Friday, January 30, 2009

ရှေးပညာရှိ ၊ဆရာတော်ကြီးများ၏ ဆုံးမစာများ

ရှင်မဟာရဋ္ဌသာရ ၏ဆုံးမစာများ

(၁) သေတူရှင်ဖက် ၊ဆောင်ရွက်မကင်း၊အချင်းချင်းတွင်၊ အခင်းကြီးငယ်၊
ရှိခါဝယ်လည်း၊မဖယ်မသွေ၊ညီညာကုန်း၍၊ရုံးကြလေ ..။
(၂)တစ်ယောက်စကား၊တစ်ယောက်နားမှ၊မခါးရအောင်၊သတိဆောင်၍
မောင်တို့ ဆိုလေ ၊ပျားသကာသို့ချိုလှစေ ..။
(၃) မတွေ့ခိုက်ရန်၊မကျူးလွန်နှင့် ၊မျက်မာန်ဒေါသ၊မထွက်ရအောင်၊
မာန်မာန ကိုချုပ်ကြလေ..။
(၄)ကိုယ်နှင့်လည်းစာ၊သတ္တဝါကို၊ကြင်နာလှစေ၊သူ့အသက်ကို ၊ချစ်ပါလေ..။
(၅)သူ၏စီပွား၊ငါ့စီးပွားကို၊ထောက်ထားမိစေ၊ကြီးလောဘကို ၊မျှတစေ..။
(၆)ဟုတ်သောအကြံ၊မှန်သောအကျင့်၊သင့်သောအယူ၊ဖြူသောနှလုံး၊သူတော်ထုံးကို၊
စွဲသုံးသောထွေ၊ မှန်လှစေ ..။
(၇)မှတ်ဖွယ်ရာရာ ၊ ထိုထိုစာကို ၊ ရှာ၍မပြက် ၊ အိမ်တွင်ဖက် ..။
(၈)အစ်ကိုကြီးအား ၊ ညီငယ်များလည်း ၊ စကားနှုတ်သက် ၊ ဖက်၍မဆို ၊ ရိုသေလှစေ ၊
ကိုကြီးအမ ၊ သည်နှစ်ဝကို ၊ မိဘကဲ့သို့ မှတ်ပါလေ..။

ရှင်မဟာသီလဝံသဆုံးမစာများ


(၁) ရိုင်းစိုင်းနီးကပ် ၊ မကိုင်းညွတ်ပဲ ၊ မတ်တက်ထိုး၍ ၊ မသွားနှင့် ..။
(၂) မိဦးဖဦး ၊ ဆရာဦးကို ၊ ခူး၍အလျင် ၊ မစားနှင့် ..။
(၃)မိဘဆရာ ၊ ထားသည့်ဟာကို ၊ မျက်နှာကွယ်လျှင် ၊ မယူငင်နှင့်
လိုချင်သောအား ၊ စားချင်ညားက ၊ ဝပ်တွားခယ ၊ တောင်းပါကြ ..။
(၄)အသက်ကြီးငယ် ၊ ဝါကြီးငယ်ကို ၊ လွှဲဖယ်မသွေ ၊ နှိမ့်ချလေ..။
(၅)ဗဟုသုတ ၊ တက်ပါချင်လျှင် ၊ သင်သာခိုက်ကို ၊ သင်လိုက်ကြ ..။
(၆)ဝါယာလုံ့လ ၊ ကြိုးပမ်းက ၊ ရလိမ့် ဉာဏ်ပညာ ..။
(၇)လိမ္မာသိတက် ၊ လောကဓာတ် ၊ တက်လိမ့်များဂုဏ်အင် ..။


ပထမရွှေကျင်ဆရတော်ဘုရားကြီး၏ဆုံးမစာများ

(၁) ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေကိုခပ်ရ၏ ..။
(၂) မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းကိုရှာရသည်..။

(၃) တုံးတံတားကို လျှောက်စဉ် အရပ်တပါးကိုမကြည့်နဲ့ ချောက်သို့ကျလိမ့်မည် ..။
(၄) သံသရာတံတားကိုလျှောက်စဉ် သူတပါးအပြစ် ကိုမကြည့်နဲ့
သံသရာချောက်ကမ်းပါးကိုကျလိမ့်မည် ..။

(၅) ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်..။
(၆) ကျင့်ဝတ်မချွတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်..။
(၇) မြင်းနိုင်လို ဇက်ကိုဆွဲ ၊ လှေကိုနိုင် လို တက်ကိုဆွဲ ၊ ဆရာကိုနိုင်လို ကျင့်ဝတ်မြဲ ..။


