Saturday, February 28, 2009
အမေ့ရင်ခွင်
ရေခြားမြေခြား၊
တိုင်းတစ်ပါးတွင်
သင်ယူပညာ၊
စေရာတာဝန်
ကျေပွန်စေရာ
ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ
ချမ်းအေးလှသည့်
ညအမှောင်ထဲ
မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ်
ငယ်စဉ်ဘဝ
အညာဒေသ
ဆောင်းကာလတွင်
အမေ့ရင်ခွင်
ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ
ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....။
*အမေ*
ကျွန်တော်အရမ်းနှစ်သက်တဲ့ကဗျာလေးပါ ..
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။
ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။
အမေကဗျာလေး… ကိုဖိုးသားရဲ့ဘလော့မှာ ဖော်ပြပေးထားတာနဲ့ ကြိုက်မိလို့ ကူးလိုက်တာ… မိတ်ဆွေတို့လည်း နှစ်သက်မိမှာပါ…။
အားလုံးပဲ အမေ့ကျေးဇူးကို အောက်မေ့သတိရလို့ ကျေးဇူး အကျေဆပ်နိုင်တဲ့ သားကောင်း ရတနာ၊ သမီးကောင်း ရတနာတွေ ဖြစ်နိုင်ကြပါစေ…။

လွမ်းမောမိတဲ့ အညာမြေ
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော်အိမ်မက်မက်တယ်..အိမ်မက် ထဲမှာ ကျွန်တော့်မွေးရပ်အညာမြေဆီသို့ ကျွန်တော်ရောက်သွားတယ်တဲ့..တကြွီကြွီအသံပေးကာ တရွေ့ရွေ့သွားနေသော အညာလှည်းအိုကြီးတွေ ၊တလိမ့်လိမ့် တက် နေသော ဖုန်လုံး ကြီး တွေ ၊ ဇရက် သံတွေ ဆူညံနေသော တပင်လုံး အပွင့်နီနီ တွေ စီထားသည့် လက်ပံ ပင် အိုကြီး တွေ ၊ထနောင်း ပင်အို ကြီးတွေ က ကျွန်တော့ အိမ်မက် ရဲ့ အဓိက ဇတ်ဆောင် တွေ ။ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ သူငယ်ချင်းတစ်ယောက်က “ မွေးဌာနီ ” သီချင်းလေးဖွင့်နေတာကြားလို့ နားထောင်ရင်း ကျွန်တော့ စိတ်အစဉ်သည် မြောပါသွားမှန်း မသိ ၊ မြောပါသွားတော့သည် ။
"မွေးဌာနီ... အညာအရပ်ဆီသို့...
မျှော်ဆီမျှော်မှန်း စိတ်ဝယ်တမ်းတ...
မှန်းဆကာရည်... တမ်းတပါသည်....
လှည်းလမ်းတလျှောက်... ဖုံလုံးကြီးတွေ...
တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည်...”
ထိုသီချင်းသည် ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားခဲ့ဘူးသော သီချင်းဖြစ်သည်။ မူရင်းသီဆိုသူ သန်းထွန်းလေး ၊ ပိုးအိစံ နှင့် အခြားသူများ ဆိုကြတာလည်း ကြားဘူးပါသည် ။ ကောင်းကြပါသည် ။သို့သော် ယခု နားဆင်နေ ရသည့် ပိုးအိစံ ရဲ့မွေးဌာနီ သီချင်းတွင် ကျွန်တော့ စိတ်အစဉ် သည် မြောပါသွားမှန်း မသိ ၊ မြောပါသွားတော့သည် ။ သူ့ အသံ က ဂရုဏာသံ ပါသည်။
"လက်ပံပွင့်တွေ…လေတိုက်ကြွေလိုက်တဲ့အခါ..
တ၀ဲဝဲဝှေ့ လို .. လေဂျင်ပမာ….
