲ့ ဇာတ်ကား အစကနေလာပါတော့တယ်။ ၃ မိနစ်လောက် ကြာပြီးတဲ့ အချိန်မှာ ကွန်ပျူတာ ပြန်သုံးတော့ screen saver ပြန်ပျောက်သွားပါတယ်။ ဒါပေမယ့် နောက်တစ်ခါ ပြန်ပြီး screen saver တက်လာတဲ့ အချိန်မှာ ခုနက ၃ မိနစ်စာ ပြီးသွားတဲ့ နေရာကနေ ဆက်ပြီးလာပါတယ်။ တော်တော်လေးကို ကြည့်ကောင်းတယ်ဗျ။ ဘာပဲ ဖြစ်ဖြစ် သုံးဘူးတယ် ရှိအောင် သုံးကြည့်လိုက်ပါဦး .... ။ crack ပါပြီးသားပါ ။
DOWNLOAD
ထွက်ထားတာ ကြာပါပြီ ... မသုံးဘူးသေးတဲ့ လူများကို ကျနော် နှစ်သက်မိတာလေး မျှဝေပေးလိုက်ရုံရယ်ပါ ...
DOWNLOAD
ထွက်ထားတာ ကြာပါပြီ ... မသုံးဘူးသေးတဲ့ လူများကို ကျနော် နှစ်သက်မိတာလေး မျှဝေပေးလိုက်ရုံရယ်ပါ ...
Windows ၂ ခု ပြဿနာအားဖြေရှင်းခြင်း
ဗိုက်ရပ်စ် လိုပြောရမလား ဘာလိုပြောရမှန်းမသိတဲ့ Windows တစ်ခု ဖွင့်ပြီး အဲဒီ ၀င်းဒိုးထဲမှာ ရှိတဲ့ ဒေတာတွေ ကို ဖွင့်ရင် ဖွင့်ချင်တဲ့ ၀င်းဒိုးတော့ပွင့်ပါတယ် ။ ဒါပေမယ့် နောက်တစ်ခု ထပ်ပွင့်နေတယ် ။ ကွန်ပျူတာ မှာ application error တစ်ခုတတ်နေတဲ့ သ ဘောမျိုးလေးပေါ့ဗျာ ။ အဲဒါကို ဘယ်လို ဖြေရှင်းရမလည်းဆိုတာကို အခု ပြောပြချင်ပါတယ် ခင်ဗျာ ။ ကဲစပါမယ်ခင်ဗျာ ။
ပထမဆုံး ပါတေးရှင်း တွေကို ဖွင့်လိုက်ရင် အခုလို မြင်ရတဲ့ ပုံစံမျိုးတွေ ဖြစ်ဖြစ်နေတာကို ပြောတာပါခင်ဗျာ ။
အဲဒါကို ဘယ်လို ဖွင့်ရမလည်း ဆိုတော့ ဇစ်ဖိုင်တွေကို ဖြေတဲ့ ချူပ်တဲ့ WinRAR software လေး Run ပြီး open with မှာ အဲဒီ WinRAR နဲ့ ဖွင့်ဖို့လိုပါမယ် ။
ပုံမှာ ပြထားတဲ့ အတိုင်း ပွင့်လာတဲ့ အဖိုင်တွေထဲက autorun.inf ဆိုတဲ့ ဖိုင်အမျိုးအစားကို ရှာပါ ခင်ဗျာ ။
အဲဒီ autorun.inf ဖိုင်လေးလား Delete လုပ်လိုက်ပါ ခင်ဗျာ ။ မိမိကွန်ပျူတာမှာ ပါတေးရှင်း ရှိရင် ရှိသလောက် ကို လိုက်ဖွင့်ပြီး အဲဒီ အထဲမှာ ရှိနေတဲ့ autorun.inf ဖိုင်တွေကိုလည်း Delete လုပ်လိုက်ပါခင်ဗျာ ။ အားလုံးဖျက် ပြီးသွားရင် ကွန်ပျူတာအား Restart ချလိုက်ပါခင်ဗျာ ။ Windows ပြန်တတ်လာရင် အားလုံး အဆင်ပြေသွားပါ လိမ့်မယ် ။