ညောင်ပင်သာ ဦးပုည၏ဆုံးမစာ

(၁) သူတစ်ပါးကိုကဲ့ရဲ့လို ၊ကိုယ့်မှာရန်သူပေါတက်တယ် ...။

(၂) မော်မော်ကြွာ်းကြွား ၊ လူရမ်းကား ၊အများမချစ်မုန်းတက်တယ် ..။

(၃) တောင်းတက်သောသူ ၊တောင်းမှုမပေး ၊သည်နှစ်ရေး ၊ မအေးစိတ်က၊ မုန်းတက်တယ် ။

(၄) ဆိုခွင့်ပြုခွင့် ၊ သင့်မသင့် ၊ နှိုင်းချင့်အခါလင့်ရတယ်...။

(၅) တံတားအို မှောင်ခိုမလျှောက်နှင့် ၊
စကားဆိုတောင်လိုမမှောက်နှင့် ၊
တံတားအိုမှောင်ခိုလျှောက် က ကျိုးတက်တယ် ..။
စကားဆိုတောင်လိုမောက် က ငြိုးတက်တယ် ...။


လုံးတော်ဆရာတော်ကြီး၏ဆုံးမစာများ

(၁) ကုသိုလ် ဥစ္စာ၊ ပညာသုံးခု ၊ တနေ့မှုမှာ ၊ တခုခု ကိုရအောင်ကြံ ..။

(၂) ကံကိုချည်းလည်းမယိုးနှင့် ..။

(၃) ဉာဏ် ကိုချည်းလည်း မိကိုးနှင့် ..။

(၄) လိမ္မာတု ကိုခိုး ၊ ကိုယ်ကျိုးကိုရှိအောင်ကြံ ..။

(၅) လောဘခက်ထန်လျှင် စားသုံးရ၏ ..။

(၆) ဒေါသခက်ထန်လျှင်၊ ပစ္စုပ္ပန်သံသရာ၊ နှစ်ဖြာရှုံး၍ ၊ စုံးစုံးနစ်တက်သည် ...။

(၇) အကြံပင်ကောင်းသော်လည်း ၊ နှောင်းလျှင်အကြိုးမရှိ ...။

(၈) များစွာသောအမျိုးတို့၏အကျိုး ကိုမြှော်ထောက်၍ တစ်ယောက် ကိုစွန့်ရာ၏ ..။

(၉) တစ်ရွာလုံးအကျိုး ကြောင့်အမျိုး ကိုစွန့့််ရာ၏ ..။

(၁၀) ပြည်သူတို့ အကျိုးငှာ ရွာကိုပင်စွန့်ရာ၏ ..။

(၈) ပန်းပဲဆရာ အထုမခံရသောသံတုံးသည် လက်နက်မဖြစ် ..။
(၉) ကျောက်ဆစ်ဆရာ အဆုံးအဖြတ်မခံရေသော ကျောက်တုံး အရုပ်မဖြစ် ..။
(၁၀) ဆရာအဆုံးအမ မခံရသောတပည့်သူကောင်းမဖြစ် ..။

(၁၁) သစ်ပင်ကြီး တို့သည် ခုတ်လှဲသူတို့အား မလဲမချင်း အရိပ်ဖြင့်အေးစေ၏ ..။
(၁၂) နံ့သာတုံး တို့သည် မီးရှို့သူတို့အား မကျွမ်းမချင်း အနံ့ဖြင့်မွှေးစေ၏ ..။
(၁၃) သူတော်ကောင်းသည် ညှဉ်းဆဲသူတို့အား မသေမချင်းအကျိုး ဆောင်၏..။

(၁၄) ဗဟုသုတရှိလျှက် သီလမရှိလျှင် ရေမတည်သောကန်နှင့်တူ၏ ..။
(၁၅) ပညာရှိလျှက်သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏ ..။
(၁၆) ကျမ်းဂန်တက်လျှက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏ ..။

(၁၇) ပညာမှီ၍မာန်တက်လျှင် ထိုပညာသည်ရွံဖွယ်တီး ..။
(၁၈) စာတက်လျှက် မိမိကိုယ်ကို မဆုံးမလျှင် ထိုစာသည် ငရဲရိက္ခာနှင့်တူ၏ ..။

မှတ်ချက် ။ ကျွန်တော့် ဂါဒီယံ ဆီမှ ကူးထားသောစာများ ဖြစ်သည် .

1 comments:

Anonymous said...

ကျေးဇူးတင်ပါတယ်။ဒီစာတွေများများသိရမယ်။ကူးခွင့်ပြုပါနော်

Post a Comment