အော်…………………….. ချစ်စရာ….ချစ်စရာ…………မြင်ရ…….ပါ လေဦးတော့မည် ။”
လေဂျင် ပမာ …ဆိုသော အပိုဒ်ကလေး အပြီး မှာ ခဏကလေး တုံ့သွားသည်။ မျက်စေ့ထဲ ဂျင် ကလေး လို လှည့်ကာ လှည့်ကာ ကျလာနေသည့် ပတ်ချာဝဲ လက်ပံပွင့်လေး ကို မြင်ယောင် နေဆဲ ကြားလိုက်ရသော … အော်….. ဆိုသော အသံကလေး က အလွမ်းသံ ပါနေသည် ။ ပြီးမှ ..ချစ်စရာ..ချစ်စရာ……….မြင်ရ ..(ခဏတုံ့ပြီးမှ ) ပါလေ..ဦး….၀ူး ..၀ူး (ဆွဲပြီး ဆိုလိုက်သည်) တော့မည်……………..။တဲ့ ။
မြင်ရပါလေဦးတော့မည်။ တဲ့..လား။
အခုဘဲ မျက်စေ့ နဲ့ မြင်ရတော့မယ့် လူက မြင်ရ..ပါ…..လေ…ဦး တော့မည် ..တဲ့လား။ ဗျာ ။ အညာ ကနေ အဝေး ရောက် နေတဲ့ ကျွန်တော်ထို အပိုဒ်လေး အပြီး မှာ ဘယ်က ဘယ်လို မျက်လုံးအိမ်ထဲ မျက်ရည်တွေ ၀ဲလာလေသည် မသိ။
သေချာပါသည် ။ ကျွန်တော် မေ့ချင်ယောင် ဆောင်ထားသော ကျွန်တော့ အညာ လွမ်းစိတ် တို့သည် ကျွန်တော် ကို တိုက်ခိုက် နေလေပြီ ။

Friday, February 27, 2009
ပိဋကတ် (၃) ပုံမြန်မာပြန်စာအုပ်
ပိဋကတ်သုံးပုံကို သာသနာအားဖြင့် ၃-ရပ် ခွဲထားသည်။
(၁) ယထာပရာဓ သာသနာ- အပြစ်ရှိသူကို အပြစ်အလျောက် ဆုံးမ ပညတ်သော ၀ိနည်း ပိဋကတ်တော်၊
(၂) ယထာ နုလောမာ သာသနာ- ထိုထို သတ္တ၀ါ တို့၏ အလို အဇ္ဈာသယ အားလျော်စွာ ဟောကြား ဆုံးမတော် မူအပ်သော သုတ္တန် ပိဋကတ်တော်၊
(၃) ယထာ ဓမ္မသာသနာ- အားလုံးသော ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ရေ၊ မြေ၊ တော၊ တောင် ဟူသမျှ တို့သည် ပရမတ္ထ ဓမ္မ အစုသာ ဖြစ်ရကား ရုပ် နာမ်အားလျော်စွာ ဟောကြား ဆုံးမတော် မူသော အဘိဓမ္မာ ပိဋကတ်တော်။
စုံစုံလင်လင်သိချင်လိုသူများနှင့် ဗုဒ္ဓဘာသာလေ့လာလိုသူများအတွက် ...ပိဋကတ် (၃) ပုံမြန်မာပြန် စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်..
ဒီနေရာတွင်ဒေါင်းလုပ်ပါ
Thursday, February 26, 2009
Borland C++ 5.02
ကွန်ပျူတာကျောင်းသားများနဲ့ Program ကိုစိတ်ဝင်စားတဲ့သူငယ်ချင်းတွေအတွက် program ရေးတဲ့ Software လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် .. ဒီ software လေးက C++ ရေးတဲ့ software လေးပါ..အဆင်ပြေကြပါစေ ..
နက်ရှိုင်းလှတဲ့ သူ့မေတ္တာ
ပြုစုစောင့်လျှောက် မပျက်တမ်း
မမောမပန်း မေမေကြိုးပဖ်း
ယခုချိန်မက ကလေးမှစ
မေမေသည်သာ ထိန်းခဲ့ရ
ထာဝရဂရုဏာ အစိုင်အခဲဟာ
မေမေ့ မေတ္တာတစ်ခုတည်းသာ
ဘယ်သူတုတု " တု "မရ
မေမေ့ မေတ္တာနက်ရှိုင်းလှ ...
**အားလုံးသော မိခင်များအား ဤကဗျာလေးဖြင့် ဂုဏ်ပြုပါသည် **
Wednesday, February 25, 2009
ချယ်ရီမြေသို့ အလွမ်း ..
ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက ကွန်းခိုခဲ့တဲ့ ကျောင်းတော်ကြီးကိုသတိရမိလို့ ကျွန်တော့်သူငယ်ချင်း မောင်ငယ်ရဲ့ ကဗျာလေးကိုတင်လိုက်တာပါ ..
(၃)နှစ်ပြည့် နှစ်ပတ်လည်မဂ္ဂဇင်းလေးလိုချင်တယ်ဆိုရင် ဒီနေရာ လေးမှာရယူနိုင်ပါသည် ..
တို့တွေသစ်ပုတ်ပင်အိုမှာ
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့်ရှင်းရေး လုပ်ခဲ့တာလေး
ငါတော့ အမှတ်ရနေသေးတယ် ...
ကံ့ကော်တောရဲ့ သင်းပျံရနံ့ ကို
ရှုရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ပြယ်သော ချယ်ရီတောကို
ငေးမောခဲ့ရတဲ့ အခိုက်အတန့်လေး
ငါတော့ ပြန်လွမ်းမိသေးတယ် ..
ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့်အခါ မသင့်ခဲ့ပေမယ့်
ဧည့်ဆောင်လမ်းမထက်
လှမ်းလွင့်လာမယ့်
ချစ်သူကို ကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့...
ဂျပ်ဆင်လမ်းထက် ချစ်သူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက်
လက်ဆွဲအိတ်ကိုဆွဲ
လက်ပြည့်လွှဲ လျှောက်လှမ်းခဲ့တဲ့
ခြေလှမ်း ..
ငါတော့ ခုထိ ရဲရင့်နေဆဲပဲ .
လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့တွေ
မခိုလှုံခဲ့ကြရပေမယ့်
ချယ်ရီရိပ်ခို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကိ မြိုချလို့ ချွေးစက်တွေ
ခါထုတ်ခဲ့ရတဲ့
ထိုထို နှစ်များကိုတော့ ငါတို့
ဘယ်လို မေ့လို့ရမှာလည်းကွာ ....
(၃)နှစ်ပြည့် နှစ်ပတ်လည်မဂ္ဂဇင်းလေးလိုချင်တယ်ဆိုရင် ဒီနေရာ လေးမှာရယူနိုင်ပါသည် ..
အစားစားပြီးရင် ရေအေးအေးသောက်သင့်သလားဆိုတာ ..?
ကျွန်တော့် ဒီပို့စ်လေးကိုတင်မယ် တင်မယ်နဲ့ မတင်ဖြစ်လို့ဗျာ ..ဆေးပညာဂျာနယ်ထဲက ဖတ်မိတဲ့ ဗဟုသုတလေးတစ်ခုပါ .မြန်မာတွေရဲ့ အလေ့အကျင့်တစ်ခုရှိပါတယ် ..ထမင်းစားပြီးတဲ့အခါ မှာပဲဖြစ်ဖြစ် တစ်ခုခုစားပြီးတဲ့အခါမှာပဲဖြစ်ဖြစ် ရေသောက်လေ့ရှိကြပါတယ် ..အဲဒါဟာ ကျန်းမာရေးအတွက် ထိခိုက်စေပါတယ် ..အဲဒီအကြောင်းလေးကိုအောက်မှာရှင်းပြထားပါတယ် ..
> HI Friends,
>ဟိုင်း သူငယ်ချင်းတို့
> Drinking Cold water after Meal = Cancer!
> အစာစားပြီးတဲ့ နောက် ရေအေးအေးသောက်ခြင်းဟာ ကင်ဆာဖြစ်စေနိုင်ပါတယ်.
> For those who like to drink cold water, this article is applicable to you.
>ရေအေးအေး ကြိုက်နှစ်သက်တဲ့သူတွေ အတွက် လုံးဝသက်ဆိုင်နေပါတယ်.
> It is nice to have a cup of cold drink after a meal.
>အစာစားပြီးတဲ့နောက် ရေအေးအေးတစ်ခွက်သောက်လိုက်ရခြင်းဟာ တကယ်ကောင်းပါတယ်.
> However, the cold water will solidify the oily stuff that you have just consumed.
>ဒါပေမယ့် ရေအေးဟာ မင်းစားလိုက်တဲ့ အဆီပါတဲ့ အစာတွေကို ခဲသွားစေပါတယ်.
> It will slow down the digestion.
> ပြီးတော့ အစာချေမှုကိုလည်း နှေးကွေးစေပါတယ်.
> Once this "sludge" reacted with the acid, it will break down and be absorbed by the intestine faster than the solid food.
> နောက်တစ်ခါ အဆီခဲတွေဟာ ကိုယ်အတွင်းမှ အက်ဆစ်နဲ့ ဓါတ်ပြုမှုများဖြစ်ပေါ်ပြီး အူတွေရဲ့ စုပ်ယူမှုကို အစာမာတွေထက် ပိုမိုလျင်မြန်စွာ ခံရပါမယ်.
> It will line the intestine.
> ပြီးနောက် အူတွေထဲကို ရောက်ရှိသွားပါတယ်.
> Very soon, this will turn into fats and lead to cancer.
> သိပ်မကြာခင်မှာ အဆီများအဖြစ် လုံးဝ ပြောင်းလဲပြီး ကင်ဆာဖြစ်ဖို့ ဦးတည်သွားပါတော့တယ်.
> It is best to drink hot soup or warm after a meal.
> ဒါကြောင့် အစာစားပြီးနောက် စွပ်ပြုတ်ပူပူ တစ်ခွက် ဒါမှမဟုတ် ရေနွေးတစ်ခွက် သောက်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်.
လေးစားစွာဖြင့် မိုက်ခဲလေး
*သင့် ပတ်ဝန်းကျင်မှ လူများကိုလည်း သင့်လိုပဲသိအောင် ပြောပြပေးစေလိုပါသည်.*

USB strick ကို Format ချပြီး အသုံးပြုမယ်
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး … Virus ကိုက်သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။ အောက်ကနည်းလေးကတော့ …….
USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။
၁။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား … ။
၂။ အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။ အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ပါ..ရောက်ရင် ညဘာက်မှာ.. Device Drive ဆိုတာလေး တွေ့ပါမယ် … အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drivve ကို တွေ့ပါလိမ့်မယ် .. ။
၃။ တွေ့ပြီဆိုရင် USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် .. “Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။ အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။
၎။ ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။
၅။ အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် … ။
ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ပြီးသွားပါပြီ .. ။

Monday, February 23, 2009
Software လေးနဲ့ Math ပုစ္ဆာတွေကို ဖြေရှင်းကြမယ်
ကျွန်တော် ဒီနေ့အင်တာနက်ထဲမှာ လျှောက်ကြည့်ရင်းနဲ့ ဒီ software လေးကိုတွေ့လို့တင်ပေးလိုက်တာပါ ..ခက်ခဲတဲ့ Math ပုစ္ဆာတွေ Drawing တွေ ကိုတွက်ချက်ခိုင်းလို့ရပါတယ်..ကျွန်တော်သုံးကြည့်တာကတော့ တော်တော်အဆင်ပြေတယ်..သုံးကြည့်လိုက်ပါအုံး ..
Sunday, February 22, 2009
Kaspersky key
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆီကနေ Kaspersky key အသစ်တွေထပ်ရလို့တင်ပေးလိုက်တာပါခင်ဗျာ..
Kaspersky all version အတွက် key တွေပါ..
kav8 အတွက် key အသစ်တွေပါ..
kis8 အတွက် key အသစ်တွေပါ..
**ဇာနည်ကိုကျေးဇူးတင်ပါတယ်..
Kaspersky all version အတွက် key တွေပါ..
kav8 အတွက် key အသစ်တွေပါ..
kis8 အတွက် key အသစ်တွေပါ..
**ဇာနည်ကိုကျေးဇူးတင်ပါတယ်..
Counrty_Codes_2.7
ဒီ Software လေးက နိုင်ငံအသီးသီးရဲ့ country code , ph code တွေရှာတဲ့ ဆော့ဝဲလေးပါ.Country Codes တွေအပြင် အခြားအသုံးဝင်မယ့် အချက်အလက်တွေပါ(International Times, Latitude, Dialing Codes, etc...) ကြည့်နိုင်ပါတယ်။ Install လုပ်စရာလည်းမလိုပါဘူး။
AV.Voice.Changer.Diamond.v5.5.24
AVVoiceChanger နဲ့ အသံလေးတွေ ပြောင်းနိုင်ပါတယ်...
ယောကျာင်္းလေးကနေ မိန်းကလေးအသံ.. မိန်းကလေးကနေ ယောကျာင်္းလေးအသံ ပြောင်းနိုင်ပါတယ်.... နားထောင်နေတဲ့ သီချင်းကိုလည်းပြောင်းနိုင်ပါတယ်..
အင်တာနက်မှာ စကားပြောရင်လည်းပြောင်းနိုင်ပါတယ်....စလို့နောက်လို့ အလွန်ကောင်းပါတယ်... စမ်းသုံးကြည့်ပါခင်ဗျာ....

Login skin လေးကိုမိမိစိတ်ကြိုက်လုပ်ကြည့်ရအောင်(with software)
Window XP Login Screen ကို မိမိစိတ်ကြိုက် အထက်ပါအတိုင်း ပြောင်းလဲနိုင်ပါတယ်။Tune up နဲ့လဲပြောင်းလို့ရပါတယ်..ဒါပေမယ့် Tune up မှာပုံလေးတွေကသိပ်မစုံပါဘူး.ခု Software လေးနဲ့စမ်းကြည့်လိုက်ပါ..ကဲလုပ်ကြည့်လိုက်ရအောင်.ပထမဆုံး Software လေးကို download ချရပါမယ် ။ Net Framework လဲလိုပါတယ်..မရှိရင် ဒီမှာ ယူလိုက်ပါ.. Download ချပြီးပါက install လုပ်ပါ။ run လိုက်ပါက ဒီပုံလေး ရပါမယ် ။
ပြီးရင် မိမိစိတ်ကြိုက်လိုချင်သော Login Screen Design ကို www.themexp.org မှာdownload ယူနိုင်ပါတယ် ။
categories-->XP Logins မှာ download ယူပါ ။
ရရှိသော setup file ကို install လုပ်လိုက်ပါ ။
install လုပ်ရင် Extract လုပ်မဲ့နေရာကိုတောင်းပါလိမ့်မယ် ။
Extract to--> Local Disk(C)--> Windows-->Resoures-->Themes-->Yes to All
ပြီးရင် OK ပေးလိုက်ပါ ။ zip file ကိုပိတ်လို့ ရပါပြီး ။
အဲဒီနောက် စောစောက install လုပ်ထားတဲ့ Logon Loader ကိုပြန်ခေါ်ပါ။
Tasks မှာ Select a logon screen ကို နှိပ်ပါ ။
Select a Logonscreen-->LocalDisk(C)-->Windows-->
Resoures-->Themes-->မိမိ ရွေးထားသော screen design setup file-->open
အဲဒါဆို လှပတဲ့ Login Screen ကိုရပါပြီး ။
Registry ဆိုတာဘာလဲ ?
ကျွန်တော့် Guardian ကိုရုပ်ဆိုးပေးတဲ့ ဆရာဇော်လင်းရဲ့ A+ စာအုပ်ကိုဖတ်နေရင်းနဲ့ Registry အကြောင်းလေးဖတ်မိလို့တင်ပေးလိုက်တာပါ ..Registry ဆိုတာ ကွန်ပျူတာမှ ရှိတဲ့ နေရာမှန်သမျှကို သိမ်းဆည်းပေးထားတာပါ.ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င် Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။
၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၎။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA
HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။
HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။
HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့ အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။
HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အကြောင်းအရာကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့ Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values တွေကို သိမ်းထားပါတယ်။
HKEY-CURRENT-CONFIG
HKEY_CURRENT_CONFIG ဆိုတာလက်တလော CONFIG လုပ်ထားတဲ့ဟာတွေကိုသိမ်းထားတာပါ။ သူထဲမှာsoftware & systemဆိုပြီးနှစ်မျိုးရှိပါတယ်။
HKEY-DYN-DATA
သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။
(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။ အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။)
**ဆရာဇော်လင်းရဲ့ A+ စာအုပ်မှ ပြန်လည် မျှဝေပါသည်

Saturday, February 21, 2009
SIW(System Information for Windows)
ကျွန်တော့်အစ်ကိုကြီး ကိုရဲသူ(KSTU) ဆီကရထားတဲ့ Portable Software လေးပါ .ဒီ Software လေးက PC က Motherboard,BIOS,CPU,devices,memory,video,drivers,ports,printers စတဲ့ system တွေရဲ့ 
Details တွေကိုကြည့်နိုင်သလိုလက်ရှိအသုံးပြုနေတဲ့ memory,pagefile useage,network con-
Nections,network traffic,CPU useage စတာတွေကိုပါကြည့်လို့ ရပါတယ်။ Win95/98/ME/NT/2K/
XP/Vista တို့ မှာ Support လုပ်ပါတယ်.စိတ်ဝင်စားရင်တော့အောက်မှာဒေါင်းနိုင်ပါတယ်။
တကယ်လို့ softwareလေးမသုံးပဲ မိမိ PC မှာ System information တွေရဲ့ detailsတွေကို
အကြမ်းဖျင်းကြည့်မယ်ဆိုရင်တော့ Start menu-->Run(Windowkey+R)-->cmdရိုက်ပါ။Command prompt windowအနက်ရောင် Screenမှာcursorလေးမှိတ်တုတ်မှိတ်တုတ်နဲ့ တက်လာပါမယ်။တက်လာရင်cursorနေရာမှာ”systeminfo”
လို့ ရိုက်enterခေါက်။Detailsတွေတန်းစီကျလာပါလိမ့်မယ်။command promptကထွက်လို့ မရရင်”exit”
လို့ ရိုက်enterခေါက်ပြီးထွက်ပါ။ကိုရဲသူ(KSTU) အားကျေးဇူးတင်ပါသည်..

Window XP Dark Edition
Window XP Dark Edition မှာ Version (၇) ခုပါဝင်ပါတယ် ..သုံးရတာလဲအဆင်ပြေပါတယ်.
၁.Original Version (F1)
၂.SATA/RAID Driver Version (F2)
၃.All Driver (Without SATA/RAID)Version (F3)
၎.All Driver Version (F4)
၅.Full Option Version (F5)
၆.Repair Version (F6)
၇.Repair Version (SATA/RAID Driver)(F7)

Co.cc Domain Name ကို Blogger တွင်အသုံးပြုခြင်း
ကျွန်တော့် Blog Domain name ကိုပြောင်းတုန်းက ခုလိုမသိလို့တော်တော် ဒုက္ခရောက်ခဲ့တယ်ဗျ ..သူငယ်ချင်းတို့လဲ ကျွန်တော့်လို မဖြစ်အောင် ဒီပို့လေးကို တင်လိုက်တာပါ .Co.cc domain name ကို Blogger မှာသုံးမယ်ဆိုရင် အရင်ဆုံး http://www.co.cc က Free Domain မှာ account မရှိသေးရင် sign up လုပ် ရှိရင် sign in လုပ်လိုက်ပါ ..ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့ www.yourname.co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ..
ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။”setup–>Manage domain” Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ် .. ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ် ..TTL ဆိုတဲ့ နေရာမှာ 1D ကိုရွေးပါ ..Type မှာ CNAME ကိုရွေးပေးပါ .Value မှာတော့ “ghs.google.com” ကိုထည့်ပေးပါ .ပြီးရင်တော့ Setup ကိုနှိပ်လိုက်ပါ ..
CNAME လုပ်ပြီးရင် A record ကို ထပ်ထည့်ပေးမယ် ဒါမှ url မှာ www မရိုက်မိလဲ ၀င်လို့ရမှာဖြစ်ပါတယ် ..
A record ၃ခု ထည့်ပေးပြီးရင် အောက်ကပုံလေးအတိုင်းမြင်ရပါမယ်..
အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်းပဲကျန်ပါတော့တယ်.Blogger က ကိုယ့် Dashboard ကိုမရောက်သေးရင် လဲ ၀င်လိုက်ပါ
ရောက်ပြီဆိုရင်တော့
#Setting=>Publishing ကိုသွားပြီး
#အဲဒီမှာ “Switch to: • Custom Domain ကိုရွေးလိုက်ပါ..
#”Already own a domain? Switch to advanced settings” မှာclick လိုက်ပါ..
်ပေါ်လာတဲ့ အကွက်ကလေးထဲမှာ ခုဏက setup လုပ်လာတဲ့ domain ကို ရိုက်ပဲထည့်ထည့် copy/paste ပဲလုပ်လုပ် ကြိုက်သလိုသာလုပ်လိုက်ပါ..ပီးရင်တော့Save Setting ကိုနှိပ်လိုက်ပါ ..
၄၈ နာရီအတွင်း Domain အသစ်ပြောင်းပြီးဖြစ်သွားမှာပါ။ကျွန်တော့်တုန်းက တော့ ပထမ account နဲ့မရလို့နောက်ထပ်လုပ်ရပါတယ်..နောက်တစ်ခုကျတော့ ၄၈ နာရီတောင်မစောင့်ရပါဘူး ..ခနလေးနဲ့အဆင်ပြေသွားပါတယ် ..
မှတ်ချက် ။ http://mmwordpress.com မှ ပြန်လည်မျှဝေပါသည် .